1027 စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းဖြစ်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ COD အောက်ကနေ တိုက်ခိုက်ပြီး နွေဦးအောင်ပွဲအတွက် အရွေ့တစ်ခုကို ဖော်ဆောင်ခဲ့ကာ အညာမြေကို ပြန်လည်ခြေချခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၂၆ ရဲဘော်တွေကို ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၂၆ ရဲဘော်တွေဟာ ရှမ်း-မန်းစစ်ဆင်ရေးကို ၁ နှစ်နီးပါးကြာ ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကို မမှုဘဲ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၆ က ထုတ်ပြန်ထားပါတယ်။

စစ်ဆင်‌ရေးအတွင်း ရွှေဘိုခရိုင်တပ်ရင်း ၂၆ က ရဲဘော် ၉ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

အင်အား ၇၇ ယောက်ပါ စစ်ကောင်စီစစ်ကြောင်း တစ်ခုလုံးနီးပါး အပြုတ်တိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ ထောက်ပံ့နဲ့ ပို့ဆောင်ဆက်သွယ်ရေးတပ်က ထွက်လာတဲ့ အင်အား ၇၇ ယောက်ပါ အကြမ်းဖက်စစ်သားတွေကို ဇန်နဝါရီ ၅ ရက် မနေ့က ဝက်လက်မြို့နယ် မှတ်ထိရွာနဲ့ မင်းကုန်းရွာကြား တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း - Eagle Guerilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ဗမာ့တပ်တော် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ် (ရုပ်/သံ)

ဇန်နဝါရီ ၁ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ဗမာ့တပ်တော် (B.A) ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား မှတ်တမ်းရုပ်သံကို ဗမာ့တပ်တော် - Bamar Army က ထုတ်ပြန်လိုက်ပါတယ်။
Read More

မရမ်းကုန်းမြို့နယ်တွင် ပစ္စည်းလုယက်ပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးမှုဖြစ်ပွား (ရုပ်/သံ)

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာလမ်းမပေါ်မှာ ပစ္စည်းလုယက်ပြီး အသင့်စောင့်ဆိုင်းနေတဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့တဲ့ ရုပ်သံဖိုင်ကို Zaw Min Oo အမည်ဖြင့် Facebook သုံးစွဲသူက အောက်တိုဘာ ၁၉ ရက်မှာ မျှဝေခဲ့ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ဗောဓိတထောင်ဘုရားအနီး စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု ၃ ယောက်သေ၊ အများအပြားဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်ကနေ အင်အား ၁၀၀ ဝန်းကျင်ခန့်နဲ့ ဗောဓိတထောင် ဘုရားအနီးက ရွှေမြင်တင်တောင်ဝန်းကျင်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို နိုဝင်ဘာ ၂၁ ရက် နေ့လည်နဲ့ ညနေပိုင်းတွေမှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Chaung U People's Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ပုသိမ်မြို့နယ် ဘူတာစျေး စားသောက်ဆိုင်တန်း မီးလောင်မှု (ရုပ်/သံ)

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက် ဝဏ္ဏသိဂီလမ်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ Myanmar Fire Services Department က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ယနေ့ အသံတိတ်သပိတ်တွင် တနိုင်ငံလုံး ပူးပေါင်းပါဝင်ကြရန် သပိတ်အင်အားစုများ တိုက်တွန်း (ရုပ်/သံ)

ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်မယ့် အပြင်မထွက် အသံတိတ် သပိတ်မှာ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြဖို့ သပိတ်အင်အားစုတွေက အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ အသံတိတ်သပိတ်ကို ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ပြည်သူအားလုံး ပါဝင်ဆင်နွှဲကြပြီး "တိတ်ဆိတ်ခြင်းဟာ အကျယ်လောင်ဆုံးသော ဟစ်ကြွေးသံ" ဖြစ်တယ်လို့ သပိတ်အင်အားစုတွေက ဆိုထားပါတယ်။