ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ကနေ လက်ပံတန်းမြို့နယ်အပိုင် ရိုးမထဲ စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် မနက် ၉ နာရီဝန်းကျင်မှာ အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထန်းတောကျေးရွာအနီး အရောက်မှာ တော်လှန်ရေးရဲဘော်တွေနဲ့ ထိတွေ့တိုက်ပွဲ ၅ မိနစ်ခန့်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက်မှာ ရှေ့ထက်တိုးလာတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ရာ မိနစ် ၂၀ ခန့် ထိတွေ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်သား ၄ယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။ 

“သူတို့ဘက်ကနေ စတိုက်တာတော့ မဟုတ်ဘူး… ကျနော်တို့ ဘက်ကနေ စတိုက်ခဲ့တာ။ ကျနော်တို့က ၂ဖွဲ့ခွဲပြီး အနောက်မှာ တစ်ဖွဲ့နေနေတာ။ သူတို့နဲ့ ရှေ့အဖွဲ့က ၅မိနစ်လောက် အယောင်ပြပစ်ပြီး ဆုတ်တာပါ။ သူတို့က အနောက်ကလိုက်လာတော့မှ အနောက်က အဖွဲ့က အပေါ်က ပစ်လိုက်နိုင်တော့ စကစ ၄ဦး ကျသွားပါတယ်။” လို့ ၃၈၀၂ တပ်ရင်းက ရဲဘော်ဒူးယားက မောင်းကို ပြောပါတယ်။ 

စစ်ကောင်စီတပ်သား ၄ ယောက် သေဆုံးမှုကို တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ရဲဘော်တွေ မျက်မြင်တွေ့ခဲ့ရသလို သေဆုံးအလောင်းတွေကို လက်ပံတန်းဆေးရုံဘက် သယ်ဆောင်သွားတာကိုလည်း ပြည်သူတချို့ တွေ့မြင်ခဲ့ရသလို တပ်တွင်းဖရဲသီးကလည်း စစ်သား ၄ယောက် သေဆုံးကြောင်း အတည်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်း ၂ ကြောင်းခွဲကာ သေဆုံးအလောင်းတွေကို သယ်ဆောင်သွားပြီး လက်ပံတန်းဆေးရုံးကို စစ်ကြောင်းတစ်ခု၊ မင်းလှ စမ်းဘုတ်ရွာကို စစ်ကြောင်း တစ်ခု ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ တပ်ခွဲ ၆ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ၄ လ ကျော်ကြာတဲ့အထိ ထောင်ဝင်စာဧည့်တွေ့ခွင့်မရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော် စကခ ၂၁ ထိုးစစ်ဆင်မှုအတွင်း စစ်ကောင်စီ၏ ဒရုန်း ၇ စင်းကို KIA ပစ်ချ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေပြီး စစ်ကောင်စီတပ် ဒရုန်း ၇ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းစစ်ကောင်စီဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အနောက်ဘက်က ရွှေကျီးမင်းဂိတ်ကို ဒရုန်းတွေနဲ့ သွားရောက် ဗုံးချတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မအူပင်မြို့မှာ ကင်းလှည့်နေတဲ့ရဲ လေးခွနဲ့အပစ်ခံရ၊ ပစ်သူကို လုံးထွေးသတ်ပုတ်ဖမ်းဆီးစဥ် အချွန်နဲ့ထိုးပြီး ထွက်ပြေးသွား

ဧရာဝတီတိုင်း မအူပင်မြို့မှာ ပြည်သူ့စစ်၊ မီးသတ်တွေနဲ့ ညစဥ်ကင်းပတ်နေတဲ့ ရဲနှစ်ဦး လေးခွနဲ့ ချောင်းအပစ်ခံရပြီး လေးခွပစ်သူကို လုံးထွေးသတ်ပုတ်ချိန်မှာ ချွန်ထက်တဲ့အရာနဲ့ထိုးလို့ ဖမ်းဆီးတဲ့ရဲ ဆေးရုံမှာ ဆေးကုသနေရကြောင်း မအူပင်ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Read More

တိုင်းပြည်အတွက် ငွေကို သုံးချင်ပေမယ့် ထင်တိုင်းကြဲ သုံးခွင့်မရဘူးလို့ မင်းအောင်လှိုင် ပြော

တိုင်းပြည်အတွက် ငွေကိုအသုံးပြုလိုပေမယ့် ဘတ်ဂျတ်ရှိနေတာနဲ့ စိတ်တိုင်းကျ အသုံးပြုခွင့်မရဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။ ရေဘေးသင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်ဖို့ အလှူငွေ ၃၂ ဘီလီယံကျော် ရရှိခဲ့တယ်လို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
Read More

လေယာဥ်ကွင်းအနောက်ဘက် ကင်းပတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြားဖြတ်တိုက်ခိုက်၊ အကြမ်းဖက်စစ်တပ်မှ ခလရ ၂၅၄ အရာရှိအပါ ၆ ဦး သေပြီး၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ လေယာဥ်ကွင်းအနောက်ဘက် ကင်းလှည့်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ ခလရ ၂၅၄ တပ်က အရာရှိ ၁ ယောက် အပါအဝင် စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးကြောင်း Southern YSO PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။