တောင်ပိုင်းစစ်ဒေသ (၂) မှာ တာဝန်ထမ်းဆောင်တဲ့ ရဲဘော်နေလင်းဟာ တိုက်ပွဲအတွင်း ဒဏ်ရာ ကြီးကြီးမားမား ၂ကြိမ် ရခဲ့ပြီး လက်ရှိမှာ ရှေ့တန်းတိုက်ပွဲတွေမှာ မပါဝင်နိုင်တော့ဘဲ ရရာအခန်းကဏ္ဍကနေ တော်လှန်ရေးခရီးကို ဆက်လျှောက်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ 

နေလင်းဟာ လက်နက်ကိုင်ဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့သလို လူငယ်ပီပီ ပါတီနိုင်ငံရေးတွေ နားမလည်ခဲ့ပေမယ့် စစ်အာဏာရှင်ရဲ့ မတရားမှု ဖိနှိပ်မှုတွေကို တော်လှန်အာခံမှ ရမယ်ဆိုတဲ့ စိတ်နဲ့ လက်နက်စွဲကိုင်ခဲ့သူပါ။

သူ့ရဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ ခံယူချက်တွေအကြောင်းကို အခုလို ပြောပြထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်ရှိ CD ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား‌ ၁၄၅၀ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရ (ရုပ်/သံ)

ထိုင်းနိုင်ငံ ဖစ်ဘူရီခရိုင်အတွင်းရှိ CD ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁၄၅၀ ခန့် ကြိုတင်ပြောကြားခြင်းမရှိဘဲ အလုပ်ဖြုတ်ခံခဲ့ရတယ်လို့ အေအေစီရဲမင်းက ၎င်းရဲ့ လူမှုကွန်ရက်ကနေ အသိပေးခဲ့ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- ဇင်မျိုးအောင်၏ ပြောကြားချက် (ရုပ်သံ)

''လွတ်လပ်ချင်လို့၊ လက်နက်ကိုင်မဖြစ်ချင်လို့။ တစ်ယောက်နဲ့ တစ်ယောက်ပစ်ခတ်တိုက်ခိုက်နေတာ မလုပ်ချင်လို့ပေါ့။ အလင်းဝင်ခဲ့တာပါ''
Read More

ရိုက်နှက်နှိပ်စက်ခံနေရလို့ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ကြပ်ကို PDF ကယ်ထုတ် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာဂိတ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီ ခလရ ၂၅၄ တပ်ကြပ် စံမိုးကို ဖေဖော်ဝါရီ ၁၅ ရက် နေ့လယ်ပိုင်းမှာ Burma Revolution Rangers တပ်ဖွဲ့က သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာဠာဝကစစ်ကြောင်း (၇၈၀၃ တပ်ရင်း)သို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားသုံးဦးနှင့် တွေ့ဆုံမေးမြန်းချက် (ရုပ်/သံ)

“သင်တန်းဆင်းတုန်းက ၃၄၀ ကျော်ရှိတယ်။ သင်တန်းသားရှိတာကတော့ ၃၆၀ ကျော်ပေါ့၊ ၂၀ ကျော် လောက်က ပြေးတာ၊ ကျနော်တို့လည်း မသိခဲ့ဘူး။ မင်းတို့တပ်ထဲထိအောင် သွားကြည့်ပါအုံး၊ တပ်ထဲ မှာ ဘယ်နေရတယ်၊ ဘယ်လိုထိုင်ရတယ်ဆိုပြီး စည်းရုံးတာ။ ပြီးတော့ သူတို့ထည့်တဲ့ ဆိုက်ဝါးကလည်း မင်းတို့ဟိုဘက်ကိုပြေးလို့ရှိရင် မိတဲ့သူတွေကို သတ်မယ်၊ ကျနော်တို့က ဒီဘက်ကို ပြေးလာရင် သတ်ပစ်ခံရမှာပေါ့"
Read More

KNU-ညောင်လေးပင်ခရိုင် KNLA-တပ်မဟာ(၃)နယ်မြေမှ ထွက်ပြေးလွတ်မြောက်လာသည့် တပခ လက်အောက်ခံ ခမရ(၂၀) ပစ/တပ်သား- နှင်းမောင်၏ ပြောကြားချက် (ရုပ်သံ)

''ဥက္ကဌအပါအဝင် လူ ၄ ဦးနဲ့အတူ ပေါ်တာလာဆွဲတာပါ။ ကျွန်တော်ကို လာဖမ်းပြီး နတ်မောက်အချုပ်ထဲမှာ အဖမ်းခံရပါတယ်။ အချုပ်ထဲကနေပြီးတော့ မကွေး ၃၁၇ စုဆောင်းရေးထဲကို ပို့ပါတယ်။ စုဆောင်းရေးမှာ ၁ လနီးပါးနေပြီးတော့ ရှမ်းပြည်နယ် ဟိုပုန်းသင်တန်းကျောင်းကို အပို့ခံရ ပါတယ်။ အခက်အခဲကတော့ အများကြီးပါပဲ။ ကိုယ်မှာစိတ်မပါတာ။ ကျွန်တော်ဒီအလုပ်တွေကို လုံးဝမလုပ်ချင်ခဲ့ပါဘူး''