မလေးရှားအနေနဲ့ လာမယ့်နှစ်မှာ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို အာဆီယံ အလွတ်တန်းအကြံပေးအဖြစ် ခန့်အပ်တယ်လို့ မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဒီဇင်ဘာလ ၁၆ ရက်မှာ ပြောပါတယ်။

သက်ဆင်ရဲ့ သမီး ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ရဲ့ ၂ ရက်တာ မလေးရှားခရီးစဉ်အတွင်း သူတို့ရဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ အန်ဝါက အခုလို ကြေညာခဲ့တာပါ။

“အာဆီယံနိုင်ငံတွေက အဖွဲ့ဝင်တွေပါဝင်ပြီး အလွတ်သဘောပုံစံမျိုး အဖွဲ့တစ်ဖွဲ့နဲ့အတူ (သက်ဆင်ကို) ကျနော့်ရဲ့ အလွတ်တန်းအကြံပေးအဖြစ် နောက်နှစ် အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ ခန့်အပ်ဖို့ သဘောတူထားပါတယ်” လို့ Bernama သတင်းဌာနက‌ သူ့ရဲ့ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါနှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်

မြန်မာနိုင်ငံက အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မလေးရှားကို ထိုင်းက ပံ့ပိုးကူညီခဲ့တယ်လို့ သူတို့ရဲ့ တွေ့ဆုံမှုအပြီး ထုတ်ပြန်တဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မလေးရှားအနေနဲ့ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အာဆီယံရဲ့ မြန်မာပြည်ဆိုင်ရာ အထူးသံတမန်ရုံး ဖွင့်လှစ်ဖို့ စီစဉ်နေကြောင်းလည်း ထုတ်ပြန်ထားတာပါ။

တဆက်တည်းမှာပဲ ခရီးသွားကဏ္ဍကို မြှင့်တင်ဖို့နဲ့ နယ်စပ်ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာဖို့အရေး နှစ်နိုင်ငံအကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒါ့အပြင် ၂၀၂၇ အမီ နှစ်နိုင်ငံကုန်သွယ်ရေးကို ဒေါ်လာ သန်း၃၀ အထိ ရောက်လာဖို့အရေး ပိုမိုအားကောင်းလာအောင် တွန်းတိုက်လုပ်ဆောင်သွားဖို့လည်း သဘောတူခဲ့ကြပါတယ်။

ကိုးကား – Malaysia appoints Thaksin as informal advisor on Asean

0 Shares:
You May Also Like
Read More

ချင်းမိုင်မှာ KNU ထံ ပို့ဆောင်မည့် လက်နက်များ ဖမ်းဆီးရမိဟု ဆို

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ပို့ဆောင်မယ့် စစ်လက်နက် ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြလာပါတယ်။
Read More

ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကို မြန်မာနိုင်ငံအတွက် တာဝန်ပေးအပ်ထားမှုအပေါ် ပြန်လည်သုံးသပ်ဖို့ ကုလအတွင်းရေးမှူးချုပ်ထံ တောင်းဆိုတိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ (Julie Bishop) ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အကျိုးစီးပွားပဋိပက္ခ ရှိ၊ မရှိ အမြန်ဆုံးစစ်ဆေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာအနေဖြင့် နယ်ကျော်ရာဇဝတ်မှုများ ဖြေရှင်းရန် အာဆီယံ လိုလား

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုရှိနေတဲ့ နယ်ကျော်ရာဇဝတ်မှုပြဿနာကို မြန်မာအနေနဲ့ ဖြေရှင်းဖို့ အာဆီယံက လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် ဂျပန် ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို NUG ကိုယ်စားလှယ် တက်ရောက်

ဂျပန်နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ် ဦးစောဘလှသိန်းနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

မြန်မာ့အရေးဖြေရှင်းရာတွင် မလေးရှား လုပ်သွားသည့်အတိုင်း ဆက်လုပ်သွားမည်ဟု ဖိလစ်ပိုင် ပြော

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လာမယ့် အာဆီယံ ဥက္ကဋ္ဌအဖြစ် မြန်မာ့အရေးကို ကိုင်တွယ်တဲ့နေရာမှာ မလေးရှား  လုပ်သွားတာတွေကို ဆက်လက် လုပ်ဆောင်ဖို့ ဦးစားပေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ထရေဆာ လာဇာရိုက နိုဝင်ဘာ ၁၇ ရက် တနင်္လာနေ့မှာ ပြောပါတယ်။
Read More

စစ်ကောင်စီကို နိုင်ငံတကာ အရေးယူပေးဖို့ တောင်းဆိုမှုဟာ မျက်ကွယ်ပြုခံနေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

စစ်ရာဇ၀တ်မှုတွေ ဆိုးရွားစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ တောင်းဆိုနေမှုကို နိုင်ငံတကာက မျက်ကွယ်ပြုနေဆဲဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောကြားလိုက်ပါတယ်။