မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက စစ်ရှောင်ပြည်သူတွေကို မင်းဘူးခရိုင် PDF ရဲ့ တာဝန်ရှိသူက ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး လိုအပ်ချက်တွေ ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖအသံက သတင်းဖော်ပြထားပါတယ်။

အဆိုပါကျေးရွာနေ ပြည်သူတွေရဲ့ စားနပ်ရိက္ခာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ဆန်တွေ မျှဝေခဲ့သလို ဝမ်းပျက်ဝမ်းလျှောနဲ့ ယားနာဝေဒနာတွေ ခံစားနေရတဲ့ စစ်ဘေးရှောင် သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေအတွက် လိုအပ်တဲ့ ဆေးဝါးကုသမှုခံယူနိုင်ရေးအတွက် ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းတောင်မှာ PNLA နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆင်ရေး ဖော်ဆောင်နေ (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ Federal Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ပွင့်ဖြူမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၁၂ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ထိခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၈ရက်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၂ ယောက် သေဆုံးကာ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ ၇ယောက် အထိရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်( ၄ )တပ်ရင်းထံက သိရပါတယ်။
Read More

ကျုံပျော်မှာ AA တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး စစ်ကောက်စီက မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကျပ်ထား

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းမှာ အရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ ရောက်နေပြီဆိုပြီး စစ်ကောင်စီတပ်က မြို့ရဲ့အတွင်းအပြင် လုံခြုံရေးတင်းကျပ်ကာ ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

စစ်အုပ်စု အများအပြား သေဆုံးခဲ့သည့် တိုက်ပွဲအတွင်းမှ ရရှိသော သေနတ် ၁၄ လက်အား တိုက်နယ် ပကဖများနှင့် UG ပကဖများထံ ဂုဏ်ပြုပေးအပ်

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ တိုက်ပွဲအတွင်း သိမ်းဆည်းရရှိခဲ့တဲ့ စစ်လက်နက်တွေထဲက သေနတ် ၁၄ လက်ကို တိုက်နယ် ပကဖတွေနဲ့ UG ပကဖတွေထံ ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
Read More

နတ်တလင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး သေ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကံသုံးဆင့်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၂ယောက် သေဆုံးပြီး စစ်အသုံးအဆောင် ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၆၊ ဧရာညီနောင်တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲ့ (၃) နှစ်ပြည့်အခမ်းအနား

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ ) တည်ထောင်ခြင်း ( ၃ ) နှစ်ပြည့် အခမ်းအနားကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)၊ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၂ က ရဲဘော်တွေဟာ ရှေ့တန်းစခန်း တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။