အာရက္ခတပ်တော် AA က တောင်ကုတ်က အမှတ်(၅) စစ်ဆင်ရေးဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ကာ တောင်ကုတ်မြို့တစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA ရဲ့ စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။ 

တောင်ကုတ်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်နေ့က ထိန်းချုပ်ပြီးနောက် စကခ ၅ တပ်မ၊ ခမရ ၃၄၆ တပ်ရင်း၊ ခမရ ၅၄၄ တပ်ရင်းတို့ကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာ စကခ ၅ တပ်မအပါအဝင် တပ်ရင်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

လွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံဖမ်းဆီး ရှင်းလင်းလျက်ရှိကြောင်း၊ ရခိုင်ရိုးမတောင်ခြေက တောင်ကုတ်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်လိုက်တာကြောင့် AA ဟာ ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ပြည်မြို့အထိ လမ်းကြောင်းပွင့်သွားတာ ဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက ဆိုပါတယ်။ 

AA ဟာ ပလက်၀မြို့နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မင်းပြားမြို့နယ်၊ မောင်တောမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ သံတွဲမြို့နယ် အပါအဝင် မြို့နယ် စုစုပေါင်း ၁၃မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

လတ်တလောမှာတော့ အမ်းနဲ့ ဂွမြို့တွေကို ဆက်လက်ထိုးစစ်ဆင်နေပြီး ကျောက်ဖြူနဲ့ စစ်တွေမြို့သာ တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိတော့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဟာ မြို့ရွာတွေကို ဆက်တိုက် လက်လွှတ်ဆုံးရှုံးနေရပြီး မနေ့က ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က AA အနေနဲ့ လက်နက်စွန့်ပြီး နိုင်ငံရေးအရ ဆွေးနွေးသင့်တယ်လို့ ပြောကြားထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ပြည်သူတွေအတွက် ကျိန်စာမဖြစ်စေဖို့ သယံဇာတများကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်ကြောင်း NUG ဝန်ကြီးချုပ် ပြောကြား

သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေနဲ့အတူ ပြည်သူတွေကို ဒုက္ခပင်လယ်ထဲ တွန်းပို့နိုင်တဲ့ သယံဇာတကျိန်စာ မဖြစ်ပေါ်စေဖို့အတွက် သယံဇာတတွေကို စနစ်တကျ စီမံခန့်ခွဲဖို့ လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။
Read More

အတင်းအဓမ္မ တပ်သားစုဆောင်းခံခဲ့ရသည့် ခမရ (၅၅၈)မှ စစ်သား ၂ ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၅၅၈) တပ်ရင်းကနေ စစ်ကောင်စီတပ်သား ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

သေဘောဘိုးစခန်းကို စစ်ကူလာသည့် စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်း၊ စစ်သားအချို့ အရှင်ဖမ်းမိ…

ကရင်ပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာစခန်းကနေ သေဘောဘိုး စခန်းအတွက် စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး စစ်သားအချို့ အရှင်ဖမ်းမိထားတယ်လို့ ရှေ့တန်းတော်လှန်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

Chinland အစိုးရတပ်ဖွဲ့ စစ်ကြောင်းများ အကြမ်းဖက်စစ်တပ် အင်အား ၅၀ ကျော်ကို ထပ်မံချေမှုန်း

Chinland အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁)၊ စစ်ကြောင်း (၂) နဲ့ အကြမ်းဖက်စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ဆက် လက် ဖြစ်ပွားနေပြီး တော်လှန်ရေးမဟာမိတ်အင်အားစုတွေက စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၀ ကျော်ကို ထပ်မံချေမှုန်း သုတ်သင်နိုင်ခဲ့တယ်လို့ Chinland ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

PDF လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို ၄ နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ရှိ နိုင်ငံတစ်ဝန်းက တပ်ရင်းတပ်ဖွဲ့ ၃၀၀ ကျော်ကို အမေရိကန်ဒေါ်လာ ၂၄.၉ သန်းခန့် တပ်ရင်းထောက်ပံ့စရိတ် ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
Read More

ရခိုင်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် တစ်နှစ်တာအတွင်း အဆောက်အအုံ ၁၅၀ ကျော်နဲ့ တံတားအစင်းရေ ၂၈ စင်း ပျက်စီးခဲ့

အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီရဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် လူနေ အဆောက်အအုံ ၁၅၀ ကျော်လောက် ပျက်စီးခဲ့ရကြောင်း AA က အသိပေးထုတ်ပြန်ပါတယ်။