ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအနီးက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း (ခမရ ၅၃၂) ဟာ မနေ့က ဒီဇင်ဘာ ၁၅ ရက် ညပိုင်းမှာ မိုင်းဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

မနေ့ည ၈ နာရီကျော်လောက်မှာ မိုင်း ၃ လုံး ဖောက်ခွဲ တိုက်ခိုက်ခံရတာဖြစ်ပြီး အကြမ်းဖက်စစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

“အသံက အကျယ်ကြီးကြားရတယ်။ စစ်တပ်ထဲဆိုတော့ သွားမကြည့်ရဲဘူး။ မနက်မိုးလင်မှ စစ်သား၂ဦး အပြင်းအထန်ဒဏ်ရာတွေ ရသွားတယ်လို့ သိရတယ်” လို့ လှိုင်သာယာမှာ နေထိုင်သူ အမျိုးသမီးတစ်ယောက်က မောင်းကိုပြောပါတယ်။

မိုင်းပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် အကြမ်းဖက်စစ်သားတွေက ခမရ ၅၃၂ အနီးတဝိုက်နဲ့ ဘုရင့်နောင်တံတား အတက်အဆင်းတွေကို ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

“ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာက ခမရ ၅၃၂ တပ်၊ ဘုရင့်နောင် တံတားထိပ်မှာဖြစ်တော့ ရှေ့ပဲဆက်သွားရတော့မလို နောက်ပဲ ပြန်ပို့ရတော့မလိုနဲ့ နောက်ဆုံးတော့ ကားကို နောက်ပြန်လှည့်ပြီး ဈေးထဲမှာပဲပြန်အိပ်ခဲ့လိုက်ရတယ်” လို့ သီရိမင်္ဂလာဈေးကို ကုန်စိမ်းပို့နေတဲ့ ကားသမားတစ်ယောက်က ပြောပါတယ်။

ခမရ ၅၃၂ ကို မိုင်းဖောက်ခွဲတိုက်ခိုက်မှုကို ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

NUG လက်အောက်ရှိ ရှမ်းတောင်အထူးတပ်ဖွဲ့၏ အရာရှိငယ် (NCO) သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရှမ်းတောင်အထူးတပ်ဖွဲ့  (P.3-9702) က အရာရှိငယ် (NCO) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

သရက်ကန်ပျူရွာကို ဝင်ရောက်တိုက်ခိုက်မှုမှာ အရပ်သား ၄၀ ကျော် တော်လှန်ရေးတပ်တွေဆီ ခိုလှုံလာခဲ့ပြီး စစ်အုပ်စုတွေ တချို့ထွက်ပြေး၊ တချို့သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ပျူရွာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က အသေအပျောက်ရှိသလို တချို့တစ်ဝက်ကတော့ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။
Read More

မောင်ရွှေလေးလို ရေတပ်စခန်းကြီးကို လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက ပင်လယ်ပြင်လေ့ကျင့်ခန်း လုပ်ဦးမယ်လို့ ဆိုပြန်

အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်မှုကြောင့် ရေတပ်စခန်းတွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီရေတပ်က ပင်လယ်ပြင်လေ့ကျင့်ခန်းကို ၄ ရက်ကြာ ပြုလုပ်မယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေများမှ ငလျင်ဒဏ် ထိခိုက်ပြည်သူများကို ခွဲစိတ်ကုသမှုအပါ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်းအတွင်း NUG စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက CDM အထူးကုဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ခွဲစိတ်ကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂန့်ဂေါမြောက်ပိုင်းမှာ စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး ဒုရဲ​အုပ်အပါအဝင် ၂ ယောက်သေကာ ပျူအများအပြား ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ပျူရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုဘက်က ဒုရဲအုပ် ၁ယောက် အပါအဝင် ၂ ယောက် သေပြီး အများအပြားထိခိုက်သွား​ကြောင်း ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။
Read More

အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ မိုးကုတ်မြို့က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။