စစ်အာဏာသိမ်းမှု (၃) နှစ်ကျော်ကာလအတွင်း စစ်ကောင်စီအခြေစိုက်စခန်းပေါင်း ၃၅၀ ကျော်လောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့် ဆုတ်ခွာခဲ့ရတယ်လို့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက သုတေသနပြုလုပ်ပြီး ပြန်လည်ထုတ်ပြန်ပါတယ်။ 

မြေပြင်မှာ လက်ရှိအရေအတွက်ထက် ပိုမိုများပြားနိုင်ပြီး ဒီလိုဆုတ်ခွာရမှုတွေဟာ စစ်ကောင်စီရဲ့ ဗျူဟာအရ နောက်ဆုံးပေးခဲ့ရတာတွေ ရှိသလို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့်လည်း အဓိကပါဝင်တယ်လို့ ဆိုပါတယ်။

ဒီလိုစခန်းတွေထဲမှာ စစ်ကောင်စီဘက်က လူအင်အားနဲ့ လက်နက်ရိက္ခာ မထောက်ပံ့ပေးနိုင်လို့ ဆုတ်ခွာလိုက်ရတဲ့ စခန်းတွေ ရှိသလို တော်လှန်ရေးတပ်တွေရဲ့ ဖိအားပေးထိုးစစ်ကြောင့် လက်နက်ချအညံ့ခံလိုက်ရတဲ့ စခန်းတွေ များစွာရှိတယ်လို့ ဖော်ပြထားပါတယ်။

အခု နှစ် ၂၀၂၄ ခုနှစ်အတွင်းမှာပဲ တော်လှန်ရေးအင်အားစုတွေဘက်က တစ်ဖက်သတ်အားသာလာမှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီစခန်းပေါင်း ၁၄၀ ကျော်ဟာ အလိုအလျောက်စွန့်ခွာပေးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး နိုဝင်ဘာလ အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့က လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ Karen Information Center)

မြေပြင်က ရရှိထားတဲ့ စာရင်းတွေအရ စခန်းဆုတ်ခွာရမှု အများဆုံးဟာ ကချင်ပြည်နယ်ဖြစ်ပြီး ၊ဒုတိယအများဆုံးက ကရင်ပြည်နယ်နဲ့  တတိယအများဆုံးကတော့ မကွေးတိုင်း ဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ စခန်းကုန်းတွေကိုသိမ်းပိုက်မှုတွေထဲမှာ စစ်တပ်စခန်းသီးသန့် မဟုတ်ဘဲ ပူးပေါင်းတပ်စွဲထားတဲ့ ပြည်သူ့စစ်၊ BGF နဲ့ ကချင်ပြည်နယ်မှာဆိုရင် ရှမ်းနီတပ်တွေနဲ့ ရခိုင်ပြည်နယ်အတွင်း RSO တပ်ဖွဲ့တွေ ပါဝင်တယ်လို့ သိရပါတယ်။ 

ထူးခြားချက်တွေအရ ချင်းပြည်နယ်က စစ်ကောင်စီစခန်းကုန်းတချို့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေက မတိုက်ခိုက်ရဘဲ အလိုအလျောက် စခန်းကိုစွန့်ခွာ သွားမှုတွေ ရှိခဲ့ပါတယ်။

