ကရင်နီမှာ ဆေးသင်တန်းသား/သူ တွေ လေ့ကျင့်ရေးပြုလုပ်စဉ်မှာ ရေဘေးကြောင့် ၁၈ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကနေ အပြစ်ရှိသူတွေကို ပြစ်ဒဏ်ချမှတ်ပြီးကြောင်းကို ဒီနေ့ ဒီဇင်ဘာလ ၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကနေ ဦးစီးဖွင့်လှစ်ခဲ့တဲ့ Frontline Combat Medic ဆေးသင်တန်းကို တပ်ရင်းတပ်ဖွဲ့ အသီးသီးက ဆေးတပ်သား ရဲဘော်ရဲမေ (၁၀၂)ယောက် တက်ရောက်ခဲ့ပြီး စက်တင်ဘာလ ၁၁ရက်နေ့မှာ ညဘက်လေ့ကျင့်ရေးတစ်ခု ပြုလုပ်ရင်း ရေဘေးကြောင့် သင်တန်းသား (၁၈)ယောက် ရေထဲမျောပါ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ စွပ်စွဲခံရသူတွေနဲ့ သက်သေထွက်ဆိုချက်တွေအရ ကျောင်းအုပ် (၁) ယောက်၊ ကာယလေ့ကျင့်ရေးဆရာ (၁) ယောက်နဲ့ သင်တန်းအကူ (၁) ယောက်တို့ဟာ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့် KNDF ရဲ့ စစ်အက်ဥပဒေ ပြစ်မှုဆိုင်ရာ ပုဒ်မ (၁၇)၊ (၂၇) အရ ကျောင်းအုပ်နဲ့ ကာယလေ့ကျင့်ရေးဆရာတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁) နှစ်နဲ့ (၃) လစီ ချမှတ်လိုက်ပြီး သင်တန်းအကူဖြစ်သူကို ပြစ်မှုဆိုင်ရာ စစ်အက်ဥပဒေ ပုဒ်မ(၂၇)အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃လ အသီးသီး အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 

KNDF အနေနဲ့ အခက်အခဲများစွာရှိပေမယ့် တော်လှန်ရေးရည်မှန်းချက် အောင်မြင်တဲ့အထိ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး တော်လှန်ရေးကာလအတွင်း အမှားအနည်းဆုံးဖြစ်အောင် တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်း ပြည်သူလူထုအားလုံးကို ကတိပြုတယ်လို့ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

NUG နိုင်ငံခြားရေးဝန်ကြီးက ၇၅ နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားနေ့ စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အောက်တိုဘာလ ၁ ရက်မှာ ကျရောက်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ၇၅ နှစ်မြောက် အမျိုးသားနေ့စိန်ရတုအထိမ်းအမှတ် သဝဏ်လွှာကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူတွင် စစ်မှုထမ်းဆင်းများ ပါဝင်သည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်၊ စစ်တပ်က ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ပြည်သူတွေကို ဖမ်းဆီးပြီး ကျေးရွာတွေကို မီးရှို့နေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူ ၁၅ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင် တပ်ရင်း ၄ က ထုတ်ပြန်ထားပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားအား ဝေဖန်သည့်ပို့စ်များအပေါ် ထောက်ခံသည်ဆိုကာ စစ်အုပ်စုက ဒါရိုက်တာ ၂ဦးအား ထပ်မံဖမ်းဆီး

အတုအယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ ပတ်သက်တော်လှန်ရေးအင်အားစုတွေရဲ့ ဝေဖန်ပြောဆိုမှုအပေါ် လူမှုကွန်ရက်ကတဆင့် ထောက်ခံအားပေးတယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်တွင်းက ဒါရိုက်တာ၂ယောက်ကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ဟာ ၄င်းတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ဇာတ်လမ်းတွေကိုလည်း ဆက်တိုက်ရိုက်ကူး ထုတ်လွှင့်လာနေတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရိုက်ကူးတဲ့ "ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" အမည်ရ အတုယောင်ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်လမ်း ထွက်ရှိလာပြီးတဲ့နောက် ဇာတ်လမ်းထဲ ပါဝင်တဲ့သရုပ်ဆောင်တွေအပေါ် တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေနဲ့ တော်လှန်အနုပညာရှင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
Read More

ဒေါနတောင်ပေါ် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ် အစာရေစာ ပြတ်လပ်ပြီး အလံဖြူထောင် လက်နက်ချမှုများ ရှိလာ

ကရင်ပြည်နယ် အာရှလမ်းပိုင်းဖြစ်တဲ့ ဒေါနတောင်ပေါ်ကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်သားတွေ အစာရေစာ ငတ်ပြတ်မှုတွေ ရှိနေပြီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလံဖြူထောင် လက်နက်ချ အညံ့ခံတာတွေ ရှိလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်ကို ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထန်တလန်မှာ စစ်ကောင်စီ တပ်သား ၃ ယောက် သေနတ် ၄ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ

ချင်းပြည်နယ်၊ ထန်တလန်မြို့က လိုင်ဗီလာဟိုတယ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ယောက်က သေနတ် ၄ လက်နဲ့ ခဲယမ်းတွေကို ယူဆောင် အလင်းဝင်ရောက်လာခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။