စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဒီဇင်ဘာ ၁၅ ရက် မနေ့ညနေပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Ar Lar Wa Ka အဖွဲ့ထံက သိရပါတယ်။

ယာဉ်တန်းမှာ ကားတချို့ မီးလောင်ကာ ချောက်ထဲကျသွားပြီး ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ချောက်ထဲကျသွားတဲ့ ယာဉ်တွေကို ကရိန်းနဲ့ ဆွဲတင်နေခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အနီးဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို အာဠာဝက PDF အဖွဲ့၊ မဲမှောင်ပြည်သူ့‌ကာကွယ်ရေးအဖွဲ့နဲ့ ဒေါင်းမင်း PDF တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ၂ ရက် ဝင်ရောက်တိုက်ခိုက်မှု စစ်သားအများအပြားသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ YePhyu People Defence Force - YPPDF ထံက သိရပါတယ်။
Read More

မဲ‌ဆောက်မြို့တွင် သေနတ်ကိုင် ရမ်းကားသူ ၁ ဦးကို အာဏာပိုင်များ အရှင်ဖမ်းဆီး (ရုပ်/သံ)

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ သေနတ်ကိုင် ရမ်းကားနေသူ ၁ ယောက်ကို ထိုင်းအာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြကြပါတယ်။
Read More

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) မှ ရဲဘော်သစ်များ ခေါ်ယူ (ရုပ်/သံ)

စနစ်ဆိုးကို ဖြိုဖျက်ပြီး စနစ်ကောင်းကို တည်ဆောက်နိုင်ဖို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ ရဲဘော်သစ်များ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း (၄) နှစ်ပြည့် အထိမ်းအမှတ် NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ မိန့်ခွန်း (ရုပ်/သံ)

''ငါတို့ PDF ရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိနဲ့ ခုခံတော်လှန်တိုက်ပွဲဝင်ခဲ့ကြတာ ဘယ်လောက်အတိုင်းအတာထိ အောင်မြင်မှုတွေ ရနေပြီလဲဆိုတာ ရဲဘော်တွေအားလုံး မျက်မြင်ကိုယ်တွေ့ပဲ ဖြစ်တယ်။ ဒီအောင်ပွဲတွေမှာ ငါတို့နဲ့အတူ တစ်သွေးတစ်သားတည်း ရပ်တည်တိုက်ပွဲဝင်ပေးခဲ့ကြတဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒေသဆိုင်ရာ ကာကွယ်ရေးတပ်တွေကိုလည်း မေ့ထားလို့မရဘူး။ ဒါ့ကြောင့် ၄ နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ထည့်သွင်းပြောကြားလိုတယ်''
Read More

အကြမ်းဖက်စစ်တပ်၏ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး သေ (ရုပ်/သံ)

သြဂုတ် ၂၃ ရက် မနက်အ‌စောပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို ၄၀ မမ ဗုံးပစ်လောင်ချာ ၃ လုံး ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

နယ်မြေစိုးမိုးနိုင်ရေး ရေနံချောင်း-မကွေး ကားလမ်းပေါ် မှာ ခရီးသွားယာဉ်တွေကို PDF များ ရှောင်တခင်စစ်ဆေး (ရုပ်/သံ)

မကွေးတိုင်း ရေနံချောင်း-မကွေး ကားလမ်းပေါ်မှာ ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်းက နယ်မြေစိုးမိုးနိုင်ရေးအတွက် ခရီးသွားယာဉ်တွေကို ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ မြေလတ်လင်းပိုင်စစ်ကြောင်းထံက သိရပါတယ်။