စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ ရွာတွေထဲက အိုမကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း စစ်ရှောင်အရေး ကူညီနေသူတွေထံက သိရပါတယ်။

အိမ်ခြေ ၁၀၀ လောက်သာရှိတဲ့ အိုမကျေးရွာမှာ စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၅၀ နီးပါး ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

“ဝမ်ပေါင် တရုတ်ကုမ္ပဏီတွေထဲကနေ ထွက်လာပြီး စစ်ကြောင်းထိုးလာလို့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘေးလွတ်ရာတွေကို ထွက်ပြေးနေကြရတာ။ ဒီဇင်ဘာလ ၁၄ရက်နေ့ မနက်က အိုမကျေးရွာကို အကြမ်းဖက်စစ်သားတွေ ဝင်ရောက် မီးရှို့ဖျက်ဆီးပြီး ဒေသခံတွေ ကျန်နေခဲ့တဲ့ လူသုံးကုန်ပစ္စည်းတွေနဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ခိုးယူသွားတယ်” လို့ အိုမရွာ စစ်ဘေးရှောင်တစ်ယောက်က မောင်းကိုပြောပါတယ်။

အိုမကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ထားမှုမြင်ကွင်း

“ဝက်မှေး၊ ဒုန်းတော၊ ညောင်ပင်ကြီး၊ ထန်တောကြီး၊ တုံ၊ ဝဲကွဲ၊ ဝဲကြီးနဲ့ ကူတို့ကုန်း ကံတောကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော်လောက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဝမ်ပေါင်ကြေးနီစီမံကိန်း ကုမ္ပဏီတွေထဲက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေက အိုမကျေးရွာကို မီးရှို့ဖျက်စီးသွားတာ” လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ် ဦးဆောင်ကော်မတီဝင် ကိုအောင်ခန့်ဇော်ကလည်း ပြောပါတယ်။

လက်ပံတောင်းတောင်ဒေသ ဆားလင်းကြီးမြို့နယ် အတွင်း ဝမ်ပေါင် ကြေးနီစီမံကိန်းထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေဟာ အနီးနားကျေးရွာတွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။ ဒီဇင်ဘာလ ဒုတိယပတ်ထဲမှာပဲ ဆားလင်းကြီးမြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေနဲ့ ကြေးနီစီမံကိန်းက ထွက်လာတဲ့ စစ်သားတွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

သတင်းထောက်လှမ်းနေတဲ့ အရပ်ဝတ် စစ်သားကို ရေးဘီလူး အရှင်ဖမ်းမိ

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်လမ်းဝအနီးမှာ သတင်းထောက်လှမ်းရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတစ်ယောက်ကို ရေးဘီလူး တော်လှန်ရေးတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၁၀ ရက်ကြာတိုက်ပွဲ ဖြစ်ပွား၊ စစ်တပ်ထံမှ စစ်သုံ့ပန်း ၁ ဦး အရှင်မိပြီး အလောင်း သုံးလောင်းနှင့် လက်နက် ၁၀ လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ၁၀ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၁ ယောက်ကို အရှင်ဖမ်းမိပြီး စစ်သားအလောင်း ၃ လောင်းနဲ့ သေနတ် ၁၀ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KNDF ဆေးသင်တန်းက ဆေးတပ်သား ရဲဘော် ၁၈ ယောက် သင်တန်းချိန်မှာ ရေထဲမျောပါ သေဆုံးခဲ့တဲ့ ဖြစ်ရပ်က စစ်ဆေးတွေ့ရှိချက် KNDF ထုတ်ပြန်

ကရင်နီပြည်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ရဲ့ ဆေးသင်တန်းက ဆေးတပ်သား ရဲဘော် ၁၈ ယောက် ရေထဲမျောပါ သေဆုံးခဲ့တာဟာ ကြိုတင် ပြင်ဆင်မှု အလုံးစုံမရှိခြင်း၊ ဘေးအန္တရာယ်တွေ တွက်ချက်မှု ပေါ့ဆခြင်းနဲ့ စီမံခန့်ခွဲမှုတွေ ပေါ့လျော့မှုတွေကြောင့်ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို KNDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့ပေါ်မှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်လာ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ လက်နက်နဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁ယောက်ကို နွေးထွေးစွာ ကြိုဆိုရင်း ဆုကြေးငွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ Myingyan Twenty one Guerilla Force - MTGF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ခြေဆေးရွာကို စစ်တပ် လေယာဉ်ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ကိုယ်ဝန်ဆောင်သည်အပါအဝင် ၂ယောက်စိုးရိမ်ရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နဲ့နွားထိုးကြီး အစပ်က ခြေဆေးကျေးရွာကို စစ်ကောင်စီက လေယာဥ်၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာခံအမျိုးသမီး ၁ယောက်သေဆုံးကာ ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး​၂ယောက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ညောင်ပင်ကြီးစုရွာကို စစ်တပ် ပေါင် (၅၀၀) ဗုံးသီး ကြဲချတိုက်ခိုက်၊ အရပ်သားပြည်သူ (၂) ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစုရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ အကြောင်းမဲ့ ပေါင်(၅၀၀)ဗုံးသီး ကြဲချတိုက်ခိုက်ရာ အရပ်သားပြည်သူ(၂) ယောက် ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။