ရှမ်းမြောက်က မိုင်းကိုင်ဒေသမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၃ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က မနေ့က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

မိုင်းကိုင်မြို့နယ် တုံလောရွာအနီးမှာ လှုပ်ရှားနေတဲ့ SSPP စစ်ယာဉ်တန်းကို ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်မှာ RCSS က မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အပြင် ဒေသခံတွေ မောင်းနှင်လာတဲ့ ကားတစ်စီးကိုလည်း ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တာလို့ SSPP က ဖော်ပြလာပါတယ်။

နောင်လျှော်ရွာက အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာမ မိုင်းထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပြီး သူရဲ့ တစ်နှစ်ကျော်အရွယ်  သမီးတစ်ယောက်နဲ့ သုံးလသားအရွယ် ကလေးတစ်ယောက် ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ မပါဝင်ခဲ့တဲ့ RCSS နဲ့ SSPP တို့ဟာ နိုဝင်ဘာလဆန်းပိုင်းကစတင်ကာ ထိတွေ့ တိုက်ပွဲတချို့ဖြစ်ပွါးလျက်ရှိနေပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ မကြာခဏထိခိုက် သေဆုံးနေရတာပဲ ဖြစ်ပါတယ်။

စစ်ရေးလှုပ်ရှားမှု၊ နယ်မြေအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး မကြာခဏ တစ်ဖက်နဲ့တစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်သလို မိုင်းဆွဲတိုက်ခိုက်မှုတချို့လည်း ဖြစ်ပွါးလျက်ရှိပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ပူးပေါင်းရေးအတွက် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း သဘောတူညီချက်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ရေးထိုးခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၄ ခုနှစ်အစောပိုင်းမှာတော့ အပြန်အလှန်ထိတွေ့တိုက်ပွဲအချို့ ဖြစ်ပွားနေပြီး တစ်ဖက်နဲ့ တစ်ဖက်ထုတ်ပြန်ချက်တွေ ထုတ်ပြန်ကာ စွပ်စွဲပြစ်တင်မှုတွေ လုပ်ဆောင်လျက်ရှိနေတာ ဖြစ်ပါတယ်။

RCSS နဲ့ SSPP ဟာ ရှမ်းမြောက်က မြို့တချို့ကို ထိန်းချုပ်ထားပြီး စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအချို့မှာလည်း ပါဝင်လျက်ရှိကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးမှာ သူတို့အနေနဲ့ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောကြားထားမှုတချို့ လည်း ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်တိုက်ပွဲများအတွင်း စစ်မှုထမ်းတပ်သားသစ်များ ထိခိုက်သေဆုံးမှု များပြားနေ၊ အကြမ်းဖက်စစ်တပ်မှ အတင်းအဓမ္မစုဆောင်း၍ သင်တန်းအမြန်ပေးကာ ရှေ့တန်းသို့ စေလွှတ်နေ

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်တွင်းတိုက်ပွဲတွေမှာ စစ်မှုထမ်းတပ်သားသစ်တွေ ထိခိုက်သေဆုံးမှုတွေ များပြားနေတာကြောင့် စစ်မှုထမ်းတပ်သားသစ်တွေကို အတင်းအဓမ္မ ဆက်လက်စုဆောင်းပြီး သင်တန်းအမြန်ပေးကာ ရှေ့တန်းကို စေလွှတ်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

စစ်တပ် နိုင်ငံရေးက ထွက်မယ်ဆိုတဲ့ ကတိရမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ CNF ပြော

စစ်ကောင်စီ နိုင်ငံရေးကထွက်မယ်ဆိုတဲ့ ကတိအပါအ၀င် အချက် ငါးချက်နဲ့ စဉ်းစားပြီးမှသာ တွေ့ဆုံရေးလမ်းကြောင်းကို ဦးတည်မယ်လို့  ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဋ္ဌ ၂ ဒေါက်တာ ရွှေခါး က ပြောပါတယ်။
Read More

စစ်ကောင်စီ အသက်သွေးကြောတစ်ခုဖြစ်သည့် ကပစစက်ရုံများ၏ တာဝန်ရှိသူများ စာရင်းကို တမာအင်စတီကျု ထုတ်ပြန် 

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေရဲ့ နောက်ကွယ်က အဓိက တာဝန်ရှိသူတွေကို တမာအင်စတီကျု ကနေပြီး “သေနတ်များနောက်ကွယ်မှ သွေးစွန်းလက်များ၊ မြန်မာစစ်တပ်၏ လက်နက်ထုတ်သူများအား ဖော်ထုတ်ခြင်း” အမည်နဲ့ သုတေသနအစီရင်ခံစာ တစ်စောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။ 
Read More

Spring Warriors Column က စိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ရိုးမဗျူဟာ ၄ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ ၊ Spring Warriors Column က တပ်ရင်းစိုးမိုးနယ်မြေအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ငွေအချို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထီးထဗျူဟာစခန်း စခန်းသိမ်းအောင်ပွဲအကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ထုတ်ပြန်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ မှားယွင်းအောင် လူမှုကွန်ရက်နဲ့ မီဒီယာတွေက လုပ်ဆောင်နေတယ်လို့ မင်းအောင်လှိုင် စွပ်စွဲ 

လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေကို မှားယွင်းအောင် လူမှုကွန်ရက်နဲ့ မီဒီယာတွေက ဖန်တီးလုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။