1027 စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ COD အောက်ကနေ တိုက်ခိုက်ပြီး နွေဦးအောင်ပွဲအတွက် အရွေ့တစ်ခုကို ဖော်ဆောင်ခဲ့ကာ အညာမြေကို ပြန်လည်ခြေချခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၂၆ ရဲဘော်တွေကို ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၂၆ ရဲဘော်တွေဟာ ရှမ်း-မန်းစစ်ဆင်ရေးကို ၁ နှစ်နီးပါးကြာ ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကို မမှုဘဲ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၆ က ထုတ်ပြန်ထားပါတယ်။

စစ်ဆင်‌ရေးအတွင်း ရွှေဘိုခရိုင်တပ်ရင်း ၂၆ က ရဲဘော် ၉ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာပြည်သူ ၃ ယောက်မှာ ၁ ယောက်က လူသားချင်းစာနာထောက်ထားမှုများ လိုအပ်နေသည်ဟု ဗြိတိသျှသံရုံးအကြီးအကဲ ပြော (ရုပ်/သံ)

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေဟာ ပြည်သူတွေအပေါ် ထိခိုက်မှုတွေရှိနေပြီး ပြည်သူ ၃ ယောက်မှာ ၁ ယောက်ဟာ လူသားချင်းစာနာထောက်ထားမှုတွေ လိုအပ်နေတယ်လို့ ဗြိတိသျှ သံရုံးအကြီးအကဲ Ken O’Flaherty က ပြောကြားခဲ့ပါတယ်။
Read More

မြင်းမူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်နှင့် အထိုင်စခန်းများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်နဲ့ အထိုင်စခန်းတွေကို ၃ ဆက်ရက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force M.D.F က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ် ဆင်စွယ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦး သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ယောက် သေဆုံးခဲ့တယ်လို့ Mon State Revolutionary Force က သတင်းထုတ်ပြန်ထားပါတယ်။
Read More

PDF Zoland ရဲ့ အတန်းမြှင့်သင်တန်း အောင်မြင်စွာပြီးဆုံး (ရုပ်/သံ)

ချင်းပြည်နယ်အခြေစိုက် PDF Zoland က ရဲဘော်တွေရဲ့ အတန်းမြှင့်သင်တန်း အပတ်စဉ် (၁) အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ကြောင်း PDF Zoland က ထုတ်ပြန်ပါတယ်။
Read More

မတ္တရာမြို့နယ် စကျင်ရွာအတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးပေါက်ကွဲပြီး ကလေးငယ် ၁ ယောက် အပါ ပြည်သူ ၃ ယောက် သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ရွာအတွင်း ဒီဇင်ဘာ ၁၁ ရက် ညနေပိုင်းက တုန်ကုန်းရွာ အနောက်ဘက် ယမ်းကုန်းအုတ်စက်က အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ယောက်အပါအဝင် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် စုစုပေါင်း ၃ ယောက် သေဆုံးခဲ့ရတယ်လို့ Wetlet Informational Network ထံက သိရပါတယ်။