ဘန်ကောက်က မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်သွားမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ခေါင်းဆောင် ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာပြုလုပ်မယ့် မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဦးသန်းဆွေ တက်ရောက်မယ်လို့ ဇော်မင်းထွန်းက ပြောကြားပါတယ်။ 

ဘန်ကောက်မြို့မှာ အာဆီယံနဲ့ ထိုင်းနိုင်ငံတို့က ဦးဆောင်ပြီး  မြန်မာ့ပဋိပက္ခပြေလည်ရေးအတွက် အလွတ်သဘောဆွေးနွေးပွဲ ကျင်းပမယ်လို့ ထိုင်းနိုင်ငံဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ဇော်မင်းထွန်းကတော့ အဲဒီဆွေးနွေးပွဲမှာ လက်ရှိနယ်စပ်ရေးရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးမှုတချို့ ပြုလုပ်မယ်လို့ ဆိုပါတယ်။  

ဒီဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်မှာ ၂ ရက်ကြာ ပြုလုပ်မှာဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက်မှာပြုလုပ်မယ့် မြန်မာ့အရေး ၆ နိုင်ငံ အလွတ်သဘောဆွေးနွေးပွဲကိုတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး  တက်ရောက်မယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ထိုင်း-မြန်မာနယ်စပ်က UWSA ရဲ့ ထိုင်းနဲ့ နယ်မြေအငြင်းပွားမှု အခြေအနေတွေ အပါအဝင် ရွှေ့ပြောင်းမြန်မာလုပ်သားအရေး၊ နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်တွေ လည်း စစ်ကောင်စီနဲ့ဆွေးနွေးမှုတချို့ ပြုလုပ်နိုင်ကြောင်း နိုင်ငံတကာသတင်းတွေမှာ ခန့်မှန်းရေးသားထားကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပဋိပက္ခ အကျပ်တည်းတွေကို အဖြေရှာဖို့ ထိုင်းနိုင်ငံကရည်ရွယ်ပြီး ဦးဆောင်လုပ်ဆောင်လာခြင်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဒီးမော့ဆိုတွင် စစ်တပ်လက်နက်ကြီး နေအိမ်ပေါ် ကျရောက်မှုကြောင့် အဖေ၊ အမေနှင့် အဘွား သေဆုံးပြီး ကလေးများ ဒဏ်ရာရ ကျန်ရစ်ခဲ့

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိသားစုတစ်ခုရဲ့ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား လူကြီး ၃ယောက် သေဆုံးကာ ကလေးတွေကတော့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
Read More

တစ်နိုင်ငံလုံးလျှပ်စစ်မီး အပြည့်အ၀မပေးနိုင်တဲ့ နိုင်ငံမှာ လျှပ်စစ်ရထားပြေးဆွဲဖို့က ဦးစားပေးလို့ မင်းအောင်လှိုင်ဆိုပြန်

တစ်နိုင်ငံလုံးကို လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်သော်လည်း လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့ ကအရေးကြီးဆုံးဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။
Read More

မောင်မယ်ရှောင်ကျေးရွာမှာ ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်မြို့လယ် ဆူးလေတံတားအနီး ပုန်ကန်အံတု

အာဏာသိမ်းစစ်တပ်ရဲ့ လုံခြုံရေးထူထပ်တဲ့ ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတားအနီးမှာ ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ဆန္ဒပြလှုံ့ဆော်တဲ့ လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်မှာ ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်ကြဖို့လိုကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲ အလွန်ကာလမှာလည်း ပြည်သူလူထု ကိုယ်တိုင်ရုန်းကန်မှ လွတ်မြောက်မှုအစစ်ရမှာဖြစ်တဲ့အတွက် ‘ပုန်ကန်အံတု’ ဖို့ လိုအပ်ကြောင်း အသိပေးလှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။
Read More

စီပါရွာ ဖြစ်ရပ်ဆိုးဟာ စစ်ရာဇဝတ်မှုမြောက်လို့ ICC ကတဆင့် စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆို

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မတ်လ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံကို အခမဲ့ ဖုန်းခေါ်ဆိုခွင့်ပြု 

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။