မကွေးတိုင်း ပခုက္ကူမြို့နယ်က တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ် ၂၅၁၊ ၂၅၂ တပ်တွေကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့မနက်ပိုင်းမှာ တာဝေးပစ်ရော့ကတ် ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku အဖွဲ့ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

ရော့ကတ်တွေဟာ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းတွေထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားတွေရဲ့ ထိခိုက်မှုကို အတိအကျသိရဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။

တပ်မ ၁၀၁ နဲ့ လက်အောက်ခံဖြစ်တဲ့ ၂၅၁၊ ၂၅၂ တပ်တွေဟာ ပခုက္ကူမြို့ပေါ်မှာ အတင်းအဓမ္မ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာ၊ ပခုက္ကူမြို့နယ်အနောက်ခြမ်း ထန်းတပင်ကျေးရွာနဲ့ ရေလာကြီးကျေးရွာတွေကို အင်အားအများအပြား အသုံးပြုပြီး စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Burma Revolution Rangersတပ်ဖွဲ့၊ BA NYEIN GUERRILLA Force တပ်ဖွဲ့၊ TaTy pku pdf တပ်ဖွဲ့တို့နဲ့အတူ COBRA ONE Pakokku တပ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

“အဖိုးကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြားကို ကျွန်တော်လည်း ကြိုက်တယ်” ဆိုတဲ့ ကိုထိန်လင်း (ရုပ်/သံ)

ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် (၁၁၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မြေးဖြစ်သူ ကိုထိန်လင်းက ပဲပြုတ်ကို ပြင်ဆင်ချက်ပြုတ်ပြခဲ့ပါတယ်။
Read More

ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်၊ စစ်သား ၃ ယောက် ဒဏ်ရာရပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း ‌‌တောင်ငူခရိုင် ဖြူးမြို့နယ် ဇေယျဝတီမြို့ဘူတာရုံရှိ စစ်ကောင်စီတပ်သားတွေကို ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက် ဒဏ်ရာရရှိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ တယ်လို့ ဖြူးမြို့နယ်ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆားတောင်မြို့က ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်ကို အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်၊ စစ်သားအများအပြားသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဆားတောင်မြို့ကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အသင့်စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားအ များအပြားသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြစ်ခြေနဲ့ ကမ္မလမ်းကြောမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း မြစ်ခြေနဲ့ ကမ္မလမ်းကြောမှာ ဒီဇင်ဘာ ၂၉ ရက်က အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။
Read More

မုံရွာမြို့ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားအများအပြားထိခိုက်မှု ရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်မှုရှိခဲ့တယ်လို့ သလ္လာဝတီစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။