လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို သဘောမကျတဲ့ မြန်မာပြည်သူတွေဟာ ဖက်စစ်တော်လှန် တရုတ်ကိုအန်တု ပြည်သူ့ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်နေကြပါတယ်။

တရုတ်အစိုးရရဲ့ စွက်ဖက်မှုတွေအပေါ် ဆန့်ကျင်ကြောင်း စာသားတွေကို ဒီဇင်ဘာ ၁၃ ရက်ကနေ ဒီဇင်ဘာ ၁၆ ရက်အထိ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားဖြန့်ဝေမှုတွေ၊ နိုင်ငံအသီးသီးက တရုတ်သံရုံးတွေဆီ ပေးပို့မှုတွေ လုပ်ဆောင်နေကြပါတယ်။

“တရုတ် ကိုလိုနီ ပုံစံမျိုးပေါ့နော်။ အစဥ်အဆက်လည်း ကျမတို့အပေါ်မှာ လွှမ်းမိုးခဲ့တယ်။ သူတို့ရဲ့ပုံစံမျိုးကတော့ စီးပွားရေးနယ်ချဲ့တဲ့အနေနဲ့ တစ်ကမ္ဘာလုံးကို နယ်ချဲ့ခဲ့တယ်ပေါ့။ ကျမတို့နိုင်ငံကလည်း တရုတ်နဲ့ထိစပ်မှုရှိနေတာရယ် အဆက်ဆက်ကလည်း လွှမ်းမိုးချုပ်ကိုင်ထားနေတာရယ်.. ကျမကတော့ ကျမတို့နိုင်ငံအပေါ် ကိုလိုနီနယ်ချဲ့သလို ဖိနှိပ်တယ်၊ ဆင်းရဲတွင်းနက်အောင် လုပ်ဆောင်နေတယ်လို့မြင်တယ်” ဟု B.MCC (Boycott Made in China Comittee) ရဲ့ပြည်တွင်းပြည်ပ စည်းရုံးရေးတာဝန်ရှိသူ မပန်းချီက မောင်းကိုပြောပါတယ်။

“သူတို့ရဲ့ဩဇာကိုခံမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ကိုတော့ ကူညီမှာပဲ.. နောက်တစ်ခုက သူတို့ကြိုးကိုင်လို့ရတဲ့ အခြေအနေမျိုးကို လိုလားတယ်။ သူတို့ရဲ့လိုလားချက်ကတော့ ဦးနှောက်မရှိလေ ပိုကောင်းလေဆိုတဲ့ သဘောထားမျိုးပါပဲ။ သူတို့ရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်အပေါ် ကူညီပေးနေတာကတော့ နိုင်ငံကြီးတစ်ခုအနေနဲ့ ဂုဏ်သိက္ခာ မရှိဘူးလို့မြင်တယ်” လို့လည်း မပန်းချီက ဆိုပြောပါတယ်။

ဒီလို တရုတ်ဆန့်ကျင်ကြောင်း စာသားတွေ ဖြန့်ဝေမှုဟာ B.MCC ရဲ့ ဒုတိယလုပ်ငန်းစဉ်ဖြစ်ပြီး ပထမလုပ်ငန်းစဉ်အနေနဲ့ တရုတ်ထုတ်ကုန်တွေ အသုံးမပြုရေး လှုပ်ရှားမှုကို နိုဝင်ဘာလထဲမှာ ပြုလုပ်ခဲ့ပါသေးတယ်။ တရုတ်ရဲ့ စစ်အာဏာရှင်အပေါ် အားပေးအားမြှောက် ပြုလုပ်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာနိုင်ငံသားတွေကလည်း ဆန့်ကျင်ဆန္ဒပြမှုတွေ လုပ်ဆောင်နေကြပါတယ်။

0 Shares:
You May Also Like
Read More

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး နှင့် Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက Special Advisory Council for Myanmar (SAC-M) အဖွဲ့ဝင် Professor Yanghee Lee နဲ့ တောင်ကိုးရီးယားသမ္မတနိုင်ငံမှာ မေလ ၁၄ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ရှမ်းမြောက်နဲ့ ရခိုင်မှာ နယ်မြေတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီက မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ် စီမံကိန်းကို စတင်နိုင်မယ်လို့ တရုတ်ကို ကတိပေးပြန်

နယ်မြေဒေသ မငြိမ်သက်ဘဲ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာမှာ ဖောက်လုပ်မယ့် မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းသစ်  စီမံကိန်းကို စတင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားလိုက်ပါတယ်။
Read More

တောင်ကိုးရီးယားရဲ့ လူဦးရေ ဆက်တိုက်ကျဆင်းနေသည့် ဒေသတွင် မြန်မာဒုက္ခသည်များအား နေထိုင်ခွင့်ပြုဖို့ အာဏာပိုင်များ ဆွေးနွေး

လူဦးရေ ဆက်တိုက်ကျဆင်းနေတဲ့ တောင်ကိုးရီးယားနိုင်ငံ၊ Gyeongsang ခရိုင်က Yeongyang ဒေသမှာ မြန်မာဒုက္ခသည် ၄၀ ခန့်ကို နေထိုင်ခွင့်ပြုဖို့ ဆွေးနွေးနေကြောင်း တာဝန်ရှိသူတွေက မတ်လ ၁၂ ရက်မှာ ပြောပါတယ်။
Read More

ကော့မြစ်ရေ ညစ်ညမ်းမှုကိစ္စ ဆွေးနွေးဖို့ ထိုင်းဒုဝန်ကြီးချုပ် မြန်မာပြည်သွားရန်စီစဉ်၊ တရုတ်နှင့် အနီးကပ်ဆက်ဆံရေးကို အသုံးချဖို့ ထိုင်းအမတ်အဆိုပြု

ကော့မြစ်အတွင်း အာဆင်းနစ်နဲ့ သတ္တုပျော်ဝင်မှုကြောင့် မြစ်ရေညစ်ညမ်းရတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံမယ့်အကြောင်း ထိုင်းဒုဝန်ကြီးချုပ် Prasert Jantararauangtong က ပြောပါတယ်။
Read More

အကျဥ်းသားနှင့် အာဆီယံ ကိုယ်စားလှယ် တွေ့ဆုံဖို့ ခွင့်ပြုချင်မှ ခွင့်ပြုမည်၊ ပြည်တွင်းရေး ဝင်မစွက်ဖက်ရန် ဇော်မင်းထွန်း သတိပေး

မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို နိုင်ငံရေးအကျဥ်းသား မဟုတ်ဘဲ ရာဇဝတ်အကျဥ်းသားအဖြစ် အာဏာသိမ်းစစ်တပ်က ခေါင်းစဥ်တပ်လေ့ရှိပြီး အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အကျဥ်းသားတွေကို တွေ့ဆုံခွင့် ပေးမပေးဆိုတာဟာ သူတို့သဘောသာဖြစ်တယ်လို့ စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုပါတယ်။
Read More

အကူအညီ ဖြတ်တောက်မှုတွေက ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရေး စုံစမ်းစစ်ဆေးမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ IIMM ပြော

အလှူရှင်တွေထံက ရန်ပုံငွေ ဒေါ်လာသန်းပေါင်းများစွာ ဖြတ်တောက်ခြင်းနဲ့ ကုလသမဂ္ဂရဲ့ ကုန်ကျစရိတ် ဖြတ်တောက်ခြင်းတွေက မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရှာဖွေရေး ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအကြီးအကဲက ပြောလိုက်ပါတယ်။