စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာလမ်းပိုင်းမှာ တွဲကား ၆၈ စီး ယာဉ်တန်းကို လမ်းလုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်သားကင်းပုန်းတွေကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 peoples defense force အဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်သားတွေ လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက တော်လှန်ရေးရဲဘော်တွေဟာ မိုင်းကွင်းအနီးကို ခက်ခက်ခဲခဲနေရာယူပြီး ကားတန်းဖြတ်ချိန် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လမ်းကင်းယူ ထားတဲ့ အကြမ်းဖက်စစ်သား ၂ ယောက် မိုင်းထိပြီး နေရာမှာ လဲကျသွားတာကို တွေ့မြင်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေးအဖွဲ့က ဦးဆောင်ပြီး Area 71 အဖွဲ့နဲ့ အတူ ANYAR DEFENCE FORCE (ADF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လက်နက်ချ စစ်သုံ့ပန်းတွေကို စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုကြားက ကယ်ထုတ်ခဲ့ (ရုပ်/သံ)

KNU တပ်မဟာ (၁) နယ်မြေမှာရှိတဲ့ မဲပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေကြားမှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်သုံ့ပန်းတွေကို ကယ် ထုတ်နေတဲ့ ရုပ်သံဖိုင်ကို အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကော့သောင်းမြို့နယ်အတွင်း ရွေးကောက်ပွဲအတု လုံခြုံရေးယူရန်လာသည့် စစ်သင်္ဘောနှင့် စက်လှေများကို ကြားဖြတ်တိုက်ခိုက် (ရုပ်သံ)

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်း အတုအယောင်ရွေးကောက်ပွဲအတွက် လုံခြုံရေးယူဖို့လာတဲ့ စစ်သင်္ဘောနဲ့ စက်လှေတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပျံလွှားပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုကျေးရွာ ကမ်းပါးနီအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ခရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စလင်းမြို့နယ်အတွင်း စစ်ကြောင်း ၃ ကြောင်းခွဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်မှု ၂ ယောက်သေ၊ ၁၁ ယောက် ဒဏ်ရာရရှိကာ PDF ၁ ယောက် ကျဆုံး (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ်အတွင်းရှိ အမှတ် ၁ စစ်ဒေသ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း စစ်ရေး လှုပ်ရှားမှုနယ်မြေအတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ခုခံတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ယောက် သေပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါတယ်။
Read More

တပ်မရေနံမှော်ဘက် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးရဲစခန်းကနေ တပ်မရေနံမှော်ဘက်သို့  စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေခဲ့တယ်လို့  Bagan Bo Cho PDF ထံက သိရပါတယ်။
Read More

မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်း စစ်ဆေးရေးဂိတ်ကို ပြောက်ကျားဝင်ရောက်ပစ်ခတ်မှု စစ်သား ၃ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ ၁၅ တပ်ရင်း စစ်ဆေးရေးဂိတ်ကို မတ်လ ၁၇ ရက် မနေ့ညပိုင်းမှာ တော်လှန်ရေးတပ်တွေ ပြောက်ကျားဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့ထံက သိရပါတယ်။