စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ အများပြည်သူသွားလာရေး အဆင်ပြေစေဖို့အတွက် အာဏာသိမ်းစစ်တပ်ထံ သိမ်းဆည်းရရှိထားတဲ့ ဘက်ဖိုးယာဉ်ကို အသုံးပြုပြီး လမ်းနဲ့ အထွေထွေပြုပြင်ရေး ပြုလုပ်ပေးခဲ့တယ်လို့ Myingyan Black Tiger (MBT) က ထုတ်ပြန်ထားပါတယ်။

အဲဒီဘက်ဖိုးယာဉ်ကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းက စက်တင်ဘာ ၁၅ ရက်မှာ ရန်သူနယ်မြေအတွင်းကနေ သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Myingyan Black Tiger (MBT) အနေနဲ့ ဘက်ဖိုးယာဉ်ကို ကိုယ်ကျိုးအတွက် အသုံးပြုမှာ မဟုတ်ဘဲ စိုးမိုးနယ်မြေအတွင်း လူထုအကျိုးပြုလုပ်ငန်းတွေကို တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက် ပြီး စစ်အာဏာရှင်အမြစ်ပြတ်တိုက်ထုတ်နိုင်ရေးအတွက် ဘယ်လိုပုံစံမျိုးနဲ့မဆို ပြန်လည်အသုံးပြုသွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မတ္တရာက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဆင်ကျွန်းကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်း ပျူစခန်းတွေကို ၃ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက သီးလုံးပျူစခန်း၊ ပန်းရံပျူစခန်း၊ မင်္ဂလာပျူစခန်းနဲ့ ဇီးကုန်းပျူစခန်းတွေကို စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အတွင်း ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Shwebo Crocodile  အဖွဲ့ကနေ သိရပါတယ်။
Read More

မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာတွေ၊ စက်တပ်လေထီးယာဉ်တွေ နဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် ၂ ယောက် သေဆုံးကာ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန် ထားပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်တွင် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း သပိတ်မှောက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းမြို့နယ်အတွင်း စစ်ကော်မရှင်က ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြတယ်လို့ General Strike Coordination Body က ထုတ်ပြန်ထားပါတယ်။
Read More

မင်းကွန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်တပ် စောင့်ကြို တိုက်ခိုက်ခံရပြီး ၁၀ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တော်လှန်ရေး /ပူးပေါင်းတပ်တွေအသင့်ကြိုဆိုတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၀ ယောက်လောက် သေဆုံးခဲ့တယ်လို့ ယူနီကွန်း ပျောက်ကျားတပ်က ဒီနေ့သတင်းထုတ်ပြန် ထားပါတယ်။
Read More

ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်များ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေး(ရုပ်/သံ)

ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့အတွက် ဂန့်ဂေါခရိုင်တပ်ရင်း ၄ ရဲဘော်တွေက ဆုတောင်းစကား ပြောကြားခဲ့ကြပါတယ်။