အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာပယ်ဟေးမြို့ရောက်  မြန်မာတက်ကြွလှုပ်ရှားသူတွေက  မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

မြောက်ကယ်ရိုးလိုင်းနားရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေက စစ်အာဏာရှင်နဲ့ တရုတ် ပေါင်းပြီး လုပ်ဆောင်မယ့် စီးပွားရေးတွေ၊ တိုင်းပြည်ထဲဝင်ရောက်နေရာယူမယ့် တရုတ်တပ် ကိစ္စတွေ၊ သူတို့ရဲ့ အကျိုးစီးပွားကာကွယ်ဖို့လုပ်တာတွေ ရပ်တန့်သွားတဲ့အထိ ဆန္ဒပြမှုတွေကို လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီဇင်ဘာလ ၁၄ရက်နေ့က တရုတ်အစိုးရကို ဆန့်ကျင်မှုမှာ အမေရိကရောက် မြန်မာပြည်သူတွေ အဓိက ပူးပေါင်းပါ၀င်ခဲ့ကြပြီး ဆန့်ကျင်လှုပ်ရှားမှုတွေကို အရှိန်မြှင့်မယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာက ပြည်ပရောက်မြန်မာတွေဟာ တရုတ်ကောင်စစ်၀န်ရုံး၊ တရုတ်သံရုံးရှေ့တွေမှာ အပတ်စဉ်တိုင်း စစ်အာဏာရှင်နဲ့ပူးပေါင်းနေတဲ့ တရုတ်ကိုဆန့်ကျင်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိနေပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီပြည်စစ်မြေပြင်မှာ KNDF တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့

ကရင်နီပြည်စစ်မြေပြင်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ တပ်ရင်း ၂၅ က ဆေးမှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ နေ့စဉ် လေကြောင်းတိုက်ခိုက်နေရင်း ဟန်ပြအပစ်ရပ်မှုကို ဆက်လက်သက်တမ်းတိုး

ငလျင်ကြောင့် အပစ်ရပ်တယ်လို့ ဟန်ပြပြောဆိုကာ နေ့စဉ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်လိုက်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်ပါတယ်။
Read More

ချင်းမိုင်မြို့ စစ်ရှောင်ရန်ပုံငွေ ရုပ်ရှင်ပြပွဲကို လာရောက်အားပေးဖို့ တော်လှန် အနုပညာရှင်များ ဖိတ်ခေါ်

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇန်နဝါရီ ၂၀ ရက်နေ့ ပြသမယ့် တော်လှန်အနုပညာရှင်တွေ ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားတွေကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင်တွေက ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။
Read More

နိုင်ငံအနှံ့ ဗုံးကြဲနေသည့် စစ်ကောင်စီ အပစ်ရပ် ၁ လ သက်တမ်းတိုးကြောင်း ဟန်ပြထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပစ်ရပ်ကာလကို မေ ၆ ရက်ကနေ ၃၁ ရက်အထိ ၁ လ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကားနောက် ဆိုင်ကယ်မောင်းနှင်လာသည့် သားအမိ ၂ ယောက် ဗုံးထိမှန်ကာ သမီးဖြစ်သူ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ကားနောက်ကနေ ဆိုင်ကယ်မောင်းနှင်လာတဲ့ သားအမိ ၂ ယောက် ဗုံးထိမှန်ပြီး သမီးဖြစ်သူ သေဆုံးသွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ရာအိမ်မှူးကို သဲကုန်းပကဖ ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကွေ့တက်အုပ်စု၊ နွယ်ကောက်ရွာ ရာအိမ်မှူး အေးထွန်း ဆိုသူကို စစ်ကောင်စီတပ်တွေ အလိုကျ မလုပ်ဆောင်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သဲကုန်းပကဖ က ထုတ်ပြန်ထားပါတယ်။