ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ အမှတ် (၅) စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်အတွင်း ရိုက်ယူထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်ကို ဒီဇင်ဘာ ၁၄ ရက်က အာရက္ခတပ်တော် AA က အပြီးသတ်သိမ်းယူလိုက်ပြီး တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားအများအပြားကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပြီး AA ကတော့ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေကာ ဒရုန်း ၂ စီးကို ပစ်ချနိုင်ခဲ့ (ရုပ်/သံ)

အကြမ်းဖက်စစ်တပ်ဘက်က နိုဝင်ဘာ ၁၁ ရက်က စတင်ကာ လေကြောင်းကနေ ၁၅ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲခဲ့ပြီး မြေပြင်ထိုးစစ်စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလဲမြို့ပေါ်မှာ တိုက်ပွဲကြား ပိတ်မိနေတဲ့ ပြည်သူ ၂၀၀ ကျော်ကို ကယ်ထုတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးတွေ ကြဲချနေတဲ့ကြားက မြို့အတွင်း ပိတ်မိနေတဲ့ ပြည်သူ ၂၀၀ ကျော်ကို ဒီနေ့ နိုဝင်ဘာ ၁၃ ရက်မှာ ကျားသစ်နက်တပ်မတော် စစ်ဦးစီး ကိုကိုနိုင်  ဦးဆောင်ကာ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံတွင်း ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေသည့် ဘေးကင်းဆေးရုံတည်ဆောက်ရေး ပြည်သူများ အားဖြည့်ကူညီပေးကြဖို့ တိုက်တွန်း (ရုပ်/သံ)

မြန်မာပြည်တွင်းကို ပြန်လည်ရောက်ရှိကာ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပြည်သူတွေနဲ့ တသားတည်း ပါဝင်နေတဲ့ NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးဟာ ဘေးကင်းဆေးရုံတွေ တည်ဆောက်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Read More

သထုံမြို့ နောင်ဘိုရွာအဝင်ဆိုင်းဘုတ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ‌နောင်ဘိုရွာအဝင်ဆိုင်းဘုတ်မှာ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း စာရွက်တွေကပ်ပြီး ပြည်သူတွေကို အသိပေး နှိုးဆော်တဲ့ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရေးမြို့ပေါ်ရှိ စကခ ၁၉ နှင့် အမတ ၃၁၅ အမြောက်တပ်ကို ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့ပေါ်ရှိ စကခ ၁၉ နဲ့ အမတ ၃၁၅ အမြောက်တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း ကျေးရွာများ မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဗိုလ်အပါအဝင် ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Revolutionary Air Force – RAF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။