တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၅) တပ်ရင်းက တပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်က ဒီဇင်ဘာ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ (၂၅) တပ်ရင်းက တပ်သားဟာ ဒီဇင်ဘာ ၈ ရက်မှာ MA 1 တစ်လက်၊ မဂ္ဂဇင်းဘောက် သုံးခု၊ ကျည်ဆံ ၁၂၀ တောင့်၊ ဓားမြှောင် တစ်ချောင်း၊ စစ်ယူနီဖောင်းအပြည့်အစုံတို့ကို အပါယူလာကာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ ရှေ့တန်းတပ်စခန်း တာဝန်ရှိသူတွေကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံအလင်းဝင်လာတယ်လို့ ဆိုပါတယ်။

ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်သားကို ငွေကျပ် သိန်း ၅၀ ပေးအပ် ခဲ့ကာ ကာယကံရှင်ရဲ့ သဘော ဆန္ဒအရ လွတ်မြောက်နယ်‌မြေတစ်ခုဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ကနေ ပြည်သူ့ရင်ခွင်ဆီ ခိုလှုံချင်သူတိုင်းကို ကြိုဆိုနေတယ်လို့ DNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ကမ်ပိန်းအတွက် သားငယ်ကိုထိန်လင်း နယူးယောက်မြို့သို့ ရောက်ရှိလာ

အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ကမ်ပိန်း (Suu 80th Birthday Campaign) အတွက် သားငယ် ကိုထိန်လင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။
Read More

၂၀၂၄ ခုနှစ်ဟာ တော်လှန်ရေးမှာ အောင်မြင်ခဲ့တဲ့ နှစ် ဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုး ညွှန်းဆို

“တော်လှန်ရေးကို စတင်မယ်လို့ပြောထဲက ဒီနေ့အထိ ကျွန်တော်တို့ရဲ့ အောင်မြင်မှုဟာ တစ်ရက်လေးမှနောက်ပြန်မလှည့်ခဲ့ဘူး လက်လျှော့ အရှုံးမပေးခဲ့ဘူး ဒါဟာတော်လှန်ရေးမှာ နေ့စဉ်အောင်မြင်နေခြင်းပဲ အထူးသဖြင့်ပြောရမယ်ဆိုရင်တော့ ဒီ ၂၀၂၄ ဟာ အောင်မြင်တဲ့နှစ် Victory Year လို့တောင်ပြောရမှာ ဖြစ်ပါတယ် “လို့ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
Read More

လွိုင်ကော်အနီး အောင်သပြေဂူကုန်းတိုက်ပွဲ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်အပါ ၁၀ ဦး သေဆုံး၊ လက်နက်ခဲယမ်းများပါ ရရှိ

လွိုင်ကော်အနီးက စစ်ကောင်စီစခန်းကို KNDF နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်ကြီး ၁ဦးနဲ့ ၉ ဦးသေဆုံးပြီး သေနတ် ၁၂ လက် ရရှိခဲ့တယ်လို့ KNDF က အသိပေး ထုတ်ပြန်ပါတယ်။
Read More

ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ဦးအပါ ကလေး (၂) ဦးသေဆုံး၊ ပြည်သူ(၃) ဦးနှင့် နေအိမ် (၃) လုံး ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်ကလေး(၁) ယောက်အပါအဝင် ကလေးငယ် (၂) ယောက် သေဆုံးပြီး ပြည်သူ(၃) ယောက် ဒဏ်ရာရကာ နေအိမ် (၃) လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်ကြီးနဲ့ မတ္တရာအစပ်က စစ်ကောင်စီတပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်အစပ် ထန်းပင်ကုန်းရွာက စစ်ကောင်စီတပ်စခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီး၊ လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို KTLA ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က မေတ္တာ-ထီးခီးနယ်စပ်လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ သွားလာခွင့် ပိတ်လိုက်တယ်လို့ ကော်သူးလေတပ်မတော် (KTLA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။