မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရေလာလေးစခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုက အနီးအနား ကျေးရွာတွေဆီ စစ်ကြောင်းဝင်မီးရှို့တာတွေ လုပ်ဆောင်နေတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက မောင်းသတင်းဌာနကို ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်ကဖြစ်ခဲ့တဲ့ ပခုက္ကူ-ပေါက်ကားလမ်းမကြီးဘေး၊ ရေလာလေးရွာစခန်းတိုက်ပွဲမှာ အထိနာသွားတဲ့ စစ်အုပ်စုတွေက ဒီဇင်ဘာ ၁၂ ရက်ကစလို့ ရေလာကြီးကျေးရွာကို စတင်မီးရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” ရေလာလေး ပျူရွာနဲ့ ကပ်လျက် ရေလာကြီးရွာနဲ့ ဝါးကျွန်းတွင်းရွာကို မီးဝင်ရှို့တာပါ။ ၁၂ရက်နေ့နဲ့ ၁၃ရက်နေ့ပေါ့။ဒီအတိုင်း စစ်ကြောင်းဝင်မွှေနေတာတော့ ဖောင်ချောင်း၊ဖောင်းကွဲ၊ထန်းတပင်ရွာတွေကိုပါ။ အဲရွာတွေက ပြည်သူတွေလည်း ရှောင်နေကြရပါတယ်။” လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ဒေသခံ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
ရေလာလေးရွာ ပျူစခန်းကို တော်လှန်ရေး တပ်ပေါင်းစုတွေက ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ဆက်စပ်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေက ရေလာလေးကိုအပြီးသတ်သိမ်းနိုင်ခဲ့ပေမယ့်လည်း အခြေအနေတွေကြောင့် နေရာကနေ ဆုတ်ခွာပေးထားပြီး စစ်အုပ်စုတွေလည်း ပြန်လည်တပ်စွဲနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီနေ့အချိန်အထိ စစ်အုပ်စုတွေနဲ့ ထိတွေ့မှုမရှိသေးပေမယ့်လည်း စစ်အုပ်စုက အင်အားအလုံးရင်းသုံးကာ စစ်ကြောင်းဝင်မီးရှို့နေတာဖြစ်ပြီး မြိုင်မြို့နယ်တောင်ပိုင်းအထိ ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
” အခုဆို မိုင်နဲ့ချီပြီး ဒေသခံတွေထွက်ပြေးနေကြတယ်ပေါ့။ စစ်ကြောင်းက ရေလာကြီးရွာကပ်လျက် နတ်အင်းချောင်းမှာရှိနေတယ်။ အခုက ဆောင်းရာသီလည်းဖြစ်တော့ ရာသီဥတုတော်တော်အေးတယ်။ အဆင်မပြေကြဘူး။ ဘာမှမယူလာနိုင်ပဲ ကပျာကယာထွက်လာကြတာပါ။ အရေတွက်က ရာနဲ့ချီရှိတယ်။ အခုထိလာနေကြဆဲပါ။ မြိုင်နယ်က ဖုန်းလိုင်းမရတာလည်း နှစ်ချီနေပါပြီ” လို့ မြိုင်ဒေသခံ ၁ ယောက်က ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနျစ်ကစလို့ အခုနှစ် ၂၀၂၄ သြဂုတ် လကုန်အထိကို စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့စည်းတွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းက အရပ်သားနေအိမ်သိန်းနဲ့ချီမီးရှို့ဖျက်ဆီးခံထားရတယ်လို့ Data For Myanmar ရဲ့စစ်တမ်းတွေအရ သိရပါတယ်။
ပုံစာ – ရေလာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုတွေမီးရှို့နေစဥ်
0 Shares:
You May Also Like
Read More

လေကြောင်းတိုက်ခိုက်မှုကို နှစ်ဆတိုးပြီး အကြမ်းဖက်စစ်တပ် ကျူးလွန်နေဟု ဆို

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ပါက ဒီဇင်ဘာလအတွင်း အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုကို နှစ်ဆတိုးမြှင့် ကျူးလွန်ခဲ့တယ်လို့ Myanmar Defense & Security Institute - MDSI က ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့မှာ စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ရာ ​ဒေသခံတစ်ယောက် သေဆုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ ဗုံးအလုံး (၅၀) ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်နေရာ ဒေသခံ ၁ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

KNLA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ကော်ဘရာစစ်ကြောင်း ရှေ့တန်းနယ်မြေမှာ ပစ်ချထားတဲ့ ရဟတ်ယာဉ်ကို ကြည့်ရှုခဲ့

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက ဗိုလ်ဒါဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်း ရှေ့တန်းနယ်မြေတွေဆီ သွားရောက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်က ဓာတ်ပုံတွေနဲ့တကွ အသိပေး ဖော်ပြလာပါတယ်။
Read More

မကွေးနှင့်ရခိုင်ကို ဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းအပါအဝင် လမ်းပိုင်း ၂ ခုမှာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်နေ၊ စစ်ကောင်စီတပ်မှ ၂၅ ဦးထက်မနည်းသေဆုံးပြီး ၆၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့

မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းက အဓိကလမ်းပိုင်း ၂ ခုမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတွေထဲ စစ်ကောင်စီတပ်က ၂၅ ယောက်ထက်မနည်းသေဆုံးပြီး အယောက် ၆၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင် က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ကျောက်စစ်ပုံ အမြောက်တပ်သို့ ပြန်လာသည့် စစ်အုပ်စု ကြားဖြတ်တိုက်ခံရပြီး အများအပြား ထိခို က်သေဆုံးနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်ရွာကနေ ‌ကျောက်စစ်ပုံ အမြောက်တပ်ဆီ ပြန်လာတဲ့ စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်ထံမှ အလင်းဝင်သူနှင့် လက်နက်ချ စစ်သုံ့ပန်း အယောက် ၁၈၀၀ ရှိပြီဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံတဝန်း ဩဂုတ်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ကနေ အလင်းဝင်လာသူ ၁၄ ယောက်နဲ့ ​စစ်သုံ့ပန်း ၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။