ဧရာဝတီတိုင်းထဲက မြို့နယ် ၆ ခုမှာ အကြမ်းဖက်စစ်တပ်က ကင်းပုန်းဝပ်ပြီး ပေါ်တာဆွဲမှုတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ သတင်းပေးတဲ့ လူတချို့ကို မွေးထားပြီး ဝင်ရောက်ပေါ်တာဆွဲတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

လတ်တလော ပြောပြချက်တွေအရ အဲ့လိုမျိုး ပေါ်တာဆွဲမှုတွေကို ဖျာပုံ၊ ကျိုက်လတ်၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ ဘိုကလေးနဲ့ ညောင်တုန်းမြို့နယ်တွေမှာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“မနေ့ကဆို မအူပင်မြို့ အမှတ် ၈ရပ်ကွက်၊ အမှတ် ၆ ရပ်ကွက်နဲ့ အမှတ်၂ရပ်ကွက်တွေမှာ ပြောက်ကျားဝတ်စုံတွေနဲ့ ကင်းပုံးဝပ်နေကြတာ တွေ့တယ်။ ဘာထူးခြားလို့လဲ စုံစမ်းကြည့်တော့ စစ်သားစုဆောင်းဖို့လို့ သိရတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

“ညောင်တုန်းမြို့နယ်မှာလည်း ညနေ၅နာရီကျော်ရင် အပြင်မထွက်ကြဖို့ လူမှုကွန်ယက်တွေပေါ်မှာ သတိပေးမှုတွေ ရှိနေရတယ်။ မော်လမြိုင်ကျွန်းမြို့မှာလည်း ဒီရက်ထဲ အကြမ်းဖက်စစ်တပ်၊ ပြည်သူ့စစ်နဲ့ မီးသတ်တွေ ကင်းပုန်းဝပ်ပြီး ပေါ်တာဆွဲတာတွေ လုပ်နေတယ်” လို့လည်း မော်လမြိုင်ကျွန်းမြို့မှာ နေထိုင်သူတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီဟာ လက်ရှိ စစ်မှုထမ်း အပတ်စဉ် (၈) အတွက် တပ်သားသစ်အရေအတွက် မပြည့်မီသေးတာကြောင့် သင်တန်း မစတင်နိုင်သေးဘဲ ရှိနေပြီး နိုင်ငံအနှံ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းမှုတွေလည်း ပိုမိုဆိုးဝါးလာနေပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ AA ရဲ့ ထိုးစစ်တွေကို အလူးအလဲ ခံနေရတဲ့ စစ်ကောင်စီဟာ တိုက်ပွဲတွေ ထပ်မံနယ်ကျော်လာမှာကို ထိတ်လန့်ကြောက်ရွံ့ကာ ဧရာဝတီတိုင်းထဲက မြို့အဝင်အထွက်တွေမှာ  လုံခြုံရေးတင်းကြပ်တာ၊ ဖမ်းဆီးစစ်ဆေးတာတွေကို ပိုမိုလုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ ပိုင်ဆိုင်မှုများကို CDF ထန်တလန် ချိတ်ပိတ်သိမ်းဆည်း

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာမှုထန်ရဲ့ CDF ထန်တလန် ထိန်းချုပ်နယ်မြေအတွင်း ပိုင်ဆိုင်ထားတဲ့ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုအားလုံးကို တော်လှန်ရေးကာလအတွင်း ပြည်သူလူထုကိုယ်စား အပြီးတိုင် သိမ်းဆည်းလိုက်မယ်လို့ CDF ထန်တလန်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့မှာ “ကျွတ်မနေနဲ့ ကြုံး” စာတန်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ တော်လှန်ညီနောင် (၄) ဖွဲ့ ပူးပေါင်းပြီး အောက်တိုဘာလ (၁၆) ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နပခ ကနေ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို CDF- Asho က လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိ…

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်မှာ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိထားတယ်လို့ CDF- Asho က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းကို စစ်ကောင်စီ ရှေ့ဆင့်နောက်ဆင့် လေကြောင်းတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် အရပ်သား ၆ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ရန်ကုန်ပြောက်ကျားအဖွဲ့ YUPA ရဲဘော် ၂ ဦး အကြမ်းဖက်စစ်တပ်ထံ ဖမ်းဆီးခံထားရ

ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) တပ်ဖွဲ့ဝင် ရဲဘော် ၂ယောက် အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ အဆိုပါ တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် စစ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်အမှတ် (၄) တပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။