စခန်းကုန်း တိုက်ခိုက်မှုတွေကနေ လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှုအများဆုံးက ကချင်ပြည်နယ် ဖြစ်ပြီး ရာနဲ့ချီတဲ့ စခန်းတွေက လက်နက်ကြီး၊ လက်နက်ငယ်အများဆုံးရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ဌာနချုပ်နဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန်မှာ အခုလို စခန်းကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရရှိထားမှုက အရေးပါတယ်လို့ CDM တပ်မတော်သားတွေက ငါတို့အားမာန်ပြည်သူ့အသံ အစီအစဉ်မှာ ပြောကြားထားပါတယ်။ တိုင်းရင်းသားဒေသတွေက တချို့သော စခန်းကုန်းတွေဟာ စစ်ကောင်စီက ဆယ်စုနှစ်ချီ တပ်စွဲထားတဲ့နေရာတွေဖြစ်ပြီး အရေးပါဗျူဟာကျတဲ့ နေရာတွေဖြစ်တယ်လို့  သူတို့က ပြောပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ကရင်ပြည်နယ်လေးကေ့ကော်ဒေသက စွယ်တော်ကုန်းစခန်းသိမ်းတိုက်ပွဲဟာ နာမည်ကြီးခဲ့ပြီး စစ်ကောင်စီထံက လက်နက်ခဲယမ်းများရရှိခဲ့ကာ ရက်ပေါင်းရှည်ကြာ တိုက်ခိုက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွင်းထူးခြားချက်အနေနဲ့ကတော့ သိမ်းပိုက်မှုထဲ မြေပြန့်ဒေသမှာ NUG လက်အောက်ခံ မန္တလေး PDF တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တဲ့ မတ္တရာဒေသက စစ်ကောင်စီစခန်းကုန်းတွေ ပါဝင်လာပြီး ကာကင်းတွေ၊ ဘန်ကာတွေ အထပ်ထပ်ပိတ်ဆို့ထားတဲ့ကြားက တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ထိုင်းနဲ့ မြန်မာနယ်စပ်က စစ်ကောင်စီနယ်စပ်စခန်းတွေ၊ ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်အနီးက စစ်ကောင်စီစခန်းတွေဟာလည်း အလိုအလျောက် စွန့်ခွာသွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက အလိုအလျောက် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲအပေါ် ပြင်သစ်အစိုးရ ကန့်ကွက်၊ နိုင်ကျဉ်းများ လွှတ်ပေးရန်နှင့်  အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

ပြင်သစ်အစိုးရက မြန်မာစစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနဲ့ အားလုံးပါဝင်မှုဆိုင်ရာ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီနေကြောင်း မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်တဲ့  "၂၀၂၀ ပြည့်နှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲ၊ ပဥ္စမမြောက် နှစ်ပတ်လည်နေ့" ဆိုင်ရာ ကြေညာချက်မှာ ထည့်သွင်းပြောဆိုပါတယ်။
Read More

မြန်မာ့ပြည်တွင်းစစ်ထဲမှာ သမိုင်းဝင်အမွေအနှစ်တွေ ဘယ်လို ဖျက်ဆီးခံနေရသလဲ

ပဋိပက္ခကာလ ငါးနှစ်နီးပါးရှိလာတဲ့အလျောက် ဒီပဋိပက္ခကြီးဟာ တိုင်းပြည်အနှံ့မှာရှိတဲ့ အဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင် အမွေအနှစ်နေရာတွေကို ထိခိုက်မှုများစွာ ဖြစ်လာစေပါတယ်။ 
Read More

စစ်ဒဏ်သင့် မြန်မာပြည်တွင် စစ်တပ် ဟန်ပြရွေးကောက်ပွဲကျင်းပ

အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာ ဒီဇင်ဘာလ ၂၈ ရက်ကစလို့ စစ်တပ်က ဟန်ပြရွေးကောက်ပွဲတွေ ကျင်းပနေပါတယ်။
Read More

ရုန်းနိုင်မှ သေဘေးက လွတ်မြောက်မည့် စစ်မှုထမ်းတပ်သားများ

ကရင်နီ၊ ရခိုင်နဲ့ အညာစစ်မျက်နှာတွေမှာ စစ်မှုထမ်းတပ်သားသစ် သေဆုံးမှုတွေ ဆက်တိုက်ရှိလာပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လက်အောက်ကနေ လူငယ်တွေလွတ်မြောက်ဖို့ ကြိုးစားသင့်တယ်လို့ နိုင်ငံရေးအင်အားစုတွေက ဆက်တိုက် တိုက်တွန်းလာနေပါတယ်။
Read More

စစ်ကောင်စီထံက စစ်ရေးအရ အရေးပါတဲ့ လေဆိပ် ၄ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထား

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရပ်တည်ချက်ပြိုလဲပြီး ယိုင်နဲ့လာတဲ့ မြန်မာစစ်တပ်

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့သုံးနှစ်တာကာလအတွင်း သမိုင်းဝင်အရှုံးတွေကို သည်းညည်းခံရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး ၎င်းရဲ့သက်တမ်းတလျှောက် အားအနည်းဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။