ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က ခလရ- ၁၆ စစ်တပ်ကင်းဂိတ်ကို အဝေးထိန်းမိုင်းနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God’s Hand Forces ( GHF) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
ဒီဇင်ဘာ ၁၃ ရက် မနေ့က ညပိုင်းမှာ အင်းစိန်မြို့နယ်၊ ကြို့ကုန်းဘူတာအနီး ခလရ-၁၆ စစ်တပ်ဝန်းထိပ်က ကင်းဂိတ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုတွေရှိနိုင်တယ်လို့ သိရပါတယ်။
” လွန်ခဲ့တဲ့ လများစွာကတည်းက ဘယ်နေရာမှာဘယ်လိုရှိတယ်ဆိုတာ ပြင်ဆင်လေ့လာထားတဲ့ ပွိုင့်တွေ ကျနော်တို့မှာရှိတယ်။ အမာကို ရှောင်ပြီးအလစ်အငိုက်ကို စောင့်လုပ်တာပါပဲ။ ဒီသဘောပါ။ အဲ့ဂိတ်က လူပုံမှန်မရှိတက်ဘူး။ လုံခြုံရေးအတိုင်းအတာတစ်ခုထိ ပေါ့လျော့တယ်ပေါ့။ ကျနော်တို့မြင်သလောက်ဆို ၂ ယောက်လောက်ပဲရှိတယ်။ တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်း အဲ့နားမှာ အိမ်ခြေလည်းမရှိသလို ဝန်ထမ်းလိုင်းခန်းနဲ့ ဆေးဝါးစက်ရုံတွေပဲ ရှိတော့ စောင့်ကြည့်လို့လည်း မရပဲပြန်ဆုတ်ခဲ့ရပါတယ်။ ” လို့ God’s Hand Forces ( GHF) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့တောင်ကြီးမြို့တွေမှာ အခြေစိုက်ထားပြီး တပ်ရင်း ၄ ခုသာရှိတဲ့ ခလရ ၁၆ တပ်ရင်းဟာ မင်းအောင်လှိုင် နဲ့ အပေါင်းအပါတွေကို အကာအကွယ်ပေးနေတာကြောင့်တိုက်ခိုက်ခဲ့တာဖြစ်ပြီး M043 စစ်ဆင်ရေးရဲ့တစ်စိတ်တစ်ဒေသအဖြစ် ၉​ ကြိမ်မြောက်လုပ်ဆောင်မှုလို့လည်း God’s Hand Forces ( GHF) အဖွဲ့တာဝန်ရှိသူထံက သိရပါတယ်။
” စကစက က သူတို့အလုပ်သူတို့လုပ်နေတယ်ဆိုပေမယ့်အခုတအားဖမ်းဆီးတာတွေလုပ်လာတယ်။ တွေ့တဲ့သူတွေဆွဲလာတယ်ပေါ့။ အရင်ထက်ပိုပြီးတင်းတင်းကြပ်ကြပ်လုပ်လာတယ်ပေါ့။ အစွမ်းကုန်ယုတ်မာတော့မှာဆိုတော့ ပြည်သူတွေသတိထားကြဖို့ပဲပြောချင်ပါတယ်။” လို့ God’s Hand Forces ( GHF) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
အရပ်သားတွေအနေနဲ့လည်းစစ်ကောင်စီဒေါက်တိုင်တွေနဲ့ပက်သက်တဲ့ ဌာနဆိုင်ရာတွေ၊ စစ်တပ်ဂိတ်တွေ ၊ လှည့်ကင်းတွေဝေးရာမှာသာနေထိုင်သွားလာကြဖို့ God’s Hand Forces ( GHF) အဖွဲ့က တောင်းဆိုထားပါသေးတယ်။
ပုံစာ – ရန်ကုန်မြို့အတွင်းတွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ( ပုံဟောင်း)
0 Shares:
You May Also Like
Read More

မွန်ပြည်နယ် မြို့နယ် ၃ခုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီး

မွန်ပြည်နယ် သံဖြူဇရပ်၊ သထုံနဲ့ ပေါင်မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ၂ရက်အတွင်း နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ငလျင်ဒဏ်အပြီး စစ်ကောင်စီက စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်းနှင့် မိုးကုတ်တို့ကို အဆက်မပြတ် လေကြောင်းတိုက်ခိုက်နေ

မန္တလေးတိုင်းအတွင်း မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တို့ကို အကြမ်းဖက်စစ်ကောင်စီက ထိတွေ့တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ဆောင်နေရာ အရပ်သားထိခိုက်မှုတွေ ရှိနေကြောင်း သိရပါတယ်။ 
Read More

ပဲခူးတိုင်း ရေဘေးသင့်ပြည်သူတွေကို အမေရိကန်က Austin Myanmar Community ရဲ့ ထောက်ပံ့မှုကို ပကဖ တွေ ကူညီလှူဒါန်း (ဓာတ်ပုံသတင်း)

ပဲခူးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်နိုင်ငံ Austin Myanmar Community ရဲ့ ကိုယ်စား ပဲခူးတိုင်းအတွင်းက ပကဖအဖွဲ့တွေနဲ့ လူသားစာနာတာဝန်ခံတို့က စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူက စစ်သား၂ ယောက် Southern YSO PDF ထံ လက်နက်နဲ့တကွ တပြိုင်တည်းအလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ လက်နက်ကိုယ်စီနဲ့ တပြိုင်နက်တည်း အလင်းဝင်ရောက်လာတယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။
Read More

ပိုင်ကျုံမြို့နယ် စစ်ကောင်စီ၏ မော်ဖိုးကေစခန်းကို နေ့တစ်ဝက်အတွင်း KNU သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၇၊ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့ထဲက စစ်ကောင်စီရဲ့ မော်ဖိုးကေတပ်စခန်းကို KNU/KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း စစ်ကောင်စီရဲ့ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု ၇၅၀၀ ကျော်အထိရှိခဲ့

စစ်အာဏာသိမ်း ၄နှစ်တာအတွင်း နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းအပါအဝင်  လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၇,၅၀၀ ကျော်ရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။