ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF တပ်ဖွဲ့မှူးနဲ့ စစ်ကြောင်း ၁ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲ တစ်ပွဲပြီး တစ်ပွဲ ဆင်နွှဲနိုင်ဖို့က ကျည်ခဲယမ်း အဓိက လိုအပ်သလို အောင်ပွဲ တစ်ခုပြီး တစ်ခု ရယူဖို့က စိတ်ဓာတ် အဓိက လိုအပ်ကာ အခက်အခဲအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ဖို့ စည်းလုံးညီညွတ်မှု အဓိက လိုအပ်တယ်လို့ SOF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

သာယာဝတီခရိုင်အတွင်း ဆိုင်ကယ်နောက်မှာ အမျိုးသား လိုက်ပါစီးနင်းခွင့် စစ်ကောင်စီ ပိတ်ပင်ထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းက မြို့နယ်တွေမှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား၂ယောက် စီးနင်းတာနဲ့ အမျိုးသမီးတွေနောက် အမျိုးသားတွေလိုက်ပါ စီးနင်းတာမျိုးမလုပ်ဆောင်ကြဖို့ စစ်ကောင်စီ တားမြစ်လိုက်တာဟာ အရပ်သား​​​တွေ အခက်တွေ့အောင်လုပ်ဆောင်တာလို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

တရုတ်အစိုးရ မြန်မာ့အရေးမှာ စွက်ဖက်မှုနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ကူညီနေမှုအပေါ် အမေရိကန်မှာ ဆန္ဒပြ

တရုတ်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေမှုတွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကူညီပေးနေမှုအပေါ် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က ဇေတဝန်ကျောင်းတိုက်မှာ ဒီဇင်ဘာ ၇ရက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ 
Read More

ငဖဲမြို့နယ်မှာ လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းက ကင်းလှည့်ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်ရာ ၃ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရ…

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ လှည့်ကင်းထွက်လာတဲ့ လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်စခန်းက စစ်ကောင်စီတပ်သား (၆) ယောက်ကို ပစ်ခတ်တိုက်ခိုက်ရာ (၃) ယောက် သေပြီး လက်နက်တစ်လက် သိမ်းဆည်းရရှိခဲ့တယ်လို့ PRA-Magway က ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူက ပျူစောထီး ၂ ဦး မိသားစုကို ခေါ်ဆောင်ကာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ဘဲကြီးအုပ်စု၊ အောင်သာရွာက ပျူစောထီး ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသားစုကိုခေါ်ပြီး အလင်းဝင်ခဲ့တယ်လို့ ပခုက္ကူခရိုင် ပကဖ တပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

သံဖြူဇရပ်မှာ အတွင်းစခန်းကြီးရွာထဲ တပ်စွဲနေတဲ့စစ်တပ် တစ်နေ့တည်း ၃ကြိမ်ပြောက်ကျားတိုက်ခိုက်ခံရပြီး ၅ယောက်သေကာ ၄ယောက်ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တစ်နေ့တည်း ပြောက်ကျားစနစ်နဲ့ ၃ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးပြီး ၄ယောက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ညိုစစ်ကြောင်းထံက သိရပါတယ်။ စက်တင်ဘာ ၁၇ရက်၊ မနေ့က နေ့လည်ပိုင်းမှာ သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီးရွာကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို တောင်ညိုစစ်ကြောင်းတပ်ဖွဲ့ဝင်တွေက ပထမဆုံးအကြိမ် ပြောက်ကျားပုံစံနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလောမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်းထားသည့် တပ်ကြပ်ကြီးစာရေး (အကူ) (၁) ဦးနှင့် ဒု-တပ်ကြပ် (၁) ဦး လက်နက်များနှင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဘုတ်ခြံအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သား စုဆောင်းခံထားရတဲ့ စစ်သား (၂) ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။