ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နဲ့ ကပ်လျက်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရာ စစ်တပ်က အရာရှိတွေအပါအဝင် တပ်ဖွဲ့ဝင်အများအပြား အလံဖြူထောင် လက်နက်ချခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
တောင်ကုတ်မြို့က စကခ ၅ ကို ရက္ခိုင့်တပ်တော် AA က ဒီဇင်ဘာလ ၁၃ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်လက်နက်ချမှုနဲ့အတူ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ရက္ခိုင့်တပ်တော် AA အနေနဲ့ တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုကို သိမ်းပိုက်ပြီးနောက် နိုဝင်ဘာ ၂၄ ရက်မှာ တောင်ကုတ်မြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး​ တောင်ကုတ်မြို့နဲ့ ကပ်လျက်ရှိတဲ့ စကခ ၅ ၊ ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းစခန်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
AA အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စကခ ၅ ၊ ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့မှုကို တရားဝင်သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။
မောင်တောမြို့က နခခ ၅ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ AA ဟာ ဆက်လက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပိတ်ဆို့ ထိုးစစ်ဆင်နေသလို တိုင်းစစ်ဌာနချုပ်အနီးက အမ်းမြို့ကိုပါ ထိန်းချုပ်သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ပုံစာ – မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲအပြီး AA တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ…
0 Shares:
You May Also Like
Read More

ဘုတလင်က စစ်ရှောင်ပြည်သူတွေ လိုအပ်တဲ့ အခြေခံရိက္ခာတွေကို ကျောင်းသားလက်ရုံးတပ်တော် လှူဒါန်းပြီး လေကြောင်းအန္တရာယ် အသိပညာပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြင်းထန်စွာ စစ်ကြောင်းထိုးမှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ရှောင်တိမ်းနေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က လိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာတွေ လှူဒါန်းပေးခဲ့ပြီး လေကြောင်းအန္တရာယ် အသိပညာပေးပြောကြားတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုးကုတ်တွင် စစ်ကောင်စီ၏ လက်ကျန်မိုင်းနင်းမိပြီး အမျိုးသား ၁ ဦး သေဆုံး

မန္တလေးတိုင်း၊ ​မိုးကုတ်မြို့နယ်၊ လယ်ဦးကျေးရွာနေထိုင် အမျိုးသားတစ်ယောက် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ကျန် စွန့်လွှတ်မိုင်းတစ်လုံးကို နင်းမိရာ ပေါက်ကွဲပြီ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆော့လော်မြို့နယ်တစ်ခုလုံးကို KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်တစ်ခုလုံးကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဂန့်ဂေါ-ကလေး လမ်းပိုင်းမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု သတိပြု

ဂန့်ဂေါ - ကလေး လမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အထူးသတိရှိဖို့ ဂန့်ဂေါမြို့နယ် ပကဖ က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

AA ရဲ့ ထိုးစစ်တွေကြားက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေ ငဖဲမှာ ပိတ်ဆို့တိိုက်ခိုက်ခံရ၊ ဗိုလ်ကြီး ၂ ဦးနှင့် အရာခံဗိုလ်အပါ ၁၀ ဦးထက်မနည်းသေဆုံးကာ ဗိုလ်ကြီး ၂ဦးအပါ ၁၂ ဦးကို အရှင်ဖမ်းမိ

ရခိုင်-မကွေး နယ်စပ်မျဥ်းတစ်လျှောက် ထိတွေ့တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေကို ပိတ်ဆို့တိုက်ခိုက်မှုမှာ ခမရ ၁၁၃ ဗိုလ်ကြီး ၂ယောက် အပါအဝင် ၁၂ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး ဗိုလ်ကြီး ၂ယောက်နဲ့ အရာခံဗိုလ် အပါအဝင် သေဆုံးသူ ၁၀ယောက်ထက်မနည်း ရှိခဲ့တယ်လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ပါတယ်။
Read More

ကန်ပက်လက်မြို့နယ်နှင့် ကျင်ဒွေးမြို့ကို ကိုယ်စားပြုသည့် Chin Defence Force – Kanpetlet ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်နဲ့ ကျင်ဒွေးမြို့တို့ကို ထိန်းချုပ်ထားတဲ့ Chin Defence Force - Kanpetlet က အခြေခံစစ်ပညာသင်တန်းအပတ်စဉ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။