ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ​ရဲ့ Gender တန်းတူညီမျှရေးဌာနနဲ့ ဗဟိုကျန်းမာရေးဌာနစတဲ့ ဌာနနှစ်ခု​ရဲ့ ဌာနမှူး၊ ဒုတိယဌာနမှူးနဲ့ တာဝန်ခံတွေကို တရားဝင်ကျမ်းသစ္စာကျိန်ဆိုကာ ခန့်အပ်တဲ့ အခမ်းအနားကို ဒီဇင်ဘာလ (၁၅) ရက် မနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားမှာတော့ KNDF ဥက္ကဋ္ဌခွန်းဘီထူး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်ဆူဇန်နာလှလှစိုးနဲ့ KNDF ဗဟိုကော်မတီဝင်တွေက ဂုဏ်ပြုကြိုဆိုစကားတွေ ပြောကြားပေးခဲ့တယ်လို့ သိရပါတယ်။

KNDF က ဖော်ဆောင်နေတဲ့ စစ်ဆင်ရေးတွေအပြင် စစ်ဆင်ရေးမရှိတဲ့ အချိန်ကာလတွေမှာ ရဲဘော်တွေရဲ့ ကျန်းမာရေးကိစ္စအဝဝကို တာဝန်ယူနိုင်ဖို့အတွက် ဗဟိုကျန်းမာရေးဌာနကို စနစ်တကျ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရတာဖြစ်တယ်လို့ KNDF က ဆိုပါတယ်။

ဒါ့အပြင် KNDF ရှိ အမျိုးသမီးနဲ့ Gender ကွဲပြားတဲ့ ရဲဘော်တွေအပြင် တပ်တခုလုံးမှာ တန်းတူညီမျှမှုရရှိစေရေးအတွက် Gender တန်းတူညီမျှရေးဌာနကို ဖွဲ့စည်းရတာဖြစ်တယ်လို့ သိရပါတယ်။

KNDF အနေနဲ့လည်း ဒီမိုကရေစီစနစ်ရရှိဖို့နဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဖြစ်တာကြောင့် ခွဲခြားဆက်ဆံမှုကင်းပြီး အားလုံးပူးပေါင်းပါဝင်နိုင်တဲ့ တပ်ဖွဲ့ဖြစ်မြောက်လာရေးအတွက် လိုအပ်တဲ့ တည်ဆောက်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ CDF စစ်ဦးစီးချုပ် ကျဆုံးခဲ့ရ

ချင်းပြည်နယ်၊ ထန်တလန် မြို့သိမ်းတိုက်ပွဲမှာ အားထားရတဲ့ စစ်ဦးစီးချုပ် ကျဆုံးခဲ့တယ်လို့  ချင်းကာကွယ်ရေးတပ် CDF ထံက သိရပါတယ်။
Read More

လျှပ်စစ်မီးမမှန်တဲ့ ရန်ကုန်မှာ EV Bus ကားတွေပြေးဆွဲဖို့ ပြင်ဆင်နေ

ဆိုးရွားစွာ လျှပ်စစ်မီးပြတ်တောက်နေတဲ့ ရန်ကုန်က YBS ယာဉ်လိုင်းတွေမှာ EV Bus တွေပြေးဆွဲမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ 
Read More

နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်မှ လက်နက်ခဲယမ်း သယ်ဆောင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်၊ စစ်သား ၇ ဦး သေဆုံး

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က သတင်းထုတ်ပြန်လာပါတယ်။
Read More

စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့ အချက်တွေကို တောင်ပိုင်းစစ်ဒေသ ထုတ်ပြန်

စစ်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမယ့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ဖို့ အချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသ နယ်မြေမှာ နိုဝင်ဘာ ပထမပတ်အတွင်း အရပ်သား ၈၂ ယောက်ကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီး

စစ်ရေးအားကောင်းတဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာလ ပထမပတ်အတွင်း အရပ်သားပြည်သူ ၈၂ယောက်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားတယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။
Read More

အမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ နပခ က ဗိုလ်ကြီး ဦးဆောင်တဲ့ စစ်သုံ့ပန်း ၁၂ ယောက်ကို ဖမ်းဆီး ထိန်းသိမ်း ဆေးကုပေးနေ

ရခိုင်ပြည်နယ်၊ အမ်းမြို့တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) က ဗိုလ်ကြီး ဦးဆောင်တဲ့ စစ်သုံ့ပန်း  ၁၂ ယောက်ကို စနစ်တကျ ဖမ်းဆီးထိန်းသိမ်းထားသလို ဒဏ်ရာရရှိသူတွေကို ဆေးဝါးကုသပေးနေတယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF) က ထုတ်ပြန်ပါတယ်။