တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၈၀ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၇ယောက် သေဆုံးခဲ့တယ်လို့  Monywa Inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် တရုတ်ဝမ်ပေါင်ကုမ္မဏီကနေ ထွက်လာတဲ့ စစ်ကောင်စီ တပ်သား (၈၀)ကျော်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက် မနက်အစောပိုင်းမှာ  တိုက်ခိုက်ခဲ့တာလို့ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်မှာ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ထန်းတော ဇာတ်ဆိပ်အနီးမှာ တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်သား (၇) ယောက် နေရာမှာတင်ပွဲချင်းပြီး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွါးချိန်အတွင်း ဝမ်ပေါင်ကုမ္ပဏီဘက်ကနေ စစ်တပ်က လက်နက်ကြီးတွေ ပစ်ကူပေးပြီး ကားသုံးစီး အင်အားအပြည့်နဲ့ စစ်ကူရောက်လာခဲ့ပါတယ်။ ဒါ့အပြင် မုံရွာဘက်ကမ်း Ocean အနီးကနေလည်း လက်နက်ကြီးတွေ ပစ်ကူပေးခဲ့ပြီး စစ်ကား (၅)စီး နဲ့ စစ်ကူတွေ ရောက်လာလို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွါခဲ့ရပြီး အထိအခိုက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို Monywa Inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ Triple Two Task Force ၊ ဗျူဟာ (၄၄) ၊ ဆားလင်းကြီးမြို့နယ် မြို့နယ်လက်ရုံးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အကြမ်းစစ်တပ်ယာဉ် ၃ စီးကို စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BRAVE HEART ARMY-BHA အဖွဲ့ထံက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း မိုင်းရှင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ဖောက်ခွဲတိုက်ခိုက်မှု ၄ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နတ်ရေကန်အကြမ်းဖက်စစ်တပ်ဂိတ်ကနေ ရေပိုးစားဘက် အင်အား ၃၀ ခန့်နဲ့ လမ်းပိုင်းမိုင်းရှင်းဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို စက်တင်ဘာ ၂၇ ရက် မနက်ပိုင်းက ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၁၁) တပ်ရင်းထံက သိရပါတယ်။
Read More

ရေနံချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေ မိုင်းဆွဲပြီး တိုက်ခိုက်ခံရမှုကြောင့် ၇ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ၁၈ ရက်ကြာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ People's Defence Force -Yenangyaung အဖွဲ့ထံက သိရပါတယ်။
Read More

မြောင်က ကျောက်ရစ်စခန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Anyar Federal Task Force (A F T F) မှ ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။ 
Read More

ဒီမိုကရေစီနေ့အခမ်းအနားတွင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလပြောကြားခဲ့သော အထိမ်းအမှတ်မိန့်ခွန်း (ရုပ်သံ)

''ရေဘေးဒုက္ခများကို ပြည်သူများဟာ ဆိုးဝါးစွာ ခံစားနေရတာ စိတ်မကောင်းစွာ မြင်တွေ့နေရ တဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်များရဲ့ အာဏာ လောဘစိတ်များကြောင့် တိုင်းရင်းသားပြည်သူများဟာ စစ်ဘေးဒဏ်၊ သဘာဝဘေးဒဏ် တွေကို အခြားနိုင်ငံများထက် ပိုပြီး ဆိုးဝါးစွာ ရင်ဆိုင်ခံစားနေရတာဖြစ်ပါတယ်။ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ဖို့နေနေသာသာ အရပ်သားပြည်သူများကို ဗုံးကြဲတိုက်ခိုက်ဖို့သာ တာစူနေတွေ့မြင်ရပါတယ်''
Read More

အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်များ၏ စစ်ဆင်ရေးလေ့ကျင့်မှု (ရုပ်/သံ)

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် (၁) အထူးတပ်ရင်း Special Regiment-1 ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု မှတ်တမ်း ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။