ရှမ်းပြည်နယ် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက (အွန်လိုင်းငွေလိမ်ဂိုဏ်း) ကျားဖြန့်လုပ်ကိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့စစ်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မူဆယ်မြို့ ဟိုနားရပ်ကွက် နယ်မြေ ၂ အတွင်း အခွန်မပေးတဲ့ ကျားဖြန့်လုပ်ကိုင်သူတွေကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးရာမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ် ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ 

မူဆယ်မြို့အတွင်း စစ်ကောင်စီတပ်ကို အခွန်ပေးဆောင်ပြီး ကျားဖြန့်၊ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာရုံတွေကို ပြည်သူ့စစ်တွေက လုပ်ဆောင်လျက်ရှိရာ အခွန်မပေးတဲ့ လုပ်ငန်းတွေကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးလေ့ရှိရာ မကြာခဏ အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်ပွားလေ့ရှိတယ်လို့  သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားအလောင်း ၁၀ ယောက်နှင့် သေနတ် ၁၁ လက်၊ ၆၀ မမ ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ သရော်ကုန်ရွာဘုန်းကြီးကျောင်းကနေ အင်အား ၇၀ ခန့်နဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၇ ရက်မှာ တော်လှန်ရေးတပ်တွေ ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ထံက သိရပါတယ်။
Read More

ဆောမြို့နယ်မှာ စာသင်ကျောင်း ဗုံးကြဲခံရ၊ (၈)နှစ်အရွယ် ကလေးငယ်အပါ ပြည်သူ ၄ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် အညာကတင်းကျေးရွာစာသင်ကျောင်းကို မေလ ၁ ရက် မနေ့က မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် (၈)နှစ်အရွယ် ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသမီး ၄ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

၈ လကျော်ကြာ မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီး အိမ်ပြန်လာကြသည့် ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကို ၈ လကျော်ကြာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်မြင်မှုနဲ့အတူ ပြန်လာတဲ့ ပခုက္ကူခရိုင်အမှတ် ၁၀ တပ်ရင်းရဲဘော်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်လက်ထက် ကုန်စျေးနှုန်းကြီးမြင့်မှုကို ပါတီအနိုင်ရပါက ဖြေရှင်းပေးမည်ဟု USDP မဲဆွယ် (ရုပ်/သံ)

စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ဖြစ်ပေါ်နေတဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုကို ပါတီအနိုင်ရရင် ဖြေရှင်းပေးမယ်လို့ USDP ကျောက်တန်းမြို့နယ် ကိုယ်စားလှယ်က ပြောဆိုမဲဆွယ်ခဲ့ပါတယ်။
Read More

မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်း စစ်ဆေးရေးဂိတ်ကို ပြောက်ကျားဝင်ရောက်ပစ်ခတ်မှု စစ်သား ၃ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ ၁၅ တပ်ရင်း စစ်ဆေးရေးဂိတ်ကို မတ်လ ၁၇ ရက် မနေ့ညပိုင်းမှာ တော်လှန်ရေးတပ်တွေ ပြောက်ကျားဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့ထံက သိရပါတယ်။
Read More

ရေးမြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်တပ် ဗိုလ်ကြီး ၁ ဦး အပါ ၁၂ ဦး သေ (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်ရှင်တပ်ကိုတိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က သတင်းထုတ်ပြန်ပါတယ်။