စစ်ကောင်စီဟာ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ သူတို့ ထုတ်လုပ်ထားတယ်ဆိုတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စီး အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ရဟက်ယာဉ်နဲ့ တိုက်လေယာဉ် ၈စီး ဆုံးရှုံးပြီးနောက် စစ်ကောင်စီက အခုလို ဖြည့်တင်းမှုတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

MTX-1A လေယာဥ်ကို ၂၀၂၁ ခုနှစ်၊ မတ် ၂၅ ရက်မှာ အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပြီး Turboprop အင်ဂျင်နဲ့ Glass Cockpit System တို့တပ်ဆင်ထားကာ MTX-1B လေယာဉ်ကိုတော့ ၂၀၂၄ ခုနှစ်၊ မတ်လမှာ စမ်းသပ်ပျံသန်းမှု အောင်မြင်စွာပြီးစီးခဲ့တယ်လို့ ဆိုထားပါတယ်။ 

စစ်ကောင်စီရဲ့ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ လေယာဉ်တွေ တပ်တော်ဝင်ခဲ့စဉ်
စစ်ကောင်စီရဲ့ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ လေယာဉ်တွေ တပ်တော်ဝင်ခဲ့စဉ်
စစ်ကောင်စီရဲ့ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ လေယာဉ်တွေ တပ်တော်ဝင်ခဲ့စဉ်

အခုလို စစ်ကောင်စီထုတ်လုပ်ခဲ့တဲ့ MTX-1A လေယာဥ်နဲ့  MTX-1B လေယာဉ်ရဲ့ အသုံးဝင်ပုံတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီထံကနေ သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်တွေရဲ့ အသုံးဝင်ပုံနဲ့ ဆက်စပ်အကြောင်းအရာတွေကို မျှဝေလေ့ရှိတဲ့  Tactical Raptor 2.0 ကို မောင်းကနေ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ 

“MTX-1A နဲ့ 1B အကြောင်းက သေချာပြောနိုင်ဖို့ ကိုးကားစရာ အချက်အလက်တော့ များများစားစား မရှိသေးဘူး။ MTX-1A ကတော့ တရုတ်ရဲ့ PT-6A အမောင်းသင်လေယာဉ်ကို ကူးယူပြီး ထုတ်လုပ်ထားတယ်လို့ ယူဆထားကြပါတယ်။ 1B ကတော့ ပြောရခက်သေးပါတယ်”

“ဒီလေယာဉ်တွေက basic trainer  အခြေခံအဆင့် အမောင်းသင် လေယာဉ်မျိုးသာဖြစ်လို့ နည်းပညာ မြင့်မြင့်မားမား မပါဝင်ပါဘူး။ ကင်းထောက်လေယာဉ်လို့ စစ်ကောင်စီကနေ နာမည်တပ်ထားပေမယ့် ကင်းထောက်ဖို့အတွက် ကင်မရာ၊ ဆင်ဆာ၊ ရေဒါတွေ ပါဝင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အမောင်းသင်တာအပြင် ထူးထူးခြားခြား အသုံးဝင်မယ့် လေယာဉ်တွေ မဟုတ်ဘူး ယူဆရပါတယ်” လို့ Tactical Raptor 2.0 ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။ 

စစ်ကောင်စီက MTX-1A လေယာဥ်နဲ့  MTX-1B လေယာဉ်တွေအပြင် Mi 17 ထောက်ပို့ရဟတ်ယာဉ် ၃ စီး၊ FTC-2000 G တိုက်လေယာဉ် ၃ စီး (လေယာဉ်အမှတ် 1413 ၊ 1411 ၊ 1407 ) ၊ K-8W တိုက်လေယာဉ် ၁ စီး (လေယာဉ်အမှတ် 3941) ၊ Y 8 ထောက်ပို့လေယာဉ် ၁ စီး (လေယာဉ်အမှတ် 5922) တို့ကိုလည်း အင်အားဖြည့်တင်း တပ်တော်ဝင်ခဲ့တယ်လို့ သိရပါတယ်။ 

အထက်ပါ တာဝန်ရှိသူကပဲ ဆက်လက်ပြီး “FTC 2000G တိုက်လေယာဉ်တွေဆိုရင် စစ်ကောင်စီ နေ့စဉ်လုပ်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ Mi-17 ဆိုရင် သူ့တပ်ဖွဲ့‌ဝင်တွေအတွက် သယ်ယူပို့ဆောင်ရေး‌တွေ၊ ဒါတွေမှာ အသုံးဝင်ပါတယ်” လို့ ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မူးမြို့နယ်အတွင်း စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးကာ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကပစ (၆) နှင့် ၁၀ မိုင်သာ ကွာဝေးသည့် ညောင်ကျိုးတိုက်ပွဲ အပြင်းထန်ဆုံးအခြေအနေ ရောက်ရှိနေ၊ စစ်ကောင်စီ ဒုတပ်ရင်းမှူး သေဆုံးသွား

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) ကနေ ထိုးစစ်ဆင်တိုက်ပွဲဖြစ်ပွားလျက်ရှိရာ တိုက်ပွဲမှာ အပြင်းထန်ဆုံးအခြေအနေကို ရောက်ရှိနေပြီး စစ်တပ်ဘက်မှာ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇော်ဟိန်း သေဆုံးထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြိတ်-ထားဝယ်ခရိုင်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ်ကို KNDO ဆီးကြိုတိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးပြီး အများအပြား ဒဏ်ရာရ၊ စစ်သား ၁ ဦး KNDO ထံ လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကား ၁ စီး ပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

၅၉၈ တပ်ရင်းအနီး ဘန်ကာတွေဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၂ဦးသေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကွင်းဆိပ် နဲ့ ဝင်းကံရွာကြားရှိ အမှတ် ၅၉၈ တပ်ရင်းနားမှာ ဘန်ကာတွေတည်ဆောက်ပြီး ခံစစ်ပြင်နေတဲ့ စစ်အုပ်စု ပစ်ခတ်ခဲ့ရတဲ့အတွက် စစ်သား ၂ဦး သေဆုံးသွားတယ်လို့ Bago District People’s Defense Organization - ပဲခူးခရိုင် ပကဖ ဆီက သိရပါတယ်။
Read More

ကလေးမြို့နယ်တိုက်ပွဲအတွင်း CDF – KKG တပ်ဖွဲ့မှ တပ်စိတ်မှူး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တိုက်ပွဲအတွင်း Chinland Defense Force , Kalay - Kabaw - Gangaw တပ်ဖွဲ့က တပ်စိတ်မှူးတစ်ယောက် ကျဆုံးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ချောက်မှာ အကြမ်းဖက်စစ်တပ်က မြေပြင်ဝေဟင် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလို့ အရပ်သား ၂သောင်းကျော် ထွက်ပြေးနေရ၊ တိုက်ပွဲအတွင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ပေတ ကျဆုံးခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံးကာ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ၃ ရက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။