ရခိုင်ပြည်နယ် ဂွမြို့နယ်နဲ့ အမ်းမြို့နယ်တွေအတွင်းကနေ မြို့နယ်အစပ် နေရာတွေအထိပါ ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်လာနေပြီး နေရာချင်း ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက စစ်ကောင်စီရဲ့ တိုင်းအစိုးရအဖွဲ့နဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က စစ်အရာရှိတွေလည်း သွေးပျက်ကာ လုံခြုံရေး ပိုမိုတင်းကြပ်လာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့ကစလို့ AA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ စစ်ရှောင်တွေနဲ့ရောပြီး ပုသိမ်မြို့ထဲဝင်လာတယ်ဆိုတဲ့ ကောလဟာလတွေ စစ်တပ်အသိုင်းအဝိုင်းထဲ ပျံ့နှံ့လာခဲ့ကာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ဧည့်စာရင်းစစ်တာတွေ၊ စစ်ရှောင်တွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

“ဧရာဝတီတိုင်းက ပုသိမ်၊ သာပေါင်း၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ချောင်းသာ၊ ငွေသောင်ယံ မြို့နယ်ခွဲတွေက အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အုပ်ချုပ်ရေးမှူးရုံးတွေမှာ အမြဲနေကြတယ်။ ရခိုင်ဒေသတွေက ဝင်ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို လက်မခံတော့ဘဲ ၇ရက်အတွင်း ရခိုင်ဒေသက စစ်ဘေးရှောင် လာရောက်နေထိုင်သူတွေကိုပါ မောင်းထုတ်နေတယ်” လို့ ငွေသောင်ယံဒေသက အမည်မဖော်တဲ့ ဒေသခံက မောင်းကိုပြောပါတယ်။

“ဒေသခံ ရေလုပ်သားတွေ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူတွေထဲကနေလည်း ၁၁/ မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းတွေအပြင် ပင်လယ်ထွက်ခွင့်ကိုပါ ပိတ်ပင်ထားတယ်။ ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝင်တွေအပြင် နတခ စစ်တိုင်းဌာနချုပ်ထဲက စစ်တပ်အရာရှိကြီးတွေနဲ့ တပ်တွင်းမိသားစုတွေပါသွေးပျက်နေကြတယ်” လို့လည်း အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း စစ်တပ်နဲ့ သူ့လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့ ကြောက်လန့်သွေးပျက်ကာ တင်းကြပ်မှုတွေ လုပ်ဆောင်လာနေတာကြောင့် ရခိုင်ဒေသကနေ စစ်ဘေးတိမ်းရှောင် ထွက်ပြေးလာရသူတွေ အခက်တွေ့နေကြတယ်ခို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းအချို့ကို AA က လက်နက်ကြီးတွေနဲ့ ပတ်ခတ်

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အကျိုးစီးပွား ဦးတည်နေသည့် ရွေးကောက်ပွဲအတုကို မွန်ခမာအုပ်စု လူငယ်များ ဆန့်ကျင်ကန့်ကွက်

အာဏာသိမ်းစစ်အုပ်စု ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ လုံးဝ သွေဖယ်နေပြီး စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ဦးတည်နေတာကြောင့် ဆန့်ကျင်ကန့်ကွက်ကြောင်းကို မွန်ခမာအုပ်စုဖြစ်တဲ့ ဝ၊ တအာင်းနဲ့ မွန် လူငယ်တွေက ထုတ်ပြန်လာပါတယ်။
Read More

ရွှေဘိုတွင် ပျူစောထီး၂ ရွာကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ပြည်သူ့စစ်ခေါင်းဆောင်အပါ ၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အရပ်သားနေအိမ်တွေကို ဖျက်ပြီးသယ်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ပျူစောထီးရွာ၂ ရွာကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် စစ်အုပ်စုဘက်က ၅ယောက် သေဆုံးခဲ့ကြောင်း မဟူရာရွှေဘိုသားအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အမှတ်တရ ပိုက်ကျော်ခြင်းပြိုင်ပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားအမှတ်တရအဖြစ် တပ်ဖွဲ့ရုံး၊ စစ်ကြောင်းရုံး၊ တပ်ခွဲတွေကနေ ကိုယ်စားပြု အသင်းလိုက် စုဖွဲ့ကာ ပိုက်ကျော်ခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်တပ်ရိက္ခာကား မောင်းပေးသူတစ်ဦးကို အကြမ်းဖက် စစ်အုပ်စု သတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာကားမောင်းနှင်းလာသူတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရခိုင်ပြည်နယ် ဂွမြို့နဲ့ ဧရာဝတီတိုင်းထိစပ်နေတဲ့ နေရာက ဒေသခံတွေကို ပြောင်းရွှေ့ဖို့ အကြမ်းဖက်စစ်တပ် ဖိအားပေးနေ

ရခိုင်ပြည်နယ်ဂွမြို့နဲ့ ထိစပ်နေတဲ့ နေရာက ဒေသခံတွေကို စစ်ကောင်စီက အောက်တိုဘာလ ၂၁ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ခိုင်းထားလို့ ဒေသခံတချို့ပြောင်းရွှေ့ပေးနေရတယ်လို့ သိရပါတယ်။