တောင်ကိုရီးယားနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်ကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအောင်မြင်ခဲ့ပြီးနောက် ယွန်းဆွတ်ခ်ယိုးလ်ရဲ့ သမ္မတာဝန်တွေကို ဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားလွှတ်တော်မှာ သမ္မတကို စွပ်စွဲပြစ်တင်ဖြုတ်ချဖို့ အမတ် ၂၀၄ ယောက်က ထောက်ခံမဲ ပေးခဲ့တာဖြစ်ပြီး တောင်ကိုရီးယားသမ္မတနေရာမှာ ဝန်ကြီးချုပ် ဟန်ဒက်ဆိုးလ်က ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်သလို စွပ်စွဲပြစ်တင်မှုနဲ့ပတ်သက်လို့ အခြေခံဥပဒေခံရုံးက လာမယ့်ခြောက်လအတွင်း စီရင်ချက် ချမှတ်မယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ခ်ယိုးလ်အပေါ် လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုဟာ ပွတ်ကာသီကာ ရှုံးနိမ့်သွားခဲ့ပေမယ့် အခုချိန်မှာတော့ ယွန်းခ်ဆွတ်ခ်ယိုးလ်ကတော့ ရာထူးကဆင်းပေးဖို့ တောင်းဆိုချက်တွေကို ပယ်ချထားခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတကို စွပ်စွဲဖြုတ်ချဖို့အတွက် လွှတ်တော် အမတ် ၃၀၀ မှာ ထောက်ခံမှု ၂၀၀ ပြည့်ဖို့အတွက် အာဏာရပါတီက လွှတ်တော်အမတ် ၈ ယောက်ကပါ ထောက်ခံဖို့ လိုအပ်ခဲ့ပြီး လက်ရှိမှာတော့ သမ္မတယွန်းဆွတ်ခ်ယိုးလ်နဲ့ အနီးကပ်မဟာမိတ်တွေဟာ ဖမ်းဆီးမှုနဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံနေရသလို အများစုကို နိုင်ငံတွင်းကနေ ထွက်ခွာခွင့် တားမြစ်ထားတယ်လို့ သိရပါတယ်။
လက်ရှိမှာ သမ္မတယွန်းဆွတ်ခ်ယိုးလ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့အပေါ် ပြည်သူတွေရဲ့ အဆင်မပြေမှုတွေအတွက် တောင်းပန်ထားပေမယ့် စွပ်စွဲပြစ်တင်မှုနဲ့ စုံစမ်းစစ်ဆေးမှုတွေကိုတော့ အဆုံးတိုင်ရင်ဆိုင်သွားမယ်လို့ ပြောဆိုထားပါတယ်။
ပုံစာ – ဒီဇင်ဘာလ ၇ ရက်က တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော်ကို တက်ရောက်လာတဲ့ လွှတ်တော်အမတ်များ
0 Shares:
You May Also Like
Read More

မဲပေးသူ အင်မတန်နည်းကြောင်း နိုင်ငံတကာ ပြောဆိုနေကြချိန် စစ်တပ်၏ ရွေးကောက်ပွဲအတု အောင်မြင်သည်ဟု တရုတ် ပြော

ကျင်းပပြီးစီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ဟာ မဲပေးသူ အရေအတွက် အင်မတန် နည်းပါးပြီး မဲစာရင်းမှားတယ်လို့ စစ်တပ် စွပ်စွဲတဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲပေးမှုနှုန်းနဲ့ အဆမတန် ကွာခြားကြောင်း နိုင်ငံတကာမီဒီယာတွေက ပြောဆိုနေကြချိန် တရုတ်ကတော့ စစ်တပ် ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးစီးခဲ့တယ်လို့ ပြောပါတယ်။
Read More

စစ်အုပ်စု အတုအယောင် ရွေးကောက်ပွဲရလဒ် နိုင်ငံတကာ အစိုးရများ အသိအမှတ်မပြုရန် Justice For Myanmar တောင်းဆို

မြန်မာစစ်အုပ်စုက ကျင်းပခဲ့သော အတုအယောင် ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့်  ဘယ်အဖွဲ့အစည်းကိုမဆို နိုင်ငံတကာ အစိုးရတွေ အနေနဲ့ အသိအမှတ်မပြုဘဲ ပြတ်သားစွာ ငြင်းပယ်ဖို့ Justice For Myanmar (JFM) က ဇန်နဝါရီ ၂၆ ရက်နေ့မှာ တောင်းဆို လိုက်ပါတယ်။
Read More

NUG၊ CHRO တို့အား တွေ့ဆုံခဲ့မှုကြောင့် တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန် စစ်ကော်မရှင် ကြိုးပမ်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊  ချင်းလူအခွင့်အရေးအဖွဲ့ Chin Human Rights Organization- CHRO တို့နဲ့ တွေ့ဆုံခဲ့တာကြောင့် တီမောလက်စ်တေနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းပေးဖို့ အကြမ်းဖက်စစ်ကော်မရှင်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီ စာရေးသားပေးပို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 
Read More

စစ်ကောင်စီထံ စစ်လက်နက်နဲ့ လေယာဉ်ဆီတွေမရောင်းဖို့ Quad ထိပ်သီးနိုင်ငံတွေ တောင်းဆို

စစ်ကောင်စီထံ လေယာဥ်ဆီ နဲ့ စစ်လက်နက်ပစ္စည်းတွေ မရောက်ဖို့ အင်အားကြီးနိုင်ငံတွေ ဖွဲ့စည်းထားတဲ့ Quad အဖွဲ့၀င်တွေက ပြောကြားလိုက်ပါတယ်။ အထူးသဖြင့် စစ်ကောင်စီထံ လေယာဥ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းတွေ စီးဆင်းမှုကို တားမြစ်ဖို့ ကမ္ဘာ့နိုင်ငံအားလုံးကို Quad  ကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ချင်းမိုင်မှာ KNU ထံ ပို့ဆောင်မည့် လက်နက်များ ဖမ်းဆီးရမိဟု ဆို

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ပို့ဆောင်မယ့် စစ်လက်နက် ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြလာပါတယ်။
Read More

စစ်ကောင်စီထံ စီးဝင်မယ့် လက်နက် ၃ ပုံ ၁ ပုံကို နိုင်ငံတကာငွေကြေးလမ်းကြောင်းကတဆင့် ဖြတ်တောက်နိုင်ခဲ့လို့ မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ မည်မျှအရေးကြီးကြောင်း ကုလအထူးကိုယ်စားလှယ် ထောက်ပြပြောဆို

စစ်အုပ်စုရဲ့ ၂၀၂၁ အကြမ်းဖက်အာဏာသိမ်းအပြီး မြန်မာနိုင်ငံအတွင်း ပြည်သူ ၆,၈၀၀ ကျော် အသတ်ခံခဲ့ရပြီး ၂၂,၀၀၀ ကျော် အကျဉ်းချခံနေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ဇွန်လ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။