စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ယောက် သေဆုံးခဲ့တယ်လို့  Monywa Inventor အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနက်အစောပိုင်းက ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ထန်းတော ဇာတ်ဆိပ်အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီက ဝမ်ပေါင်ကုမ္ပဏီနဲ့ မုံရွာဘက်ကမ်း Ocean အနီး နေရာ ၂နေရာကနေ လက်နက်ကြီးတွေ ပစ်ကူပေးခဲ့သလို စစ်ကား (၅)စီး နဲ့ စစ်ကူတွေ ရောက်လာလို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

“တိုက်ပွဲဖြစ်ချိန် ၄၅မိနစ်မှာ စစ်တပ်ဘက်က ​၇ယောက် နေရာတင် ပွဲချင်းပြီးသေပါတယ်။ ကျနော်တို့ လက်နက်ကောက်ဖို့ကြိုးစားပေမယ့် စစ်ကူပေးတာကြောင့် လက်နက်တော့ မရခဲ့ပါဘူး။ ဒီအတိုင်း အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခဲ့ရပါတယ်။” လို့ Monywa Inventor တိုက်ခိုက်ရေးခေါင်းဆောင် မိုးသောက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Monywa Inventor နဲ့အတူ Triple Two Task Force ၊ ဗျူဟာ (၄၄) ၊ ဆားလင်းကြီးမြို့နယ် မြို့နယ်လက်ရုံးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၄ရက်မနေ့ကလည်း တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်ရင်း အိမ်ခြေ ၁၀၀နီးပါးရှိတဲ့ အိုမ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ ဝက်မှေး၊ ဒုန်းတော၊ ညောင်ပင်ကြီး၊ ထန်တောကြီး၊ တုံ၊ ဝဲကွဲ၊ ဝဲကြီးနဲ့ ကူတို့ကုန်း ကံတောကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော်လောက်ဟာ စစ်ကြောင်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီ၏ တပ်မ ၉၉ မှ စစ်မှုထမ်းဆင်း စစ်သား ၃ ဦး လက်နက်များနှင့်အတူ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီ အလင်းဝင်

အကြမ်ဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် ၉၉ လက်အောက်ရှိ စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၃ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မှတ်ပုံတင် ၈/ ဖြစ်တာကြောင့် PDF အဖြစ် စွပ်စွဲခံရပြီး စစ်တပ်ထဲ ဆွဲခေါ်ခံခဲ့ရသူ ပြန်လည်လွတ်မြောက် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် “တစ်ခုတည်းသော ဗဟိုကွပ်ကဲမှု” အောက်တွင် စုစည်းရန် KIO နှင့် NUG ခေါင်းဆောင်များ တိုက်တွန်း

စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒ အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုအားလုံး တစ်ခုတည်းသော ဗဟိုအမိန့်ပေးကွပ်ကဲမှုအောက်မှာ စုစည်းညီညွတ်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ခေါင်းဆောင်တွေက ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူးမိန့်ခွန်းတွေက တဆင့်တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Read More

ဝက်လက်အရှေ့ခြမ်းကို စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၄ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ၄ ယောက် သေဆုံးပြီး ၅ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network တာဝန်ခံထံက သိရပါတယ်။
Read More

နိုင်ငံတကာပါလီမန်များ ညီလာခံမှာ မြန်မာ့အရေးကို ထည့်သွင်းတင်ပြနိုင်ခဲ့

ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ပါလီမန်များညီလာခံမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ အဆိုကို တင်သွင်းနိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်မှုဖြင့် ဖမ်းဆီးထားသူ ၂၀၀ ကျော်ပြီဟု စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ပြော၊ ဆက်ဖမ်းဦးမည်ဟု ကြိမ်းဝါး

အကြမ်းဖက် အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးထားသူ ၂၂၉ ယောက်ရှိပြီလို့ စစ်ကော်မရှင်ခန့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ထုတ်ပြောခဲ့ပါတယ်။