ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ရဲတပ်ရင်း (၅) က ရဲတပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ရဲတပ်ရင်း အမှတ် (၅) (မှော်ဘီ) က ရဲတပ်သား ၁ ယောက်ဟာ ဒီဇင်ဘာ ၁၆ ရက်မှာ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ အလင်းဝင်လာခဲ့တာပါ။

အဲ့ဒီရဲတပ်သားဟာ G-3 အမျိုးအစား ၁ လက်၊ ကျည် ၂၂၁ တောင့်နဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာတာကြောင့် ဂုဏ်ပြုငွေ ကျပ်သိန်း(၅၀) ချီးမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

ဖက်ဆစ်ဝါဒီ စစ်တပ်လက်အောက်မှာ နိုင်ငံနဲ့ ပြည်သူကို အကြမ်းဖက်ဖျက်ဆီးရာမှာ ပူးပေါင်းပါဝင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အမြန်ဆုံး အလင်းဝင်ရောက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာဖို့ တောင်သာ PDF က တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်လှုပ်ရှားမှုများနှင့် ခလရတပ်တွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ရွှေဘို ပကဖ လုပ်ဆောင်ခဲ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုစိုးမိုးထားရာ မြို့ပေါ်နေရာအနှံ့ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သလို ခလရ ၄၂ တပ်စခန်းကိုလည်း ဒရုန်းတွေနဲ့ သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ခလရ ၂၅၆ မှ တပ်သားတစ်ဦး အရက်မူးနေသည့် တပ်ကြပ်ကြီး၏ သေနတ်ကိုပါ ယူဆောင်အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စစ်ကော်မရှင်တပ် ခလရ ၂၅၆ က တပ်သားတစ်ယောက်ဟာ အရက်မူးနေတဲ့ တပ်ကြပ်ကြီးရဲ့ သေနတ်ကိုပါ ယူဆောင်ကာ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
Read More

ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတဲ့ လူ့ဘီလူးဝါဒသုံး စစ်ကောင်စီ

စစ်ကောင်စီက ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေမှုဟာ လူ့ဘီလူးဝါဒလုပ်ရပ်လို့ NUG ရဲ့ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသည့် MOGE ကို ဆွစ်ဇာလန်ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

အာဏာသိမ်းစစ်တပ်က ၀င်ငွေတွေ မြောက်မြားစွာ ရရှိနေတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပြီ ဖြစ်ပါတယ်။
Read More

စစ်တပ်၏ တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်)ကို ရှော့တိုက်ဒုံးများ ပစ်ခတ်မှုအတွင်း သင်တန်းသား စစ်အရာရှိများအပါ အယောက် ၃၀ ခန့် ပွဲချင်းပြီး သေဆုံး၊ သင်တန်း ဒုကျောင်းအုပ်ကြီးအပါ အယောက် ၅၀ ကျော် ဒဏ်ရာရကာ ထိခိုက်ပျက်စီးမှု များပြား

အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဘုရင့်နောင်) ကို ရှော့တိုက်ဒုံး ၉ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့မှုမှာ သင်တန်းသား စစ်အရာရှိ အယောက် ၂၀ ထက်မနည်း သေပြီး အယောက် ၅၀ ကျော် ဒဏ်ရာရခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ထုတ်ပြန်ပါတယ်။