စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စု၊ အိုမကျေးရွာကို တရုတ် ဝမ်ပေါင် ကြေးနီစီမံကိန်းထဲက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်ရောက်မီးရှို့ ဖျက်ဆီးသွားခဲ့ပါတယ်။

အိုမကျေးရွာမှာ အိမ်ခြေ ၁၀၀ နီးပါးရှိပြီး အကြမ်းဖက်စစ်ကြောင်းလည်း ပြန်လည်ထွက်ခွါသွားပြီမို့ ရွာခံတွေ ရွာထဲအပြန်ဝင်တဲ့အခါမှာ နေအိမ် ၁၈ လုံး မီးလောင်ပြာကျထားတာကို တွေ့ရပါတယ်။

“တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းဆိုက်ကနေ စစ်ကြောင်းထွက်လာတယ်ဆိုလို့ အကုန်ဘေးလွတ်ရာကို ထွက်ပြေးကြခဲ့ရတာ။ ထန်းတော၊ အိုမ၊ ပလောင်ကူတို့ကုန်း၊ ဝက်မှေး၊ ကံတောကျေးရွာမှာနေထိုင်တဲ့ ဒေသခံတွေအကုန် ဘေးလွတ်ရာတွေကိုထွက်ပြေးခဲ့ကြရတာပါ” လို့ အိုမကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေရသူတဲ့ အမျိုးသားတစ်ယောက်က မောင်းကိုပြောပါတယ်။

“ဒီဇင်ဘာလ ၁၄ရက်နေ့မှာ စစ်တပ်တွေ ပြန်ထွက်သွားတယ်လို့ကြားရပြီး ၁၅ရက်နေ့က ရွာအခြေပြန်ကပ်ရတဲ့အချိန်မှာ ကျနော့်အိမ်အပါအဝင် အိမ်ခြေ ၁၈လုံးမီးလောင်ပြာကျနေတာ။ ကျနော်တို့ရွာမှာက မိဘအိမ်မှာ အတူနေတဲ့မိသားစုအိမ်ထောင်စုတွေပါရှိတာလေ ခုတော့ အကုန်လုံးစောက်တည်ရာမဲ့ ဖြစ်ကုန်ကြပြီ။” လို့လည်း အထက်ပါ ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် မြောက်ဘက်အခြမ်းမှာ တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းအတွင်းမှာနေတဲ့ စစ်သားတွေ ရွာတွေကို စစ်ကြောင်းထွက်လာတဲ့အချိန် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်သားတချို့ ထိခိုက်သေဆုံးတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အိုမရွာကို မီးရှို့ဖျက်ဆီးထားပုံ (ဓာတ်ပုံ CJ)

0 Shares:
You May Also Like
Read More

အာဆီယံဟာ မြန်မာ့အရေးကို ဖြေရှင်းပေးခြင်းထက် စစ်အုပ်စုကို အကာအကွယ်ပေးနေတယ်လို့ Blood Money က ထုတ်ပြန်

အာဆီယံက မြန်မာအရေးမှာ ကူညီပေးခြင်းမဟုတ်ဘဲ စစ်အုပ်စုကိုသာ အကာအကွယ်ပေးနေတယ်လို့ Blood Money က ပြောကြားလိုက်ပါတယ်။
Read More

ကော့ကရိတ်မြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်၊ စစ်တပ်က ၇ ဦးထက်မနည်း သေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တောင်ပိုင်းရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၇ ယောက်ထက်မနည်း သေပြီး တော်လှန်ရေးရဲဘော် ၁ ယောက် ကျဆုံးခဲ့တယ်လို့ Southern Eagle PDF က ထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမြို့နယ် တိုက်ပွဲအတွင်း ၁၃ဦးသေကာ အထိနာသည့် စစ်တပ် ရွာထဲက ကြံ့ခိုင်ရေးအမတ် နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးသွား

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ပုဂေါ်ဇွန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ကြံ့ခိုင်ရေးပါတီ အမတ်ရဲ့ နေအိမ်အပါအဝင် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတွေရဲ့ နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

မင်းတပ်မြို့ပေါ်တွင် တားမြစ်ပိတ်ပင်ထားသည့် မူးယစ်သေစာနှင့် အရက်၊ ဘီယာများကို ဖမ်းဆီးဖျက်ဆီး

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်မှာ တားမြစ်ပိတ်ပင်ထားတဲ့ မူးယစ်သေစာနဲ့ အရက်၊ ဘီယာတွေကို ကြားကာလ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြည်သူ့ရဲဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေက ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
Read More

ခလရ ၂၆၉ မှ စစ်သား ၂ ဦး PDF Zoland ထံ လက်နက်နှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၂ ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းမှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၅၉ ဦး သေဆုံးခဲ့…

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၈ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၅၉ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။