လူ ၆ ယောက် လိုက်ပါလာပြီး ပုစွန်ငါးပိ ကီလို ၄၀၀၀ တင်ဆောင်လာတဲ့ မြန်မာငါးဖမ်းလှေတစ်စီးကို ထိုင်းနိုင်ငံတောင်ပိုင်းမှာ ထိုင်းရေတပ်က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

ရနောင်းခရိုင် ပါ့ခ်နမ်က Waithong ဆိပ်ကမ်းကို သောကြာနေ့ ည ၉ နာရီမှာ သင်္ဘောတစ်စီး မှောင်ခိုဝင်ရောက်တယ်လို့ သတင်းရရှိခဲ့တာကြောင့် ရေတပ်အရာရှိတွေက အာဏာပိုင်တွေနဲ့အတူ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရေကြောင်းထိန်းသိမ်းရေးကွပ်ကဲမှုဗဟိုဌာန (၃) က ဒီဇင်ဘာ ၁၅ ရက် စနေနေ့မှာ ပြောပါတယ်။

လူ ၆ ယောက် ပါရှိပြီး ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ မြန်မာရေယာဉ်တစ်စင်းကို တာဝန်ရှိသူတွေက တင်သွင်းခွင့်မရထားတဲ့ ပုစွန်ငါးပိ ၂၀ ကီလိုပါ အိတ် ၂၀၀၀ နဲ့အတူ ရှာဖွေတွေ့ရှိခဲ့တာပါ။

ပြီးခဲ့သည့် သောကြာနေ့ညက ရနောင်းမြို့တွင် လှေတစ်စင်းပေါ်မှာ ဆားသိပ်ထားသည့် ပုစွန်အိတ် ၂၀၀၀ နှင့်အတူ မြန်မာ သင်္ဘောသား ခြောက်ဦးကို ဖမ်းဆီးမိစဉ် (ဓာတ်ပုံ Thailand Maritime Enforcement Command Centre Region 3)

သူတို့ ၆ယောက်ကို ပါ့ခ်နမ်ရဲစခန်းဆီ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က ရနောင်းကမ်းလွန် မြန်မာ့ရေပိုင်နက်အတွင်း ထိုင်းငါးဖမ်းစက်လှေ ၁၅ စင်းကို စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးမှုအပြီး အခုလိုကိစ္စ ဖြစ်ပွားခဲ့တာပါ။ အဆိုပါဖြစ်စဉ်အတွင်း ဖမ်းဆီးခံထားရတဲ့ ငါးဖမ်းသမား ၃၁ ယောက်ထဲက ထိုင်းနိုင်ငံသား ၄ ယောက်ဟာ ကော့သောင်းမြို့ဘက်ခြမ်းမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရဆဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံခြားရေး၀န်ကြီး Maris Sangiampongsa အနေနဲ့ မြန်မာနိုင်ငံကို လာမယ့် ကြာသပတေးနေ့မှာ လာရောက်ဖို့ စီစဉ်ထားပြီး အဆိုပါ ထိုင်းငါးဖမ်းသမား ၄ ယောက် လွတ်မြောက်ရေး ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

မူရင်းသတင်း – Myanmar fishing boat seized in Thai waters

0 Shares:
You May Also Like
Read More

ဆီးဂိမ်းဝင်ပြိုင်နေသည့် မြန်မာဘောလုံး အမျိုးသား၊ အမျိုးသမီးအသင်းများ အုပ်စုအဆင့်မှ လှည့်ပြန်လာရ

အကြမ်းဖက်စစ်တပ်လက်အောက်ကနေ ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာအမျိုးသား U23 ဘောလုံးအသင်းနဲ့ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းတို့ဟာ အုပ်စုအဆင့် နောက်ဆုံးပွဲစဥ်တွေ ယှဥ်ပြိုင်အပြီးမှာ အသီးသီးရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။
Read More

လေးကေ့ကော်တိုက်ပွဲမှ စစ်တပ်၏ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ် လုံခြုံရေးတိုးမြှင့်ထား

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိုင်းနိုင်ငံအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ထိုင်းသတင်းဌာနတွေနဲ့ နယ်စပ်သတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

စစ်ကောင်စီက တရားမဲ့ သေဒဏ်ချမှတ် စီရင်နေမှုတွေ ရပ်တန့်ဖို့ NUCC က နိုင်ငံတကာကို တောင်းဆို

စစ်ကောင်စီက တရားမဲ့ သေဒဏ်ချမှတ် အရေးယူနေမှုတွေကို ထိရောက်စွာ တားဆီး အရေးယူပေးဖို့ ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရများနဲ့ အဖွဲ့အစည်းများအား တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ အခုရက်ပိုင်းအတွင်း အင်းစိန်ထောင်မှာ သေဒဏ်ကျ အကျဉ်းသားများကို ပြစ်ဒဏ်စီရင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးတဲ့နောက် NUCC က တောင်းဆိုတိုက်တွန်းလိုက်တာပါ။
Read More

မြန်မာ့အရေးစကားဝိုင်းများတွင် ကမကထပြုပေးသူသာ ဖြစ်သည်ဟု ထိုင်းဆို

စစ်ကောင်စီနဲ့ အာဆီယံဥက္ကဋ္ဌ မလေးရှားတို့အကြား ဘန်ကောက်မှာ မကြာခင်က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ထိုင်းရဲ့အခန်းကဏ္ဍဟာ ကမကထလုပ်ပေးသူအဖြစ် အလေးထား ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ ထိုင်းအစိုးရက သောကြာနေ့မှာ ပြောပါတယ်။
Read More

ဖုန်းမှတဆင့် သဘာဝဘေးအချက်ပြသည့်စနစ် စမ်းသပ်ရန် ထိုင်းပြင်ဆင်

ထိုင်းနိုင်ငံအနေနဲ့ ဆဲလ်ဖုန်းတွေကတဆင့် သဘာဝဘေး အချက်ပြပေးတဲ့ စနစ်တစ်ခုကို စမ်းသပ်သွားမှာဖြစ်ကြောင်း ထိုင်းအစိုးရအရာရှိတွေက ဧပြီလ ၂၃ ရက်မှာ ပြောပါတယ်။
Read More

စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ထိုင်းနိုင်ငံသား ၄ယောက် လွတ်မြောက်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ ထိုင်း ပြော

မြန်မာနိုင်ငံရေပိုင်နက်ထဲကို ကျော်လွန်လာတယ်ဆိုပြီး ထိုင်း ငါးဖမ်းလှေကို စစ်ကောင်စီက ဖမ်းဆီးထားမှုအပေါ် ဖမ်းဆီးခံရတဲ့ နိုင်ငံသားတွေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ထိုင်းအစိုးရကနေ ထုတ်ပြောလာပါတယ်။