မြန်မာပြည်က ရွေးကောက်ပွဲကိုလာရောက်လေ့လာမယ့် ရုရှားနိုင်ငံက အဖွဲ့တွေကို လုံခြုံရေးပေးဖို့ လက်နက်ကိုင်လုံခြုံရေးတပ်သားများစေလွှတ်ခြင်းဟာ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရုရှားအပါအဝင် နိုင်ငံတကာကို ၎င်းတို့ပြုလုပ်မယ့် ရွေးကောက်ပွဲကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ထားပြီး ရုရှားနိုင်ငံက လာရောက်သူတွေအတွက် လုံခြုံရေးပေးဖို့ ရုရှားနိုင်ငံက စီစဉ်နေတဲ့အပေါ် NUCC က အင်္ဂလိပ်ဘာသာနဲ့  ဒီဇင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ကန့်ကွက်လိုက်တာပါ။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို ကာကွယ်ဖို့ဆိုကာ  ရုရှားလုံခြုံရေးတပ်ဖွဲ့များ စေလွှတ်တဲ့ လုပ်ရပ်ဟာ မြန်မာပြည်တွင်း အကြမ်းမဖက်လှုပ်ရှားမှုများကို တိုက်ခိုက်ရန်နဲ့ မြန်မာနိုင်ငံကို ကျူးကျော်ရန် ကြီးမားသည့် အစီအစဉ်တရပ်ဖြစ်လို့ NUCC အနေဖြင့် ရုရှား၏ ထိုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဆိုပါတ်။

တစ်ဆက်တည်းမှာပဲ  စစ်ကောင်စီနဲ့ ရုရှားအကြား ကတိကဝတ်သဘောတူညီမှုတွေဟာ တရားဝင်မှု မရှိဘဲ   ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာပါက ပျက်ပြယ်သွားမှာဖြစ်ကြောင်း ရေးသားထားပါတယ်။

ရုရှားနိုင်ငံရဲ့ လုပ်ရပ်ဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မလေးစားရာရောက်ပြီး မြန်မာ့အရေးမှာ လက်နက်ကိုင်နည်းနဲ့ ဝင်ရောက် လာခြင်းဖြစ်လို့ နိုင်ငံတကာရဲ့ အကူအညီကိုရယူကာ အခုလုပ်ရပ်ကို ဆက်လက် ကန့်ကွက်သွားမယ်လို့ NUCC ကဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ တရုတ်ခရီးစဉ်အတွင်းမှာလည်း မြန်မာနိုင်ငံက တရုတ်စီမံကိန်းတွေကို ကာကွယ်ဖို့ဟုဆိုကာ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်နိုင်အောင် သဘောတူညီမှုတချို့လည်းပြုလုပ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ထောက်ခံရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တိုက်တွန်း

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြတ်သားစွာ ပယ်ချကြဖို့ တိုက်တွန်း လိုက်ပါတယ်။
Read More

မြောက်ဦးဆေးရုံကို စစ်တပ် တိုက်ခိုက်မှုအပေါ် တုန်လှုပ်ခြောက်ခြားမိကြောင်း WHO အကြီးအကဲ ပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်မှုဖြစ်ပြီး လူပေါင်းများစွာရဲ့ ကျန်းမာရေးစောင့်ရှောက်ခံယူမှုအပေါ် ကြီးကြီးမားမား နှောင့်ယှက်ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ တက်ဒရော့စ် (Tedros) က ပြောကြားလိုက်ပါတယ်။
Read More

မြန်မာ့အရေးကို သတိကြီးကြီးထား ချဉ်းကပ်နေတယ်လို့ အာဆီယံဥက္ကဋ္ဌ ပြော

မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ အရေးကြီးတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေး သတိကြီးကြီးထားပြီး တဖြည်းဖြည်း လုပ်ဆောင်နေကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟန်က ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောပါတယ်။
Read More

မြန်မာအပါအဝင် အာရှရွှေ့ပြောင်းများကို တောင်ဆူဒန်နိုင်ငံဆီ ထရမ့်အစိုးရ ပြည်နှင်ဒဏ်ပေး

အမေရိကန်အစိုးရက မြန်မာနဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေက ရွှေ့ပြောင်းတွေကို ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အရှေ့အာဖရိကနိုင်ငံ တောင်ဆူဒန်ဆီ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ လူဝင်မှုကြီးကြပ်ရေးရှေ့နေတွေက ဖက်ဒရယ်တရားသူကြီးကို အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

လေကြောင်းပြပွဲအတွင်း လေ့ကျင့်နေတဲ့ F-16 တိုက်လေယာဉ်ပျက်ကျ (ရုပ်/သံ)

ပိုလန်နိုင်ငံအလယ်ပိုင်းမှာ ပြုလုပ်မယ့် လေကြောင်းပြပွဲတစ်ခုမှာ အစမ်းလေ့ကျင့်ပျံသန်းနေတဲ့ F-16 တိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့ပါတယ်။ 31st Tactical လေတပ်စခန်းမှာ ပြုလုပ်တဲ့ ဩဂုတ် ၂၈ ရက်နေ့က လေကြောင်းပြပွဲအတွင်း ပိုလန်စစ်တပ်က ဝယ်ယူထား တဲ့ အမေရိကန်နိုင်ငံလုပ် F-16 တိုက်လေယာဉ်ကို လေ့ကျင့်ပျံသန်းရင်း လေယာဉ်ပြေးလမ်းပေါ် ထိုးကျကာ မီးလောင်ပေါက်ကွဲခဲ့ပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသား ၄၀၀၀ လောက်ကို သက်ဆိုင်ရာနိုင်ငံများထံ ဆက်လက်လွှဲပြောင်းပေးဖို့ လုပ်ဆောင်နေဟု BGF ပြော

ကျားဖြန့်လုပ်ငန်းတွေက နိုင်ငံခြားသား ၃၀၀၀ လောက်ကို သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသီးသီးထံ ပြန်လည် လွှဲပြောင်းပို့ဆောင်ပြီးပြီဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် BGF က ပြောပါတယ်။