ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၁) ယောက် သေဆုံးပြီး (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ရွှေကျင်မြို့နယ်အတွင်း ဒီဇင်ဘာလ (၁၀) ရက်မှာ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ−၅၇ တပ်ပေါင်းစုက အင်္ဂနီကျေးရွာမှာ အခြေချထားပြီး ရုံးတိုင်းကျေးရွာကို လက်နက်ကြီး ၆၀ မမ (၂) လုံးပစ်ခတ်ခဲ့ရာ ရုံးတိုင်းကျေးရွာက (၆၇)နှစ်အရွယ် အမျိုးသမီး ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၁၁)ရက်မှာလည်း ပိန်းဇလုပ်အခြေစိုက်တပ် ခလရ-၂၆၄ က ချုံအင်းကျေးရွာကို လက်နက်ကြီး ၁၂၀ မမ (၁)လုံး၊ ဂွေးကုန်းကျေးရွာကို လက်နက်ကြီး ၁၂၀ မမ (၁)လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ (၁၂) ရက်မှာလည်း အင်္ဂနီကျေးရွာမှာ အခြေချထားတဲ့ ခလရ-၅၇ က စံဖဲကျေးရွာကို လက်နက်ကြီး ၆၀ မမ(၁)လုံးအပါ လက်နက်ကြီး စုစုပေါင်း(၅)လုံး ပစ်ခတ်ခဲ့ရာ စံဖဲကျေးရွာက (၄၂)နှစ်အမျိုးသားနဲ့ (၄၅) နှစ်အရွယ်အမျိုးသမီးတို့ (၂) ယောက် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ jumper တွေ အသုံးများလာတာကြောင့် တော်လှန်ရေးတပ်တွေ ပိုမိုသတိထားဖို့နဲ့ ပိုမိုအားဖြည့်ကူညီပေးကြဖို့ လိုအပ်လာနေ

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ အမြဲလိုလို စစ်ရေးရှုံးနိမ့်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုကို အဆက်မပြတ် အသုံးပြုနေတဲ့အပြင် ဒရုန်းတွေ jumper တွေလည်း ပိုမိုအသုံးပြုလာတာကြောင့် မပေါ့ဆကြဖို့နဲ့ အထူးဂရုစိုက်ကြဖို့ ဒရုန်းတီထွင် ထုတ်လုပ်နေတဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့…
Read More

၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ် ကျူးလွန်သည့် ရာဇဝတ်မှုများကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့

ရခိုင်ပြည်နယ်မှာ ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် သေဆုံးသူ အရပ်သား ၄၅ ယောက်အထိ ရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပစ်ချခဲ့သည့် စစ်ကောင်စီ တိုက်လေယာဉ်၏ ထပ်မံရရှိထားသည့် အပျက်အစီး မှတ်တမ်းဓာတ်ပုံများ၊ လေယာဥ် မြေပြင်နှင့် ထိသည့်နေရာမှ ရုပ်အလောင်း ၄ လောင်း သိမ်းဆည်ရမိခဲ့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း ပစ်ချခံခဲ့ရတဲ့ အကြမ်းဖက်စစ်ကောင်စီ တိုက်လေယာဉ်ရဲ့ ထပ်မံရရှိထားတဲ့ အပျက်အစီး မှတ်တမ်းဓာတ်ပုံတွေကို ​ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ဒီနေ့မှာ ထပ်မံထုတ်ပြန်ပါတယ်။
Read More

စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဝင်ပြိုင်ခွင့်ရဖို့ NDF ကိုပြောင်းခဲ့ပေမဲ့ ပါတီထပ်ဖျက်ခံရတာကြောင့် တကိုယ်ရေထဲ ‌ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရတဲ့ ဒေါ်စန္ဒာမင်း စစ်တပ်ပါတီ ကြံခိုင်ရေးထံ ထပ်မံရှုံးနိမ့်

အကြမ်းဖက်စစ်တပ်ရဲ့ ရွှေးကောက်ပွဲအတုကို တက်တက်ကြွကြွ ထောက်ခံပြီး ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းဟာ စစ်တပ်ပါတီဖြစ်တဲ့ ကြံခိုင်ရေးပါတီထံမှာပဲ ထပ်မံရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူမှာ မိုင်းခွဲခံရတဲ့ အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ထွက်လာတဲ့ စစ်အုပ်စုတွေ ထပ်မံမိုင်းခွဲခံရ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်ရှေ့နဲ့ ရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၅ယောက်ခန့် ထိခိုက်ဒဏ်ရာပြင်းထန်နေကြောင်း မင်းဘူးခရိုင်တပ်ရင်း-၄ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လုံခြုံရေးတင်းကျပ်ထားသည့် မန္တလေးမြို့လယ်တွင် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စု လုံခြုံရေး အထူးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်မှာ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့ ထုတ်ပြန်ပါတယ်။