မလေးရှားအနေနဲ့ လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အာဆီယံ အလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဒီဇင်ဘာလ ၁၆ ရက်မှာ ပြောပါတယ်။

သက်ဆင်ရဲ့ သမီး ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ရဲ့ ၂ ရက်တာ မလေးရှားခရီးစဉ်အတွင်း သူတို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အန်ဝါက အခုလို ကြေညာခဲ့တာပါ။

“အာဆီယံနိုင်ငံတွေက အဖွဲ့ဝင်တွေပါဝင်ပြီး အလွတ်သဘောပုံစံမျိုး အဖွဲ့တစ်ဖွဲ့နဲ့အတူ (သက်ဆင်ကို) ကျနော့်ရဲ့ အလွတ်တန်းအကြံပေးအဖြစ် နောက်နှစ် အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ ခန့်အပ်ဖို့ သဘောတူထားပါတယ်” လို့ Bernama သတင်းဌာနက‌ သူ့ရဲ့ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်

မြန်မာနိုင်ငံက အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မလေးရှားကို ထိုင်းက ပံ့ပိုးကူညီခဲ့တယ်လို့ သူတို့ရဲ့ တွေ့ဆုံမှုအပြီး ထုတ်ပြန်တဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အာဆီယံရဲ့ မြန်မာပြည်ဆိုင်ရာ အထူးသံတမန်ရုံး ဖွင့်လှစ်ဖို့ စီစဉ်နေကြောင်းလည်း ထုတ်ပြန်ထားတာပါ။

တဆက်တည်းမှာပဲ ခရီးသွားကဏ္ဍကို မြှင့်တင်ဖို့နဲ့ နယ်စပ်ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာဖို့အရေး နှစ်နိုင်ငံအကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒါ့အပြင် ၂၀၂၇ အမီ နှစ်နိုင်ငံကုန်သွယ်ရေးကို ဒေါ်လာ သန်း၃၀ အထိ ရောက်လာဖို့အရေး ပိုမိုအားကောင်းလာအောင် တွန်းတိုက်လုပ်ဆောင်သွားဖို့လည်း သဘောတူခဲ့ကြပါတယ်။

ကိုးကား – Malaysia appoints Thaksin as informal advisor on Asean

0 Shares:
You May Also Like
Read More

မြန်မာငါးဖမ်းလှေတစ်စီး ထိုင်းရေပိုင်နက်အတွင်း ဖမ်းဆီးခံရ

လူ ၆ ယောက် လိုက်ပါလာပြီး ပုစွန်ငါးပိ ကီလို ၄၀၀၀ တင်ဆောင်လာတဲ့ မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
Read More

ရှမ်းမြောက်နဲ့ ရခိုင်မှာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ် စီမံကိန်းကို စတင်နိုင်မယ်လို့ တရုတ်ကို ကတိပေးပြန်

နယ်မြေဒေသ မငြိမ်သက်ဘဲ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာမှာ ဖောက်လုပ်မယ့် မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်  စီမံကိန်းကို စတင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားလိုက်ပါတယ်။
Read More

အာဆီယံအဖွဲ့ မြန်မာရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူ မလွှတ်၊ နိုင်ငံတကာကလည်း အယုံအကြည် မရှိ

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဟာ ဒီဇင်ဘာလမှာ ပြုလုပ်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သံတမန်ရေးသတင်းအရင်းအမြစ်တွေက အောက်တိုဘာ ၂၇ ရက် တနင်္လာနေ့မှာ ပြောခဲ့ကြတယ်လို့ AFP သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် CI စခန်း ၄ ခု ဖွင့်လှစ်နေ

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် CI စာအုပ်ကို စခန်း ၄ ခု ဖွင့်လှစ်ဆောင်ရွက်ပေးနေပြီ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။ 
Read More

NUG အပါအ၀င် AA နဲ့ KIA တို့ပါ၀င်တဲ့ တော်လှန်ရေးအင်အားစုတွေကို ဒေလီ ဆွေးနွေးပွဲအတွက် တရား၀င် ဖိတ်ကြား

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပမယ့် ICWA ပွဲကိုတက်ရောက်ဖို့ မြန်မာနိုင်ငံက တော်လှန်ရေးအင်အားစု တွေကိုအိန္ဒိယက တရား၀င်ဖိတ်ကြားလိုက်ပါတယ်။ ဒါဟာ အနောက်နိုင်ငံများက အရေးယူပိတ်ဆို့နေတဲ့ စစ်ကောင်စီကို ဖယ်ရှားကာအိန္ဒိယအစိုးက တော်လှန်ရေးအင်အားစုတွေကို ထူးခြားတဲ့ ဖိတ်ခေါ်ချက်တစ်ရပ်ပဲဖြစ်ပါတယ်။
Read More

ဝေါလေဗျူဟာစခန်းကုန်းကြီးအပါအဝင် စစ်ကောင်စီတပ်စခန်းများကို KNLA ပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်နေ၊ တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ကို ဒေသခံ ၃၀၀ ကျော် စစ်ဘေးရှောင်နေ…

ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးရှိ ဝေါလေဗျူဟာစခန်းကုန်းကြီးအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ထိုင်းသတင်းတွေနဲ့ ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။