မြန်မာပြည်တွင်းမှာ လုပ်ကိုင်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) ကနေ လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား ၁၀၁ ယောက်ရှိသွားပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက အသိပေးထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံသားတွေဟာ ကျားဖြန့်လုပ်ငန်းတွေထဲ ရောက်ရှိသွားခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူဟာ ၁၀၁ ယောက်ရှိပြီဖြစ်ကြောင်း အိန္ဒိယသံရုံးက ဒီဇင်ဘာလ ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။

(ဓာတ်ပုံ Embassy of India, Yangon)

၂၀၂၄ ခုနှစ်၊ ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံသား ၁၀၀ လောက် လွတ်မြောက်လာတာဖြစ်ပြီး အိန္ဒိယနိုင်ငံသားတချို့ ကျားဖြန့်လုပ်ငန်းတွေထဲမှာလည်း ပိတ်မိနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယနိုင်ငံသား ၆ယောက်ဟာ မြ၀တီက ကျားဖြန့်လုပ်ငန်းကနေ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံအခြေစိုက် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ 

အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတွေထဲမှာ အိန္ဒိယနိုင်ငံသားတွေအပါအဝင် သီရိလင်္ကာ၊ လာအို၊ နီပေါ၊ မလေးရှား၊ ရုရှား၊ တရုတ်နိုင်ငံသားတွေလည်း အတင်းအဓမ္မခိုင်းစေခံရမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက  ထိုင်းရှေ့ချုပ်ရုံးဆီ လျှောက်ထား

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ အပေါင်းအပါတွေကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI က သက်သေတွေနဲ့အတူ ထိုင်းရှေ့နေချုပ်ရုံးကို မတ်လ ၃ ရက် ဒီနေ့မှာ တင်သွင်းလိုက်ပြီလို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ လူမှုအကျိုးပြုလုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ခရိုနီ ဦးဇော်ဇော် ခန့်အပ်ခံရ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လူမှုအကျိုးပြုလုပ်ငန်းကော်မတီ (FIFA - Football Social Responsibility Committee) ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခရိုနီ ဦးဇော်ဇော်ကို ရွေးချယ်ခန့်အပ်လိုက်တယ်လို့ Myanmar Football Federation က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ထိုင်းစစ်တပ် ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယား စစ်ဗိုလ်ချုပ်တစ်ဦးအပါ စစ်သားများ သေဆုံး၊ ကျဆုံးခဲ့သော ကမ္ဘောဒီးယားတပ်သား ၁၂ ဦး၏ ရုပ်အလောင်းများ ထိုင်းမှ ပြန်လွှဲပေး၊ မလေးရှားတွင် နှစ်နိုင်ငံ အကြီးအကဲများ တွေ့ဆုံရန် ရှိနေ

ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်ဒေသမှာ အပြန်အလှန် စွပ်စွဲမှုတွေနဲ့ နှစ်ဖက်စစ်တပ်တွေ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေဆဲဖြစ်ပြီး ၄ ရက်မြောက် မနေ့က တိုက်ပွဲမှာ ထိုင်းစစ်တပ် ပစ်ခတ်မှုကြောင့် ကမ္ဘောဒီးယားစစ်ဗိုလ်ချုပ် ၁ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီမှာ မြန်မာရွှေ့ပြောင်း ၁၉ ဦးနဲ့ ပို့ဆောင်ပေးသူ ၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖုမ်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉ ဦးနဲ့ ၎င်းတို့ကို ပို့ဆောင်ပေးသူ ၂ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။
Read More

ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်မှာ တင်ထားသည့် မြန်မာစစ်ခေါင်းဆောင်နှင့် တွဲရိုက်ခဲ့သည့် ဓာတ်ပုံကို ပြန်လည်ဖယ်ရှား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဧပြီလ ၄ ရက်က မြန်မာစစ်ခေါင်းဆောင် အကြမ်းဖက်မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို ဘူတန်ဝန်ကြီးချုပ်က လူမှုကွန်ရက်စာမျက်နှာမှာမှာ ချီးကျူးစကားတွေ ရေးသားတင်ခဲ့ပြီးနောက် ပြန်လည်ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။