တနင်္သာရီတိုင်း၊ ထားဝယ်မြို့ဘက်ကနေ လောင်းလုံးမြို့ဘက်ခြမ်းကို အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ‌လောင်းလုံဒေသခံ အမျိုးသမီး ၁ ယောက်ကို ပစ်သတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ဒီဇင်ဘာ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူအမျိုးသမီးဟာ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အင်းဇောက်ရွာမှာ နေထိုင်သူဖြစ်ပြီး အသက် ၅၀ ဝန်းကျင် အရွယ် ဒေါ်နွဲ့သန်းဆိုသူဖြစ်ပါတယ်။
သေဆုံးသူအမျိုးသမီးဟာ နွားနို့ သွားပို့ဖို့အတွက် နေအိမ်ကနေ ဆိုင်ကယ်နဲ့ထွက်ခွာလာချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက် မနက်အစောပိုင်းမှာ ပစ်သတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
အင်အားတစ်ရာဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက ထားဝယ်ဘက်ကနေ လောင်းလုံးဘက်ခြမ်းကို စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး ဒေသခံတချို့ကို ဖမ်းဆီးစစ်ဆေးတာတွေရှိခဲ့တဲ့အပြင် အခုလို ပစ်ခတ်သတ်ဖြတ်မှုကိုပါ ကျူးလွန်ခဲ့ခြင်းဖြစ်တယ်လို့ ထားဝယ်သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ထားဝယ် သပိတ်ကော်မတီ
0 Shares:
You May Also Like
Read More

MDY-PDF စိုးမိုးနယ်မြေအတွင်း လူထုတွေ့ဆုံပွဲများနှင့် လေကြောင်းရန် ကာကွယ်ရေး အသိပညာမျှဝေပွဲများ ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေမှာ လူထုတွေ့ဆုံပွဲတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးအသိပညာမျှဝေပွဲတွေ ပြုလုပ်ခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

လက်နက်ကြီးထိမှန် ကျဆုံးခဲ့တဲ့ ကဝမြို့နယ် PDF ရဲဘော်ဗထူးရဲ့ ဈာပန

ပဲခူးတိုင်းအခြေစိုက် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အင်အားစုဖွဲ့ရေးနဲ့ လေ့ကျင့်ရေးတာဝန်ခံ၊ စခန်းမှူးဖြစ်သူ ရဲဘော် ထူးကိုလွင် (ခ) ဗထူးဟာ လက်နက်ကြီး ထိမှန်ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မင်းမော်ကွန်း ဂီတဖျော်ဖြေပွဲက ရရှိတဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်

တော်လှန်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းမော်ကွန်းက သူ့ရဲ့ ပြည်ပဂီတဖျော်ဖြေပွဲကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေကို CDM အနုပညာရှင်တွေဆီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းမော်ကွန်းရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြလာပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်ရေးလမ်းစမရှိဘူးလို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မှာမဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုတိယဗဟိုကော်မတီ အစည်းအဝေးမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Read More

ဆားလင်းကြီးမြို့နယ်တွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ကျေးရွာ ၂၀ ကျော်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ကျေးရွာ ၂၀ ကျော်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရွာလုံးကျွတ် မီးတင်ရှို့ခံထားရသည့် မင်းပလောင်ရွာခံများ တောထဲတောင်ထဲ ယားနာနှင့် အာဟာရချို့တဲ့မှုများ ရင်ဆိုင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်က စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မင်းပလောင်ရွာမှာ ဒေသခံတွေ ပြန်လည်အခြေမချနိုင်သေးသလို အာဟာရချို့တဲ့မှုနဲ့ ယားနာရောဂါတွေဖြစ်ပွား​နေကြတယ်လို့ သိရပါတယ်။