ပဲခူးတိုင်း၊ ရွှေကျင်-ညောင်လေးပင် လမ်းပေါ်မှာ ဖမ်းဆီးရမိတဲ့ ခလရ(၅၇) တပ်ရင်း ဗိုလ်ကြီး ညီညီအောင်နဲ့ သတင်းပေးဆိုသူတို့ကို အရေးယူနိုင်ဖို့ KNU  ထံလွှဲပြောင်းပေးအပ်လိုက်ကြောင်း ပဲခူးခရိုင်၊ အမှတ်-၃ ၊ PDF တပ်ရင်း ၃၇၀၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၉ရက်နေ့က ရွှေကျင်အခြေစိုက် ခမရ ၅၇ တပ်ရင်းကနေ တောင်ငူစစ်ဌာနချုပ်ကို အရပ်ဝတ်နဲ့ လာတဲ့ တပ်ရင်း ဗိုလ်ကြီးညီညီအောင်နဲ့ စစ်တပ်သတင်းပေး ပြည့်ဖြိုးအောင် ဆိုသူတို့ကို တော်လှန်ရေးရဲဘော်တွေက အရှင်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုအရေးယူနိုင်ဖို့ KNU တပ်မဟာ ၃ ၊ KNLA တပ်ရင်း ၇ ထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။

အရှင်ဖမ်းမိထားတဲ့ ဗိုလ်ကြီး ညီညီအောင်

“ညီညီအောင် တောင်စစ်ရုံးကို ကားနဲ့လာတဲ့အချိန် ရွှေကျင်- ညောင်လေးပင်ကားလမ်းပေါ်မှာရှောင်တခင် စစ်ဆေးရင်း မိတာပါ။ သူက ၃ပွင့်နဲ့ပါ။ သူနဲ့အတူ တော်လှန်ရေးသတင်းတွေ စုံစမ်းပြီး စကစကို လက်ထောက်ချနေတဲ့ ပြည့်ဖြိုးအောင်ဆိုတဲ့ တစ်ယောက်ကိုပါ ဖမ်းမိခဲ့ပါတယ်။” လို့ ပဲခူးခရိုင်၊ အမှတ်-၃ ၊ PDF တပ်ရင်း ၃၇၀၃ တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

အသက် ၂၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ ညီညီအောင်ဟာ ပြင်ဦးလွင်၊ DSA အပတ်စဥ် (၅၈) ဆင်းဖြစ်ပြီး ခလရ ၅၇တပ်ရင်းမှာ တာဝန်ကျနေခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် အာဏာသိမ်းကာလအတွင်း ရွှေကျင်ရှမ်းရွာဂိတ်စစ်ဆေးရေးဂိတ်မှာထိုင်ရင်း အရပ်သားပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊  ဈေးဝယ်ဆိုင်ကယ်တွေဆီက မတရားငွေကောက်တာတွေအပြင် တော်လှန်ရေးသမားတွေကိုဖမ်းဆီးသတ်ဖြတ်တာ၊ ရွာတွေမီးရှို့တာနဲ့ စစ်မှုထမ်းအတွက် အတင်းအဓမ္မ လူသစ်ဆောင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။

အရှင်ဖမ်းမိထားတဲ့ ဗိုလ်ကြီး ညီညီအောင်

“သူက KNU နဲ့ တော်လှန်ရေးအဖွဲ့တွေကိုအကြမ်းဖက်သမားလို့မြင်ပြီး  စစ်တပ်ကိုတိုင်းပြည်ကာကွယ်သူလို့မြင်ကြောင်း ထွက်ဆိုပါတယ်။ ဒါကြောင့်သူကို KNU ထံ ဒီဇင်ဘာ ၁၀ရက်နေ့မှာ လွှဲပြောင်းပေးခဲ့ပါတယ်။” လို့ ပဲခူးခရိုင်၊ အမှတ်-၃ ၊ PDF တပ်ရင်း ၃၇၀၃ တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

0 Shares:
You May Also Like
Read More

ဆက်ကြေးကောက်ရန် ထွက်လာသည့် တောပုရွာ ပျူစောထီးများ မိုင်းဆွဲခံရ၊ ၁ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

တော်လှန်ရေး လိုအပ်ချက်ကို ဖြည့်ပေးရင်း ဆေးမှူးဖြစ်လာခဲ့သူ ရဲဘော် Lightning ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံး

ပဲခူး - ရန်ကုန် လမ်းပိုင်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ Southern Eagle PDF တပ်ရင်းက ဆေးမှူး ရဲဘော် Lightning ဟာ တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းတာဝန် ကျေပွန်သူများကို ပြည်ပအလုပ်အကိုင် ရှာပေးမည်ဟု စစ်ကော်မရှင် ပြော

စစ်မှုထမ်းတာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့သူတွေကို ပြည်ပနိုင်ငံတွေ သွားရောက်အလုပ်လုပ်ချင်ရင် အလုပ်အကိုင်ရှာပေးမယ်လို့ အာဏာသိမ်း စစ်ကော်မရှင်က ပြောဆိုလိုက်ပါတယ်။
Read More

NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့က ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ ဖေဖော်ဝါရီ ၉ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်ဦးတွင် စစ်ကြောင်းဆုတ်လာသည့် အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်၊ ၁၅ ဦးသေပြီး အများအပြား ဒဏ်ရာရ…

" ၁၁ရက်နေ့က ကျနော်တို့နဲ့ ထိတွေ့မှု့ဖြစ်ပြီး သူတို့ ပြင်းဒိုင်းမှာ ညအိပ်တယ်။ နောက်နေ့ကျ ပြန်ဆုတ်ပြီး ၁၃ရက်နေ့ကျ တောင်ဇင်းရဲစခန်းကနေပြန်ဝင်လာတယ်။ ၁၄ရက်နေ့ကျ တောင်ဇင်းကိုပြန်ဆုတ်တယ်ပေါ့။ အဲ့မှာ ကျနော်တို့က လမ်းကနေဖြတ်တိုက်ခဲ့တာပါ။" လို့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူကမောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားများ ပြည်သူလူထုကို ကျန်းမာ‌ရေးစောင့်ရှောက်မှုပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ပကဖ ဆေးတပ်သားတွေဟာ ပြည်သူတွေကို ကျန်းမာ‌ရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။