ပဲခူးတိုင်း၊ ရွှေကျင်-ညောင်လေးပင် လမ်းပေါ်မှာ ဖမ်းဆီးရမိတဲ့ ခလရ(၅၇) တပ်ရင်း ဗိုလ်ကြီး ညီညီအောင်နဲ့ သတင်းပေးဆိုသူတို့ကို အရေးယူနိုင်ဖို့ KNU  ထံလွှဲပြောင်းပေးအပ်လိုက်ကြောင်း ပဲခူးခရိုင်၊ အမှတ်-၃ ၊ PDF တပ်ရင်း ၃၇၀၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ဒီဇင်ဘာလ ၉ရက်နေ့က ရွှေကျင်အခြေစိုက် ခမရ ၅၇ တပ်ရင်းကနေ တောင်ငူစစ်ဌာနချုပ်ကို အရပ်ဝတ်နဲ့ လာတဲ့ တပ်ရင်း ဗိုလ်ကြီးညီညီအောင်နဲ့ စစ်တပ်သတင်းပေး ပြည့်ဖြိုးအောင် ဆိုသူတို့ကို တော်လှန်ရေးရဲဘော်တွေက အရှင်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုအရေးယူနိုင်ဖို့ KNU တပ်မဟာ ၃ ၊ KNLA တပ်ရင်း ၇ ထံ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ သိရပါတယ်။

အရှင်ဖမ်းမိထားတဲ့ ဗိုလ်ကြီး ညီညီအောင်

“ညီညီအောင် တောင်စစ်ရုံးကို ကားနဲ့လာတဲ့အချိန် ရွှေကျင်- ညောင်လေးပင်ကားလမ်းပေါ်မှာရှောင်တခင် စစ်ဆေးရင်း မိတာပါ။ သူက ၃ပွင့်နဲ့ပါ။ သူနဲ့အတူ တော်လှန်ရေးသတင်းတွေ စုံစမ်းပြီး စကစကို လက်ထောက်ချနေတဲ့ ပြည့်ဖြိုးအောင်ဆိုတဲ့ တစ်ယောက်ကိုပါ ဖမ်းမိခဲ့ပါတယ်။” လို့ ပဲခူးခရိုင်၊ အမှတ်-၃ ၊ PDF တပ်ရင်း ၃၇၀၃ တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

အသက် ၂၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ ညီညီအောင်ဟာ ပြင်ဦးလွင်၊ DSA အပတ်စဥ် (၅၈) ဆင်းဖြစ်ပြီး ခလရ ၅၇တပ်ရင်းမှာ တာဝန်ကျနေခဲ့တာလို့ သိရပါတယ်။

အဲ့ဒီနောက် အာဏာသိမ်းကာလအတွင်း ရွှေကျင်ရှမ်းရွာဂိတ်စစ်ဆေးရေးဂိတ်မှာထိုင်ရင်း အရပ်သားပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊  ဈေးဝယ်ဆိုင်ကယ်တွေဆီက မတရားငွေကောက်တာတွေအပြင် တော်လှန်ရေးသမားတွေကိုဖမ်းဆီးသတ်ဖြတ်တာ၊ ရွာတွေမီးရှို့တာနဲ့ စစ်မှုထမ်းအတွက် အတင်းအဓမ္မ လူသစ်ဆောင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း အထက်ပါ တာဝန်ရှိသူက ဆိုပါတယ်။

အရှင်ဖမ်းမိထားတဲ့ ဗိုလ်ကြီး ညီညီအောင်

“သူက KNU နဲ့ တော်လှန်ရေးအဖွဲ့တွေကိုအကြမ်းဖက်သမားလို့မြင်ပြီး  စစ်တပ်ကိုတိုင်းပြည်ကာကွယ်သူလို့မြင်ကြောင်း ထွက်ဆိုပါတယ်။ ဒါကြောင့်သူကို KNU ထံ ဒီဇင်ဘာ ၁၀ရက်နေ့မှာ လွှဲပြောင်းပေးခဲ့ပါတယ်။” လို့ ပဲခူးခရိုင်၊ အမှတ်-၃ ၊ PDF တပ်ရင်း ၃၇၀၃ တာဝန်ရှိသူကမောင်းကိုပြောပါတယ်။

0 Shares:
You May Also Like
(ဓာတ်ပုံ KNU)
Read More

ဒူးပလာခရိုင်၊ ဝင်းရေးမြို့နယ်အနီးက ကျေးရွာတွေကို ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်လို့ ပြည်သူ ၁ ဦး သေဆုံးခဲ့ရ

ဒူးပလာခရိုင်၊ ဝင်းရေးမြို့နယ်အနီး  ကျေးရွာများကို  စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ အရပ်သားပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ကျပ်ဘီလီယံ တစ်ရာနီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးအမှုတွင် AA ပါဝင်ပတ်သက်ခဲ့သည်ဟု စစ်ကောင်စီ စွပ်စွဲ

ရန်ကုန်မှာ ကျပ်ဘီလီယံတစ်ရာနီးပါးတန်ဖိုးရှိ မူးယစ်ဆေးတွေ ဖမ်းမိခဲ့တဲ့ဖြစ်စဉ်မှာ AA ပါဝင်ပတ်သက်မှုရှိနေကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့််မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးရာမှာ ပါဝင်နေသည့် စစ်မှုထမ်းဟောင်းနှင့် ချွေးမဖြစ်သူတို့ကို ဖမ်းဆီး၊ သေနတ်လုပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့…

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးရာမှာ ပါဝင်နေတဲ့ စစ်မှုထမ်းဟောင်း ကြည်အေးနဲ့ သူရဲ့ ချွေးမဖြစ်သူ နွယ်နွယ်ဝင်းတို့ကို ဖမ်းဆီးခေါ်ဆောင်လာချိန် လမ်းမှာ သေနတ်လုပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့​ဘက်တော်သားအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီတပ် ကျုးလွန်ခဲ့တဲ့ ဘုတလင်၊ စီပါရွာက လူသတ်မှုဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့တွေ အကြမ်းဖက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Read More

ကျိုက်မရောမှာ MLA ရဲ့ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က မွန်ပြည်လွတ်မြောက်ရေးတပ်တော် - MLA ရဲ့ စစ်ဆေးရေးဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူတွေရဲ့ ကား ၃ စီး ထိမှန်ပျက်စီးခဲ့တယ်လို့ MLA က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၇ ဦး ဒဏ်ရာရပြီး နေအိမ်အများအပြား ပျက်စီး

တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နေအိမ်တွေလည်း ထိမှန်ပျက်စီးသွားတယ်လို့  ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  (ပကဖ) ထံက သိရပါတယ်။