ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် လူငယ်တွေ ဖမ်းဆီးခံရမှုတွေ နေ့စဉ်ရှိနေပြီး စစ်တပ်နဲ့ ရဲ ဟန်ဆောင်ကာ ငွေကြေးလုယက်ခံရတာ၊ ဖုန်းလုခံနေရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၁၃ရက်နေ့ ၊ ည၈နာရီဝန်းကျင်က ရန်ကင်းမြို့နယ်၊ မိုးကောင်းဘုရားလမ်းနားမှာ Delivery ပို့နေတဲ့ လူငယ်၁ယောက်ကို Taxi ပေါ်က အရပ်ဝတ် လူ၃ယောက်က ဖုန်းထဲ VPN ပါမပါ စစ်ဆေးမယ့်အကြောင်းပြောကာ ပါလာတဲ့ငွေကြေးတွေနဲ့ ဖုန်းကိုခြိမ်းခြောက်လုယူသွားတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ခဲ့ပါတယ်။

“ရန်ကင်း မိုးကောင်းဘုရားအနားမှာ Taxi ၁ စီး ရောက်ချလာပြီး ဘေးလွယ်အိတ်လွယ်ထားတဲ့ အရပ်ဝတ်နဲ့လူတွေက Deli ပို့နေတဲ့ ကျနော့်အသိရဲ့စက်ဘီးကို တားတယ်ခဗျာ။ ပြီးတော့ ဖုန်းထဲ VPN တွေ့လို့ သိမ်းတယ်ဆိုပြီး သိမ်းပါတယ်။ နောက်ပြီး

Deli ကောက်လို့ရတဲ့ ပိုက်ဆံလည်း ယူသွားတယ်။” လို့ ကာယကံရှင်နဲ့ နီးစပ်သူ၁ယောက်က မောင်းကိုပြောပါတယ်။

အလားတူဖြစ်စဥ်မျိုး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ရက် ညနေပိုင်းကလည်း သာကေတမြို့နယ်မှာ ဖြစ်ပွားခဲ့ပြီး တိုင်းရင်းသားကျေးရွာနား လမ်းလျှောက်လာတဲ့လူငယ်၃ယောက်ရဲ့ ဖုန်းတွေကို အရပ်ဝတ်အာဏာပိုင်ဆိုသူတွေက ဖုန်း VPN တွေကို စစ်ဆေးမယ့် အကြောင်းပြချက်နဲ့ လိမ်လည်သွားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်အပေါ် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်ပြန်လည်ဖြန့်ဝေရာမှာ အလားတူဖြစ်စဥ်မျိုး ကြုံတွေ့ခဲ့ရသူတွေကလည်း သသူတို့ဖြစ်စဥ်တွေနဲ့ နှိုင်းင်းယှဥ်ပြောဆိုနေကြတယ်လို့ သိရပါတယ်။

“ဒီဖြစ်စဥ်တွေကို သေချာ သုံးသပ်ကြည့်ရင် နောက်ဆက်တွဲ  အိမ်တွေကို ရဲဝတ်စုံ အတုတွေ ဝတ်ပြီး ဧည့်စာရင်း စစ်သလို ဘာလိုလိုနဲ့ ဝင်ပြီး အနုကြမ်းစီးတာ ဒါမှမဟုတ် လုယက်တာတွေ အထိ ဖြစ်လာနိုင်ပါတယ် ။ အားလုံးပဲ ဘယ်သူ အိမ်တံခါး လာဖွင့်ခိုင်းခိုင်း မဖွင့်ပေးကြပါနဲ့။ ရဲ လို့ လာပြောရင်တောင် သေချာ သက်သေ သက်ကာရ စုံမှ ဝင်ခိုင်းကြပါ၊ များသောအားဖြင့် ဧည့်စာရင်း လာစစ်တဲ့ သူတွေက အိမ်ထဲ မဝင်ကြပါဘူး၊ အားလုံး ဘေးကင်းကြပါစေ” လို့လည်း လူမှုကွန်ရက် အသုံးပြုသူတစ်ယောက်က သူ့ရဲ့အမြင်ကို မျှဝေထားပါတယ်။

