ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အုန်းဖျန်မှာ နှစ်စဉ်ပြုလုပ်နေကျ Doi Loi Fa ပွဲတော်ရဲ့ ဒီဇင်ဘာ ၁၃ ရက်ညအချိန်မှာ ဗုံးပစ်တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရှိခဲ့တဲ့အတွက် မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း KNU က ထုတ်ပြန်ထားတာပါ။
ပေါက်ကွဲမှု ဖြစ်စဉ်အတွင်း အရပ်သား ၃ ယောက် သေဆုံးခဲ့ပြီး ၃၀ ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ကနဦးဖော်ပြထားပြီး AP သတင်းဌာနကတော့ လူ ၃ ယောက် ထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူ ၄၈ ယောက် ရှိကြောင်း ဒေသခံရဲတွေက ပြောဆိုထားတယ်လို့ ဖော်ပြထားပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်က ထိခိုက်နစ်နာသူတွေ၊ မိသားစုတွေနဲ့ ထပ်တူဝမ်းနည်းကြောင်း၊ အမှုပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖို့နဲ့ နစ်နာသူတွေကို အကူအညီပေးဖို့ ဒေသအာဏာပိုင်တွေကို ညွှန်ကြားထားတယ်လိုဘ အစိုးရပြောရေးဆိုခွင့်ရှိသူက AP ကို ပြောပါတယ်။
တိုက်ခိုက်မှုအတွက် သံသယရှိသူ ၂ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ထိုင်း ၁ ယောက်နဲ့ KNU အဖွဲ့ဝင် ၁ ယောက် တို့ဖြစ်တယ်လို့ ထိုင်းသတင်း Khaosod မှာ ဆိုထားပါတယ်။
အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး Archayont Kraithong က သံသယရှိသူတွေအကြောင်း ထုတ်ဖော်ပြောဆိုထားတာဖြစ်ပြီး ဖမ်းဆီးခံထားရတဲ့ KNU အဖွဲ့ဝင်ဟာ ၂၀၂၄ ဖေဖော်ဝါရီလတုန်းက မူးယစ်ဆေးအမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မှတ်တမ်းရှိသူဖြစ်တယ်လို့ သူကဆိုပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ AP သတင်းဌာနကို ဖြေကြားချက်အရ အဆိုပါပေါက်ကွဲမှု မဖြစ်ခင်က လူငယ်အဖွဲ့တွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးအရ ခြိမ်းခြောက်မှုမရှိဘူးလို့ ရဲတပ်ဖွဲ့က ပြောဆိုကြောင်း သိရပါတယ်။
ကနဦး စုံစမ်းမှုတွေအရ KNU အဖွဲ့ဝင်ဟာ လက်လုပ်ဗုံးကို သယ်ဆောင်လာကြောင်း ဝန်ခံထားပြီး လူငယ်အဖွဲ့တွေအကြား ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက် လွယ်ကထုန်ပွဲတော်က ရန်ကြွေးကြောင့် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း Khaosod က ဖော်ပြပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကို လက်မခံသလို ပြုလုပ်သူတွေကို ကန့်ကွက်ရှုတ်ချပြီး ထိုင်းအာဏာပိုင်တွေရဲ့ အမှုမှန်ဖော်ထုတ်ရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ််တယ်လို့ ဖော်ပြထားပါတယ်။
0 Shares:
You May Also Like
Read More

အမေရိကန်အစိုးရနှင့် အမေရိကန်ရောက် မြန်မာများ ငလျင်ဒဏ်သင့် မြန်မာပြည်သူများကို ကူညီပံ့ပိုးနိုင်ရေး NUG ဝန်ကြီး ၂ ယောက် Dr.Roy (Burma Advocacy Group-BAG) ကို တွေ့ဆုံခဲ့

အမေရိကန်နိုင်ငံအစိုးရနဲ့ အမေရိကန်နိုင်ငံရောက်မြန်မာပြည်သူတွေ ငလျင်ဘေးသင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဝိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးနဲ့ နိုင်ငံခြားရေးဒုဝန်ကြီးတို့က Dr.Roy (Burma Advocacy Group-BAG) နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကို မြန်မာနိုင်ငံအတွက် တာဝန်ပေးအပ်ထားမှုအပေါ် ပြန်လည်သုံးသပ်ဖို့ ကုလအတွင်းရေးမှူးချုပ်ထံ တောင်းဆိုတိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ (Julie Bishop) ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အကျိုးစီးပွားပဋိပက္ခ ရှိ၊ မရှိ အမြန်ဆုံးစစ်ဆေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

စစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း သုံးခုကို ကနေဒါက ပိတ်ဆို့အရေးယူ

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ထဲက စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးနဲ့ အဖွဲ့အစည်း သုံးခုကို ကနေဒါအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ ကြေညာပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ တာလယ် ဗျူဟာစစ်စခန်းကို KNLA ပူပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တာလယ်ဗျူဟာ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဒူတာတေးကို ICC အကြိုတရားခွင်မှာ ပထမဆုံးအကြိမ် ရုံးထုတ်…

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) ရဲ့ အကြိုတရားခွင်မှာ မတ် ၁၄ ရက်က မနေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြထားပါတယ်။
Read More

တရုတ်လုပ်ငန်းရှင်က မြန်မာလုပ်သားတွေကို လုပ်ခလစာမပေးလို့ ထိုင်းမှာ ဆန္ဒပြ

တရုတ်လုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့ ထိုင်းနိုင်ငံ ပရာချင်ဘူရီ ခရိုင်ထဲက ရိုဂျာနာစက်မှုဇုန်မှာ မြန်မာအလုပ်သမား ၇၀၀ လောက် လုပ်ခလစာမရလို့ ဆန္ဒပြခဲ့ကြောင်း ထိုင်းအခြေစိုက် မီဒီယာတချို့မှာ ဖော်ပြလာပါတယ်။