စစ်ကိုင်းတိုင်း၊ ကလေး၊  ကလေးဝနဲ့ မန္တလေးတိုင်း ညောင်ဦး၊ မြင်းခြံ မြို့နယ်တွေမှာ တပ်သားသစ်လိုအပ်ချက်များပြားနေတဲ့ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို အလုံးအရင်းနဲ့ဖမ်းဆီးနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ကစလို့ ကလေးမြို့နယ်အတွင်း အရပ်သားလူငယ်တွေ ဖမ်းဆီးခံရမှုတွေရှိခဲ့ပြီး အရေအတွက်အားဖြင့် တစ်ရာကျော်အထိရှိနေပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရှိရာ ကလေးမြို့မှာ တပ်သားသစ်လိုအပ်ချက် မြင့်တက်နေတာကြောင့် အခုလို ပေါ်တာဆွဲဖမ်းဆီးခံရမှုတွေ မြင့်တက်နေတာလို့လည်း သိရပါတယ်။

“ပြီးခဲ့တဲ့ ၅ပတ်​လောက်က စဆွဲတာ။ ဆွဲတာကအစုံပဲ။ လူပိုသိကြတဲ့ အရက်ဆိုင်မှာ ဆွဲခံရတာ​တွေလည်းပါတယ်။ အဓိကကတော့ က​လေး ဒကစ မှာ အင်အား အ​တော်နည်း​နေပြီ။ အရင် ကချင်ဘက်က ပွဲ​တွေနဲ့ ရခိုင်ဘက်ကပွဲ​တွေမှာ ဒကစ လက်​အောက်ခံ ၃ရင်း​လောက် တပ်ရင်းလိုက် ​သေဆုံး လက်နက်ချလိုက်ရတာ​တွေ ရှိတယ်။ ပြီး​တော့ ချင်း​တောင်​ပေါ်က ဖလမ်း ဟားခါး ပွဲ​တွေဘက်ကိုလည်း တပ်​တွေထုတ်ထားရတယ်..ပြီး​​တော့ က​လေးဝမြို့ကို ကာကွယ်ဖို့လည်း အင်အား ၂၀၀​ကျော်လောက်ပို့ထားတာရှိတယ်။ ဆို​တော့ က​လေးမြို့နဲ့ ဒကစ ကာကွယ်​ရေးအတွက် အ​ရေး​​ပေါ်အ​နေနဲ့  ​တွေ့တဲ့လူဖမ်းပြီး လက်နက်ကိုင်ခိုင်း​နေတဲ့ သ​ဘောလို့မြင်တယ်ဗျ” လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက မောင်းကိုပြောပါတယ်။

ဒါ့အပြင် ကလေးဝမြို့နယ်မှာလည်း ဒေသအခေါ် တန်ပိုလာဆိုတဲ့ လောင်းကစားဝိုင်းတွေက တဆင့် လူငယ်အယောက်၂၀နီးပါး ဖမ်းဆီးခံရပြီး မိန်းကလေးဖြစ်သူတွေ ငွေပေးပြန်လွတ်မြောက်လာပေမယ့် ယောကျာ်းလေးတွေကိုတော့ တပ်သားသစ်အဖြစ် စစ်မှုထမ်းခိုင်းကြောင်း သိရပါတယ်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာလည်း ဒီဇင်ဘာလအတွင်း စစ်မှုထမ်းပေါ်တာဆွဲတာတွေ များလာတာကြောင့် မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီကသတိပေးထုတ်ပြန်ထားပါသေးတယ်။

မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီဘက်က စစ်မှုထမ်း ပေါ်တာဆွဲခြင်းမ​ရှိကြောင်း ငြင်းဆိုထားပေမယ့်လည်း ၃ ရက်အတွင်း ဖမ်းဆီးခံရတဲ့အမျိုးသား ၂၃ ယောက်အထိ ရှိနေပြီလို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ပထမပတ်ထဲ လူအင်အား ရာနဲ့ချီ ဖမ်းဆီးခံရပြီး  မိတ္ထီလာစစ်တပ်အတွင်း ပေါ်တာဆွဲသင်တန်းပေးခံရကာ ရှမ်းမြောက်စစ်မျက်နှာတွေကို ပို့ဆောင်ခံရဖို့ရှိနေတယ်လို့လည်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၁ရက်နေ့ မနက်အစောပိုင်းကလည်း ညောင်ဦးမြို့နယ် ကျောက်ပြင်ကန် နဲ့ ကြအိုကျေးရွာတွေမှာရှိတဲ့ အမျိုးသား ၁၁ယောက် ဖမ်းဆီးခံရပြီး ၄ယောက်ပဲပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။ 

နိုင်ငံနဲ့တဝှမ်း စစ်မျက်နှာစုံဖွင့်ထားရတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ စစ်တပ်မှာ တပ်သားသစ်လိုအပ်ချက် တစ်နေ့ထက်တစ်နေ့ မြင့်တက်လာတာကြောင့် အခုလိုပေါ်တာဆွဲဖမ်းဆီးတာတွေ တစ်နေ့တစ်ခြား ဆိုးဝါးလာတာဖြစ်ပြီး အခြေခံလူတန်းစားတွေပဲ အများစု ဖမ်းဆီးခံနေရတဲ့အပေါ် စစ်အုပ်စုထောက်ခံသူတွေကပါ ပြင်းပြင်းထန်ထန် ဝေဖန်လာကြတာဖြစ်တယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲမှာ စစ်မှုထမ်းဆင်း စစ်သား ၅ ယောက် လက်နက်နဲ့တကွ KNDF ဆီ အလင်းဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မိုးဗြဲဇုန်ဆီ အလင်းဝင် ခိုလှုံလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မိုးထဲရေထဲ အလှူ့လက်ဖက်နဲ့ မျက်နှာလုပ်ချင်နေတဲ့ စစ်ကောင်စီ

စစ်ကောင်စီက ရေးဘေးကူညီဖို့အတွက် သူတို့လက်အောက်ခံ ဝန်ကြီးဌာနတွေကို ဌာနအလိုက် ငွေကောက်ခံကာ အလှူ့လက်ဖက်နဲ့ မျက်နှာ လုပ်နေပြန်ပါတယ်။ မြန်မာနိုင်ငံတဝန်းခံစားနေကြရတဲ့ ရေဘေးဒုက္ခကို ကူညီဖို့ဆိုပြီး မြို့နယ်အသီးသီးက Non-CDM ဝန်ထမ်းတွေ၊ သူတို့နဲ့ နီးစပ်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေထံက…
Read More

စဉ့်ကူးမြို့အနီး ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်းစဉ့်ကူးမြို့အနီးမှာ ရစ်ချ်တာစကေး ၄.၁ အဆင့် အင်အားရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ်က AA စစ်ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားပြီး သူ၏ ကျန်းမာရေးကို စိုးရိမ်ကြောင်း AA စစ်ဦးစီးချုပ် ပြောဟု ဆို…

"မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်။" လို့ ရေးသားထားတာပါ။
Read More

စစ်တောင်းမြစ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ PDF တပ်တွေ ၂ ရက်ဆက်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၂ယောက်သေ…

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်​ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ၂ရက်တာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေထိခိုက်သေဆုံးကာပြန်လည်ဆုတ်ခွာသွားတယ်လို့ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း ၉၀၁ တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ပေါင် (၅၀၀) ဗုံးကြဲချတိုက်ခိုက်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။