လက်ရှိမှာ စစ်မျက်နှာစုံ ရှုံးနိမ့်နေတဲ့ အကြမ်းဖက်စစ်တပ်အတွက် သူ့ရဲ့လက်ပါးစေတွေက လူအင်အားစုဆောင်းမှုတွေကို တိုင်းနဲ့ပြည်နယ်အနှံ့က မြို့ပေါ် ကျေးရွာမချန် ပြုလုပ်နေတာကြောင့် အရပ်သားပြည်သူတွေ ကျီးလန့်စာစားနေကြရပါတယ်။

ဒါ့အပြင် တရားဥပဒေစိုးမိုးမှုတွေ လျော့နည်းလာတာကြောင့် အခုလို ဖမ်းဆီးခံရမှုတွေ၊ လိမ်လည်ခံရမှုတွေကို လူငယ်တွေနဲ့ အခြေခံလူတန်းစားတွေ အများဆုံး ကျောကော့ခံနေကြရတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဆော-ဆိပ်ဖြူလမ်းပိုင်းက စစ်ဆေးရေးဂိတ် အလစ်အငိုက်ဝင်တိုက်ခံရပြီး တပ်ကြပ်အဆင့်ရှိသူအပါ ၂ယောက်သေ၊ ၃ယောက်ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ်မှာ ဆော-ဆိပ်ဖြူ လမ်းပိုင်းက အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ တပ်ကြပ် အဆင့်ရှိသူအပါအဝင် ၂ယောက်သေဆုံးပြီး ၃ယောက်ထိခိုက် ဒဏ်ရာရခဲ့ကြောင်း Yenanthar Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အာဏာသိမ်းစကတည်းက အကျဥ်းချခံထားရသည့် နိုင်ကျဥ်း ၁ ဦး ထားဝယ်ထောင်တွင် နှလုံးဖောက် သေဆုံး

ထားဝယ်အကျဥ်းထောင်မှာ အောက်တိုဘာ ၃ ရက် ညပိုင်းက နိုင်ငံရေးအကျဥ်းသား ၁ယောက် နှလုံးဖောက်ပြီး သေဆုံးသွားခဲ့တယ်လို့ ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက်ထံက ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦးသေပြီး ကလေးများနှင့် သံဃာတော်များအပါ ၈ ဦးဒဏ်ရာရ…

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ကလေးငယ်တွေနဲ့ သံဃာတော်တွေအပါအဝင် ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သုခဒိုင်းမွန်း စိန်တိုက်ပိုင်ရှင် မိသားစုလိုက်သေဆုံး၊ ပျဉ်းမနားတွင်လည်း ဝင်းရွှေစင်ရွှေဆိုင် ပြိုကျမှု ၉ ဦး သေဆုံး

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနဲ့ ၂၃ လမ်းကြားရှိ  ၁၁ ထပ်အမြင့်ရှိသည့် Sky Villa ကွန်ဒိုပြိုကျမှုအတွင်း သေဆုံးသူတွေထဲမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ ပါဝင်တယ်လို့ သုခဒိုင်းမွန်းစိန်တိုက်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငလျင် အကူအညီများ NUG ၊ ERO နှင့် ဒေသခံအဖွဲ့တွေဆီ တိုက်ရိုက်ပေးအပ်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော် တောင်းဆို

ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးနစ်နာခဲ့တဲ့ ပြည်သူတွေထံ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ရမှာ စစ်ကောင်စီက နိုင်ငံရေးနဲ့ စစ်ရေးအရ အမြတ်မထုတ်နိုင်အောင် သေချာစွာ လုပ်ဆောင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

နွားထိုးကြီး ပကဖ တပ်သားသစ်များခေါ်ယူနေ

စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ နွားထိုးကြီး မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ မနေ့က ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။