တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ် ၄ စီးကို ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖထံက သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက်က မြိတ်မြို့ကနေ လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ် ၄ စီးကို တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာအနီး မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီမြို့နယ်ပကဖဇုန်(၃) တနင်္သာရီရိုးမအဖွဲ့ တို့က စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဆီအုန်းကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက စက်ကလေးနဲ့ ပစ်ခတ်တဲ့အတွက် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စက်တပ်လေထီး ကြဲချပြီး မပေါက်ကွဲသေးသည့် ဗုံးသီးကို ပြည်သူများ မထိခိုက်စေရန် ဖယ်ရှားရှင်းလင်း (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ရဲ့ စက်တပ်လေထီးကနေ ကြဲချထားပြီး မပေါက်ကွဲသေးတဲ့ ဗုံးသီးကို ပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ ဖယ်ရှားရှင်းလင်းပေးခဲ့တယ်လို့ JOKER ပြောက်ကျားတပ်ဖွဲ့က ရုပ်သံမှတ်တမ်းဖိုင်နဲ့တကွ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

ပုလောမြို့နယ် ခလရ ၁၇ တပ်ရင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၃ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အခြေစိုက် ခလရ ၁၇ တပ်ရင်းကို ‌တော်လှန်ရေးတပ်တွေ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

S.O.F အပတ်စဉ် ၆ က အမျိုးသမီးရဲမေတွေရဲ့ စစ်သင်တန်းလေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားတွေတန်းတူ စစ်ရေးလေ့ကျင့်နေကြတဲ့ S.O.F အပတ်စဉ် ၆ က အမျိုးသမီးရဲမေတွေရဲ့ စစ်သင်တန်း လေ့ကျင့်ရေးပုံရိပ်တွေကို အခုလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆုတောင်ပေးခဲ့ကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်တယ်လို့ ကိုထိန်လင်းက ဆို (ရုပ်/သံ)

လွတ်လပ်ရေးနေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဝန်းဝန်ဆုတောင်ပေးခဲ့ကြတဲ့ ပြည်သူတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းက ရုပ်သံကတဆင့်ပြောကြားလိုက်ပါတယ်။
Read More

မြင်းချင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ၅ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက မီတာ ၅၀ အကွာအထိ အနီးကပ်ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောကျီးကန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဘေးကင်းလုံခြုံတဲ့ကျောင်းများ တည်ဆောက်နိုင်ရေး ကမ်ပိန်းမှာ ပါဝင်ကြရန် ဒေါက်တာ ဇော်ဝေစိုး တိုက်တွန်း (ရုပ်/သံ)

ကလေးသူငယ်များ ဘေးကင်းလုံခြုံစွာ ပညာသင်ယူခွင့်ရရှိစေရေးအတွက် ဘေးကင်းလုံခြုံသော ကျောင်းများ၊ ဘေးကင်းလုံခြုံသော ပညာရေးကမ်ပိန်းမှာ ပါဝင်ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။