ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး – KNU ဌာနချုပ်ဟောင်း မာနယ်ပလောက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KNU တပ်မဟာ ၇ နယ်မြေ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

KNU တပ်မဟာ ၇ နယ်မြေ၊ KNU ဌာနချုပ်ဟောင်း မာနယ်ပလောဒေသက အကြမ်းဖက်စစ်ကောင်စီရဲ့ ပွိုင့် ၉၁၃ နို့ဒေးတပ်စခန်းကို ဒီဇင်ဘာလ ၁၆ ရက် မနေ့က မနက်ပိုင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ၄ လုံး၊ ၂ ကြိမ်လာရောက် ကြဲချပစ်ကူခဲ့ရာ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ကျဆုံးသူရှိခဲ့တယ်လို့ သိရပါတယ်။

မာနယ်ပလောနယ်မြေမှာ ပွိုင့် ၉၁၃ နို့ဒေးစခန်း၊ ကဆောဝါးလေးစခန်း၊ မြောက်ကုန်းစခန်း၊ သဒေါ့ဝါး လေးစခန်း၊ ကယ်ဂေါ်ကျိုးစခန်း၊ ဖူးလောကုန်းစခန်းတို့ကို ရှိရာ KNLA ပူးပေါင်းတပ်က ၂၀၂၃ ခုနှစ်မှာ စတင်ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး ပွိုင့် ၉၁၃ နို့ဒေးစခန်းကလွဲလို့ ကျန်တဲ့စခန်းငါးခုကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မာနယ်ပလောနယ်မြေက နောက်ဆုံးကျန်နေတဲ့ ပွိုင့် ၉၁၃ နို့ဒေးစခန်းကို ဒီဇင်ဘာလ ၁၆ ရက် ညနေပိုင်းမှာ KNLA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မာနယ်ပလောနယ်မြေကို KNU က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ၁၉၉၂ ခုနှစ်မှာ မာနယ်ပလောနယ်မြေကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၉၉၅ ခုနှစ် ဇန်နဝါရီလမှာ KNU ဆီက သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ် သိမ်းပိုက်ထားတဲ့ မာနယ်ပလောရှိ KNU ဌာနချုပ်ဟောင်းကို KNLA ပူးပေါင်းတပ်တွေက နှစ်ပေါင်း ၃၀ နီးပါးအကြာမှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လတာမှာ အကြမ်းဖက်စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၅၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ငဖဲတွင် နှစ်လဆက် ထိတွေ့တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးခဲ့

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ထားပါတယ်။
Read More

မင်းတုန်းတွင် ပျူစောထီးတပ်ဖွဲ့ဝင် ၁ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ PDF ဖမ်းဆီးရမိ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်အားကိုးနဲ့ မူးယစ်ဆေး သယ်ယူရောင်းချနေတဲ့ ပျူစောထီး ၁ယောက်ကို WY မူးယစ်ဆေးတွေနဲ့ လက်ဝယ်ဖမ်းဆီးရမိခဲ့ကြောင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင် လှုပ်ခတ်

မန္တလေးတိုင်း၊ သာစည်မြို့အနီး ရစ်ချက်တာစကေး ၅.၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၃/၂၀၂၄) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်( ၃/၂၀၂၄) ရဲ့ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ 
Read More

BPLA မွေးနေ့အခမ်းအနားကို TRI ဗျူဟာမှူး တက်ရောက် ဂုဏ်ပြုစကားပြောကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ရဲ့ ဗျူဟာမှူးက အမှတ် (၃၀၈) အညာစစ်ဒေသရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ (၄) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။