မကွေးတိုင်း ပခုက္ကူမြို့နယ် သီတာလမ်းနဲ့ မြို့ရှောင်လမ်းအနီးမှာ တပ်မ ၁၀၁  ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၅ ယောက်ကို ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီဝန်းကျင်မှာ PDF ရဲဘော်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေသွားခဲ့တယ်လို့ Shwe Nyar Myae People Defense Force ထံက သိရပါတယ်။

ကျန်တဲ့ ၁ ယောက်က အပြင်းအထန်ဒဏ်ရာရရှိသွားပြီး ကားကို ကရိန်းယာဉ်နဲ့ လာရောက်ဆွဲသွားကာ အနီးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း(၃) တပ်ခွဲ (၄) နဲ့ Shwe Nyar Myae PDFတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြောင်မြို့ပြင်မှာ အကြမ်းဖက်စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် စက်တပ်လေထီး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မြို့ပြင်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စက်တပ်လေထီး၊ လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်တွေကို ပျက်စီးမှုကာ ပြည်သူ ၂ ယောက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

ဆားလင်းကြီးမြို့ပေါ်ရှိ ဆေးရုံနဲ့ စျေးမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် သွားရောက်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်ရှိ ဆေးရုံနဲ့ စျေးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂၅ ရက်က အမျိုးသားနေ့အထိမ်းအမှတ် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမာန်GZပြောက်ကြားတပ်ဖွဲ့ တာဝန်ခံ ရဲဘော်ရွှေမန်းရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။
Read More

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲ (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် (၉) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီ ၁၇ ရက်မှာ ကျင်းပပြု လုပ်ခဲ့တယ်လို့ Karenni Nationalities Defence Force က သတင်းထုတ်ပြန်လိုက်ပါတယ်။
Read More

ဖလမ်းမြို့နယ်အတွင်း တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီး (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာ တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ CNO/CNDF ပြောရေးဆိုခွင့် ရှိသူ ဆီက သိရပါတယ်။ 
Read More

သာစည်မြို့နယ် ရန်ကုန်-မန္တလေးလမ်း‌ဟောင်းတွင် ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း‌ဟောင်းမှာ ဒီဇင်ဘာ ၃ ရက် ဒီနေ့ နေ့လယ်ပိုင်းက ဆီဘောက်ဆာကား မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ် လေကြောင်းက ချပေးတဲ့ ခဲယမ်းတချို့ နဂါးနီစစ်ကြောင်းရရှိ (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ချပေးတဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိကြောင်း ဒီနေ့ ဇန်နဝါရီ ၂၂ ရက်မှာ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။