စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ အများပြည်သူသွားလာရေး အဆင်ပြေစေဖို့အတွက် အာဏာသိမ်းစစ်တပ်ထံ သိမ်းဆည်းရရှိထားတဲ့ ဘက်ဖိုးယာဉ်ကို အသုံးပြုပြီး လမ်းနဲ့ အထွေထွေပြုပြင်ရေး ပြုလုပ်ပေးခဲ့တယ်လို့ Myingyan Black Tiger (MBT) က ထုတ်ပြန်ထားပါတယ်။

အဲဒီဘက်ဖိုးယာဉ်ကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းက စက်တင်ဘာ ၁၅ ရက်မှာ ရန်သူနယ်မြေအတွင်းကနေ သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Myingyan Black Tiger (MBT) အနေနဲ့ ဘက်ဖိုးယာဉ်ကို ကိုယ်ကျိုးအတွက် အသုံးပြုမှာ မဟုတ်ဘဲ စိုးမိုးနယ်မြေအတွင်း လူထုအကျိုးပြုလုပ်ငန်းတွေကို တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက် ပြီး စစ်အာဏာရှင်အမြစ်ပြတ်တိုက်ထုတ်နိုင်ရေးအတွက် ဘယ်လိုပုံစံမျိုးနဲ့မဆို ပြန်လည်အသုံးပြုသွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရွှေကျင်မြို့နယ် ကွင်းဆိပ်နဲ့ ဝင်းကံရွာကြားရှိ ခမရ ၅၉၈ တပ်ရင်းနဲ့ အနီးဝန်းကျင်မှာ ဘန်ကာ ဆောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ပျူစခန်းကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံပျူစခန်းကို နိုဝင်ဘာ ၁၄ ရက် မနေ့က မနက်ပိုင်းမှာ ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE အဖွဲ့ထံက သိရပါတယ်။
Read More

လမ်းသွားပြည်သူတွေထံက ဆက်ကြေးကောက်နေတဲ့ အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး ဘန်ကာတွေကို ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့အတွက် တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီး (ရုပ်/သံ)

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်နဲ့ စျေးဆိုင်တွေ မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

မင်းတုန်းမြို့နယ် ကျောက်တိုင်‌ကျေးရွာတိုက်နယ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်-မုံရွာလမ်းမကြီဘေး ကျောက်တိုင်ကျေးရွာ တိုက် နယ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။